North America
နိုင်ငံပေါင်း ၇၅ နိုင်ငံအား ရွှေ့ပြောင်းနေထိုင်သူဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
ဝါရှင်တန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ဗီဇာလျှောက်ထားမှုအား လက်ခံစီမံခြင်းကို ယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်တွင် အတည်ပြုခဲ့ပြီး ယင်းအစီအမံသည် “စဉ်ဆက်မပြတ် အကျုံးဝင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ခဲ့ရာ “ဒီနိုင်ငံတွေရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လက်မခံနိုင်လောက်တဲ့အချိုးအစားနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို လုယူနေတယ်။ အမေရိကန်အနေနဲ့ အသစ်ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမြတ်မထုတ်တော့ဘူးလို့ သေချာတဲ့အထိ ဒီပိတ်ဆို့မှုအစီအမံဟာ စဉ်ဆက်မပြတ် အကျုံးဝင်သွားမှာ ဖြစ်တယ်” ဟု ဖော်ပြထားသည်။
ယင်းအစီအမံတွင် အကျုံးဝင်သည့် နိုင်ငံများတွင် ဆိုမာလီယာ၊ ဟေတီ၊ အီရန်နှင့် အီရီထရီးယား တို့ပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သို့သော် သက်ဆိုင်ရာ နိုင်ငံပေါင်း ၇၅ နိုင်ငံ၏ နာမည်စာရင်းအပြည့်အစုံကိုမူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။
ယင်းနေ့အစောပိုင်းတွင် မီဒီယာများက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီ ၂၁ ရက်မှစ၍ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ဗီဇာလျှောက်ထားချက် စိစစ်မှုများကို ယာယီရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် မကြာမီတွင်ပင် အေပီ စသည့် သတင်းမီဒီယာများက ယင်းအစီအမံသည် နိုင်ငံပေါင်း ၇၅ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ဗီဇာလျှောက်ထားမှုကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
FOX News ဝက်ဘ်ဆိုက်၏ ထုတ်ဖော်လိုက်သည့် နိုင်ငံများအမည်စာရင်းအရ အကျုံးဝင်သည့်နိုင်ငံများတွင် ဆိုမာလီယာ၊ ရုရှား၊ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ အီရန်၊ အီရတ်၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ ထိုင်းနှင့် ယီမင် စသည် တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
美国务院证实将暂停75个国家的移民签证审批
新华社华盛顿1月14日电(记者杨伶 熊茂伶)美国国务院14日证实,将暂停受理来自75个国家的移民签证申请,并表示这项措施将“持续有效”。
美国务院在社交媒体上发文称:“这些国家的移民以不可接受的比例攫取美国人民的福利。这项冻结措施将持续有效,直至美国能够确保新移民不会从美国人民身上榨取财富为止。”
美国务院还说,这项措施影响到的国家包括索马里、海地、伊朗和厄立特里亚。但美国务院未列出涉及75个国家的全部名单。
当天稍早前,有媒体报道称,美国务院自21日起将暂停办理75个国家的所有签证申请审批。随后,美联社等媒体援引美国务院发言人的话报道,此项措施针对的是75个国家的移民签证申请。
根据福克斯新闻网站报道披露的国家名单,受影响国家包括索马里、俄罗斯、阿富汗、巴西、伊朗、伊拉克、埃及、尼日利亚、泰国和也门等。(完)
1. 这张美国白宫发布的视频截图显示,1月3日,美国总统特朗普在佛罗里达州海湖庄园举行发布会。 新华社发
