Connect with us

Asia

မလေးရှားက လူမှုမီဒီယာပလက်ဖောင်း X အား ဥပဒေအရ အရေးယူမည်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏ မြို့ပြအလှမြင်ကွင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာလာလမ်ပူ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ် လက်အောက်ရှိ လူမှုမီဒီယာပလက်ဖောင်း X ၏ ဉာဏ်ရည်တု (AI) chatbot ဖြစ်သည့် “Grok” မှ ဖန်တီးပေးသော အကြောင်းအရာများသည် မလေးရှားဆိုက်ဘာလုံခြုံရေးဥပဒေများကို ချိုးဖောက်ခဲ့ရာ ယင်းပလက်ဖောင်းကို ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဟု မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာ ကော်မရှင် (MCMC) က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရှေ့နေခန့်အပ်ထားပြီး သက်ဆိုင်ရာ ဥပဒေလုပ်ငန်းစဉ်များကို စတင်လုပ်သွားမည်ဖြစ်ကြောင်း MCMC က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အဆိုပါအဖွဲ့အစည်းသည် မလေးရှားအင်တာနက်အသုံးပြုများအနေဖြင့် “Grok” အား ဝင်ရောက်ကြည့်ရှုခြင်းကို ဇန်နဝါရီ ၁၁ ရက်မှစ၍ ကန့်သတ်ခဲ့သည်။
“Grok” ၏ ညစ်ညမ်းသော လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများထုတ်လုပ်မှုနှင့် ပတ်သက်၍ မလေးရှားဘက်မှ မေးမြန်းချက်အပေါ် X ပလက်ဖောင်းဘက်၏ တုံ့ပြန်မှုမှာ ပြည့်စုံမှုမရှိဘဲ ပေါ့ပေါ့တန်တန်သာ ဖြစ်ကြောင်း မလေးရှား ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ဇန်နဝါရီ ၁၃ ရက် အခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။
“Grok” အား ဝင်ရောက်ကြည့်ရှုမှုကို ကန့်သတ်သည့်ကာလမှာ ၎င်း၏ မလေးရှားနိုင်ငံ သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်သည့် အတိုင်းအတာပေါ် မူတည်ပြီး မလေးရှားဘက်ကလည်း တရားဥပဒေစိုးမိုးရေး တင်းကျပ်မှုကို တစ်ဆင့်တိုး လုပ်ဆောင်သွားကာ ပိုမိုလုံခြုံသော အင်တာနက်ပတ်ဝန်ကျင်း ဖန်တီးမည်ဟု Fahmi က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် သက်ဆိုင်ရာ အရေးယူမှု ပြုလုပ်သော တစ်ခုတည်းသောနိုင်ငံမဟုတ်ကြောင်း၊ ယင်းမှာ “Grok” က ဉာဏ်ရည်တုအသုံးချမှုတွင် လုံလောက်သောကာကွယ်မှုအစီအမံများ မပေးနိုင်ဟူသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်စိုးရိမ်မှုကို ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“Grok” သည် အီလွန်မက်စ်လက်အောက်ရှိ ဉာဏ်ရည်တုကုမ္ပဏီလုပ်ငန်းဖြစ်သော xAI ကုမ္ပဏီမှ တီထွင်ထားခြင်းဖြစ်သည်။ MCMC က ယခုလ ၃ ရက်နှင့် ၈ ရက်တွင် X ပလက်ဖောင်းနှင့် xAI ကုမ္ပဏီသို့ အကြောင်းကြားစာ အသီးသီးပေးပို့ခဲ့ပြီး ၎င်းတို့အနေဖြင့် ထိရောက်သော နည်းပညာ အကာအကွယ်နှင့် အကြောင်းအရာစိစစ်ရေး ယန္တရား စသည့် အစီအမံများစွာကို လုပ်ဆောင်ရန်၊ AI ထုတ်လုပ်မှုသည် မလေးရှားနိုင်ငံ၏ ဥပဒေအကြောင်းအရာများအား ချိုးဖောက်နိုင်ခြေရှိခြင်းကို တားမြစ်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် Xပလက်ဖောင်းမှ ပေးပို့ခဲ့သော တုံ့ပြန်မှုမှာ အသုံးပြုသူဘက်က စတင်သော တိုင်ကြားမှုယန္တရားပေါ်တွင် အဓိကအားကိုးနေရပြီး ပလက်ဖောင်းကိုယ်တိုင်ကမူ ဤ AI ကိရိယာ၏ ဒီဇိုင်းနှင့်လည်ပတ်မှုအပိုင်းတွင် ရှိနှင့်ပြီးသော အန္တရာယ်များကိုလုံလောက်စွာ မဖြေရှင်းနိုင်ကြောင်း သိရသည်။ (Xinhua)
………………………..
(Chinese Version)
马来西亚将对社交媒体平台X采取法律行动
新华社吉隆坡1月13日电(记者王嘉伟)马来西亚通信和多媒体委员会13日表示,美国企业家埃隆·马斯克旗下社交媒体平台X内置的人工智能聊天机器人“格罗克”所生成内容违反马来西亚网络安全相关法律规定,将对X平台采取法律行动。
马来西亚通信和多媒体委员会在声明中说,已任命律师,并将启动相关法律程序。此前,该机构自11日起临时限制马来西亚互联网用户访问“格罗克”。
马来西亚通信部长法赫米·法齐勒13日在出席一场活动时表示,就马方关于“格罗克”制作淫秽色情内容所提出的质询,X平台方面回应不充分且敷衍。
法赫米表示,“格罗克”被限制访问的期限将取决于其遵守马来西亚相关法律规定的程度,马方还将进一步加强执法力度,营造更加安全的网络环境。他表示,马来西亚并非唯一采取相关行动的国家,反映出国际社会对“格罗克”在人工智能应用过程中未能提供充分保障措施的普遍担忧。
“格罗克”由马斯克旗下人工智能企业xAI公司开发。马来西亚通信和多媒体委员会表示,已于本月3日和8日分别向X平台和xAI公司发出通知,要求其采取有效技术防护和内容审核机制等多项措施,以防止人工智能生成可能违反马来西亚法律的内容。不过,X平台所提交的回应主要依赖由用户主动发起的举报机制,而平台本身未能充分应对该人工智能工具在设计和运行层面的固有风险。(完)
这是2025年4月13日在马来西亚吉隆坡拍摄的城市风光。新华社记者 姚大伟 摄