North America
ဗိုလ်ကျစိုးမိုးသည့်လုပ်ရပ်က တစ်ကမ္ဘာလုံးအား ကမောက်ကမနှင့် မငြိမ်မသက်မှုကိုသာ ဖြစ်စေမည်
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
နှစ်သစ်အစ ကနဦးကာလတွင်ပင် အမေရိကန်က တစ်ဖတ်သတ်လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ကမ္ဘာကို အေးချမ်းငြိမ်သက်မှုမရှိအောင် မွှေနှောက်လျက်ရှိသည်။
ဗင်နီဇွဲလားကို လျှပ်တစ်ပြက်တိုက်ခိုက်၍ ဗင်နီဇွဲလားသမ္မတ မာဒူရို တို့ ဇနီးမောင်နှံအား အတင်းအဓမ္မ ဖမ်းဆီးထိန်းချုပ်ပြီး ၎င်းတို့အား အမေရိကန်သို့ ခေါ်ဆောင်သွားခြင်း၊ “ဘယ်လိုနည်းလမ်းနဲ့မဆို ဂရင်းလန်းကျွန်းကို ရအောင်ယူမယ်” ဟု ထုတ်ဖော်ကြွေးကြော်နေခြင်း၊ အီရန်အရေး ဝင်ရောက်စွက်ဖက်ရန် “သဘောထားတင်းမာသည့်ရွေးချယ်မှု” ကို စဉ်းစားနေသည်ဟု ထုတ်ဖော်ပြောကြားခြင်း၊ “အချိန်မနှောင်းခင် (အမေရိကန်နဲ့) သဘောတူညီချက်ယူပါ” ဟု ကျူးဘားကို ခြိမ်းခြောက်ခြင်း…
ဤသို့သော ဗိုလ်ကျစိုးမိုးသည့်လုပ်ရပ်များက အမေရိကန်သည် နိုင်ငံတကာစည်းစနစ်ကို ဖျက်ဆီးပြီး တစ်ကမ္ဘာလုံးကမောက်ကမဖြစ်အောင် ဖန်တီးသော ပထမဆုံးပြဿနာအရင်းအမြစ် ဖြစ်နေသည်ကို ထပ်မံသက်သေပြလျက်ရှိသည်။
အမေရိကန်က မျက်နှာစာအစုံတွင် တိုက်ခိုက်ကာ ကမ္ဘာကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေသည့် အခြေခံအရင်းအမြစ်မှာ ဗိုလ်ကျစိုးမိုးခွင့်နှင့် တစ်သီးပုဂ္ဂလအကျိုးခံစားခွင့်ကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်သည်။ ဗင်နီဇွဲလားကို “မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး” အလံကိုင်၍ တိုက်ခိုက်ခဲ့ရာ လက်တွေ့တွင်မူ အစိုးရပြောင်းလဲရန်နှင့် အရင်းအမြစ် ထိန်းချုပ်ရန် ကြံစည်ခြင်းပင်ဖြစ်သည်။ အမေရိကန်က ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်ရေးလုပ်ငန်းကို ကိုင်တွယ်စီမံမည်ဖြစ်ပြီး “ကန်ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ရေနံများကို ရယူနေပြီး နောက်ဆုံးတွင် ကန်ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ သာမက ကန်ဒေါ်လာ ထရီလီယံနှင့်ချီသည်အထိ ရောက်ရှိနိုင်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းကိုမူ အမေရိကန် မျက်စိကျနေသည်မှာ ယင်းကျွန်း၏ ကြွယ်သော အရင်းအမြစ်များသာမက ၎င်း၏ အာတိတ်ဒေသ မဟာဗျူဟာအချက်အချာနေရာ၏ ပထဝီတည်နေရာတန်ဖိုး ဖြစ်ပြီး ထည့်သွင်းတွက်ချက်ထားသည်မှာ ယင်းကျွန်းကို ထိန်းချုပ်မှုမှတစ်ဆင့် အာတိတ်ဒေသရှိ စစ်ရေးနှင့် အရင်းအမြစ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ရန်အကြံအစည်ပင်ဖြစ်သည်။
ဤကဲ့သို့ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို အမှုမထားခြင်း၊ အခြားနိုင်ငံ၏အကျိုးစီးပွားကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သဘောထားခြင်း လုပ်ရပ်သည် “ကြိုက်လျှင် ယူမည်၊ ယူ၍မရလျှင် လုမည်” ဟူသော ပင်လယ်ဓားပြများ၏ အပြုအမူနည်းလမ်းပင် ဖြစ်ရာ အခြားနိုင်ငံ၏ တရားဝင်အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်နစ်နာစေပေသည်။
အမေရိကန် ဗိုလ်ကျစိုးမိုးသည့်လုပ်ရပ်က နင်းချေလိုက်သည်မှာ နိုင်ငံတကာဥပဒေအခြေခံစံနှုန်းဖြစ်ပြီး ဖျက်ဆီးလိုက်သည်မှာ နိုင်ငံတကာ တရားမျှတမှုဖြစ်သည်။ ၎င်းသည် “အမေရိကန် ဦးစားပေး” ကို နိုင်ငံတကာစည်းမျဉ်းစည်းကမ်းပေါ်တွင် တင်စီးကာ နေရာအနှံ့ မီးလောင်ရာလေပင့်လုပ်ဆောင်ခြင်း၊ လူသားမျိုးနွယ်လူမှုအသိုက်အဝန်းကို ကြီးနိုင်ငယ်ညှဉ်း “တောရိုင်းသဘာဝခေတ်ကာလ” သို့ နောက်ပြန်ဆွဲရန် ကြိုးပမ်းခြင်းသည် နိုင်ငံအသီးသီး လိုလားသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ဘုံသဘောဆန္ဒနှင့် လုံးဝဥဿုံ ဆန့်ကျင်နေပေသည်။
အမေရိကန်၏ အထပ်ထပ်အခါခါ ဗိုလ်ကျစိုးမိုးသည့်လုပ်ရပ်များ၊ မောက်မာသည့် လုပ်ဟန်များသည် နောက်ဆုံး မိမိကိုယ်ပိုင်ယုံကြည်ကိုးစားမှုကိုသာ လျော့နည်းကုန်ဆုံးစေမည်ဖြစ်ပြီး ကမ္ဘာလူသားများနှင့် အတွေးအခေါ်လှုပ်ရှားမှုများ၏ ကင်းကွာမှုကို အရှိန်မြင့်စေမည် ဖြစ်သည်။ ယခုကာလများတွင် နိုင်ငံအများအပြား၏ အကြီးအကဲများက အမေရိကန်၏ ထင်သလိုလုပ်ဆောင်နေမှုများကို ဝေဖန်ပြစ်တင်ရှုတ်ချခဲ့သည်။
ဘရာဇီးသမ္မတ လူလာက အမေရိကန်နိုင်ငံသည် အာဏာအင်အားကို နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒပေါ်တွင် တင်စီးပြီး ကမ္ဘာကို အကြမ်းဖက်မှု၊ ရှုပ်ထွေးမှုနှင့် ကမောက်ကမ ဖြစ်မှုဆီသို့ တွန်းပို့နေကြောင်း ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က အမေရိကန်၏ လုပ်ရပ်သည် ကျူးဘားနှင့် အနောက်ဘက်ခြမ်းကမ္ဘာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက ကမ္ဘာတစ်ခုလုံးကိုလည်း အန္တရာယ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်သည် မဟာမိတ်တချို့နှင့် တဖြည်းဖြည်းဝေးကွာအောင် လုပ်နေပြီး ကုန်သွယ်ရေး၊ လုံခြုံရေး စသည့်ကဏ္ဍများ၏ သက်ဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများနှင့် ကင်းကွာလာကြောင်း ပြောကြားခဲ့သည်။
ရေတို ခွန်အားက အင်အားပေါ်တွင် မူတည်သော်လည်း ရေရှည်အနိုင်အရှုံးက အမှန်တရားပေါ်တွင် မူတည်ပေသည်။ အတွေးအခေါ်ဟောင်းများကို ရင်ဝယ်ပိုက်ကာ “အင်အားအနေအထား” ဟူသည်ဖြင့် ဗိုလ်ကျစိုးမိုးခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ခေတ်ကာလရေစီးကြောင်းကို မျက်ကွယ်ပြုခြင်း၊ သမိုင်းအခြေအနေအရွေ့ကို ပြောင်းပြန်ဆန့်ကျင်ခြင်း၊ နေရာတကာ မိုက်ရူးရဲဆန်နေခြင်းသည် ပို၍ ကျယ်ပြန့် ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုများ မုချမသွေဖြစ်စေပြီး နောက်ဆုံးတွင် အကွဲကွဲအပြဲပြဲဖြင့် ဇာတ်သိမ်းရမည် ဖြစ်ပေသည်။ (Xinhua)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဗင်နီဇွဲလားအား အမေရိကန် စစ်ရေးတိုက်ခိုက်မှုအပေါ် ဆန္ဒပြနေသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြနေသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
新华时评丨霸权行径只会让全球陷入混乱动荡
新华社北京1月13日电 题:霸权行径只会让全球陷入混乱动荡 新华社记者董越
新年伊始,美国接连采取单边行动,将世界搅得不得安宁:突袭委内瑞拉,强行控制委总统马杜罗夫妇并将他们带到美国;扬言“无论以何种方式,都要得到格陵兰岛”;宣称在考虑干预伊朗局势的“强硬选项”;威胁古巴“在为时已晚之前(同美国)达成协议”……这一系列霸权行径再次证明,美国已成为破坏国际秩序、制造全球动荡的头号乱源。
美国四面出击,搞乱世界,根本上是为了维护霸权私利。打击委内瑞拉,打的是“禁毒”旗号,实则图谋颠覆政权与资源控制。美国声称将“掌管”委内瑞拉的石油产业,并“正在获取价值数十亿美元的石油,最终将达到数千亿美元,甚至数万亿美元”。对于格陵兰岛,美国看中的不仅是该岛丰富的资源,还有其北极战略要地的地缘价值,盘算的是通过控制该岛强化对北极地区的军事与资源主导权。这种将他国主权视若无物、把别国利益当作私产的做法,俨然一副“看上了就要拿,拿不了就要抢”的海盗做派,严重损害其他国家的正当权益。
美国的霸权行径,践踏的是国际法准则,破坏的是国际公义。其将“美国优先”凌驾于国际规则之上,四处煽风点火,妄图把人类社会拖回弱肉强食的“丛林时代”,与各国求和平、谋发展的共同愿望完全背道而驰。
美国一番番霸权操作、蛮横表演,最终只会透支自身信用,让世人加速与其离心离德。近一段时间,多国领导人对美国的肆意妄为予以批评和谴责。巴西总统卢拉说,美国将强权凌驾于多边主义之上,推动世界走向暴力、混乱和动荡。古巴外长罗德里格斯表示,美国的行为不仅威胁古巴及西半球的和平安全,还危及整个世界。法国总统马克龙说,美国正逐渐疏远部分盟友,脱离在贸易、安全等方面的相关国际规则。
一时强弱在于力,千秋胜负在于理。抱着旧有思维,从所谓“实力地位”出发,推行霸权霸道霸凌,罔顾和平与发展的时代大潮,违逆历史大势,到处横冲直撞,必将激起更加广泛而强烈的反对,最终落得头破血流的下场。(完)
1. 1月10日,在英国伦敦唐宁街10号首相府外,人们手持标语参加抗议活动。新华社记者 李颖 摄
2. 1月8日,人们在奥地利维也纳抗议美国对委内瑞拉发动军事打击。 新华社记者 贺灿铃 摄
3. 1月10日,在美国加利福尼亚州旧金山,人们参加抗议活动。新华社发(朱子于摄)
