Asia
ဂျပန်အောက်လွှတ်တော်အား ကြိုတင်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရန် ဆာနာအဲ တာကာအိချိ ဆုံးဖြတ်
တိုကျို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ဇန်နဝါရီ ၂၃ ရက်တွင် ဂျပန်အောက်လွှတ်တော်အား ဖျက်သိမ်း၍ ရွေးကောက်ပွဲ ကြိုတင်ကျင်းပမည့် ဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၁၄ ရက်တွင် အာဏာရညွန့်ပေါင်းအစိုးရ အဆင့်မြင့်အလွှာထံသို့ တရားဝင်အသိပေးခဲ့ကြောင်း ဂျပန်မီဒီယာများ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ ဆာနာအဲ တာကာအိချိသည် ဇန်နဝါရီ ၁၉ ရက်တွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။
ဆာနာအဲ တာကာအိချိသည် လတ်တလောကာလတွင် ရွေးကောက်ပွဲအား ကြိုတင်ကျင်းပမည်လောနှင့်စပ်လျဉ်း၍ အစဉ်အမြဲ ချင့်ချိန်နေသည်ဟု ဂျပန်မီဒီယာများက ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။ ဆာနာအဲ တာကာအိချိသည် ရွေးကောက်ပွဲအား ကြိုတင်ကျင်းပရန် ဆုံးဖြတ်ပြီးဖြစ်ကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အဆင့်မြင့်အလွှာများကို အသိပေးပြီးဖြစ်သည်ဟု ဂျပန် Kyodo သတင်းဌာနက ဇန်နဝါရီ ၁၃ ရက်တွင် ရှေးဦးစွာသတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင် ဆာနာအဲ တာကာအိချိက LDP နှင့် ၎င်း၏အာဏာရမိတ်ဖက်ဖြစ်သော ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) အဆင့်မြင့်အလွှာတို့ကို အစည်းအဝေးခေါ်ယူကျင်းပကာ အောက်လွှတ်တော်အား ဖျက်သိမ်းခြင်း၊ ရွေးကောက်ပွဲအား ကြိုတင်ကျင်းပခြင်း ဟူသည့် ဆုံးဖြတ်ချက်ကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် အသိပေးခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အစီအစဉ်နှစ်မျိုးရှိကြောင်း၊ ပထမတစ်မျိုးသည် ဇန်နဝါရီ ၂၇ ရက်တွင် ရွေးကောက်ပွဲကြေညာချက် ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် မဲပေး၍ မဲရေတွက်ခြင်းဖြစ်ကြောင်း၊ ဒုတိယတစ်မျိုးသည် ဖေဖော်ဝါရီ ၃ ရက်တွင် ရွေးကောက်ပွဲကြေညာချက် ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် မဲပေး၍ မဲရေတွက်ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယခုအကြိမ် အောက်လွှတ်တော်ရွေးကောက်ပွဲသည် ယမန်အကြိမ်ရွေးကောက်ပွဲနှင့် တစ်နှစ်လေးလခန့်သာ ကွာခြားပေသည်။
လက်ရှိအချိန် ရွေးကောက်ပွဲအား ကြိုတင်ကျင်းပခြင်းအတွက် မဖြစ်မနေလိုအပ်သည့် အကြောင်းပြချက် မရှိကြောင်း၊ ဆာနာအဲ တာကာအိချိက အဆိုပါဆုံးဖြတ်ချက် လုပ်ဆောင်ခြင်းအပေါ် ယေဘုယျအားဖြင့် ဝေဖန်သည့်သဘောထားရှိကြောင်း ဂျပန်လူထုသဘောထားက ယူဆသည်။ (Xinhua)
——————
(Chinese Version)
高市早苗决定提前解散众议院举行大选
新华社东京1月14日电(记者李子越 陈泽安)据日本媒体14日报道,日本首相高市早苗当日正式向执政联盟高层传达了将于23日解散众议院、提前举行大选的决定。高市将于19日就此事进行说明。
据日媒披露,高市近期一直在权衡是否提前举行大选。13日,日本共同社率先报道,高市已决定提前举行大选,并告知自民党高层。14日,高市召集自民党和其执政伙伴日本维新会高层召开会议,首次正式告知了将解散众议院、提前举行大选的决定。
据日媒报道,目前关于选举日程存在两种方案:一是1月27日发布选举公告,2月8日进行投、计票;二是2月3日发布选举公告,2月15日进行投、计票。
此次众议院选举距离上一次选举仅1年4个月左右。
日本舆论认为,当前提前举行大选缺乏必要理由,对高市作出这一决定普遍持批评态度。(完)
图说:这是1月14日在日本东京拍摄的日本国会外景。新华社记者 杨智翔 摄
