North America
တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးစက်ပစ္စည်းနှင့် ဆက်စပ်ထုတ်ကုန်အချို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟု အမေရိကန် ကြေညာ
နယူးယောက်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို ကိုင်တွယ်စီမံရန်အတွက် အကြောင်းပြကာ ဇန်နဝါရီ ၁၅ ရက်မှစ၍ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေး စက်ပစ္စည်းနှင့် ဆက်စပ်ထုတ်ကုန်အချို့အပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဇန်နဝါရီ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ အကြံပြုချက်အရ အမေရိကန်သည် ပထမအဆင့်အနေဖြင့် အမေရိကန် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအား မြှင့်တင်ပေးရန် အလားအလာရှိသော ပြည်ပရှိ အဓိကစီမံခန့်ခွဲရေးဌာနများနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အမေရိကန်၏ ဉာဏ်ရည်တုနှင့် နည်းပညာ မူဝါဒ အရေးကြီး အစိတ်အပိုင်းအနေဖြင့် တင်သွင်းလာသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး စက်ပစ္စည်းနှင့် ဆက်စပ်ထုတ်ကုန် အနည်းငယ်ကို ဈေးနှုန်းအလိုက် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ကြေညာချက်တွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများ ပြီးစီးပြီးနောက် အမေရိကန်သည် ဒုတိယအဆင့်အနေဖြင့် သွင်းကုန် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် သိသာထင်ရှားသည့် အခွန်နှုန်းထားများကို ပို၍အတိုင်းအတာကြီးမားစွာ ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အခွန်သက်သာခွင့် ထောက်ပံ့မှုရရှိထားသော ပြည်ပသွင်းကုန်စည်ပစ္စည်းများကို ချေပအခွန် ထပ်တိုးကောက်ခံခြင်း ယန္တရားအား ထုတ်ပြန်ပြီး အမေရိကန်တွင် ရင်းနှီးမြှုပ်နှံသော တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက် လုပ်ငန်းကုမ္ပဏီများ အခွန်သက်သာခွင့်ရရှိအောင် ဆောင်ရွက်သွားရန် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အကြံပြုထားကြောင်း သိရသည်။
အမေရိကန်အနေဖြင့် သွင်းကုန် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်ကုန်များအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဖြစ်ကြောင်း ထရမ့်က ၂၀၂၅ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ဖော်ကြေညာခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美国宣布对部分进口半导体、制造设备及衍生品加征25%关税
新华社纽约1月14日电(记者刘亚南 徐静)美国白宫14日发布声明,以应对国家安全威胁为由,从15日起对部分进口半导体、半导体制造设备和衍生品加征25%进口从价关税。
美国总统特朗普在声明中说,根据美国商务部长的建议,美国在第一阶段将与有潜力增强美国半导体行业的境外主管部门继续进行谈判。同时,对作为美国人工智能和技术政策重要组成部分的一小部分进口半导体、半导体制造设备及其衍生品立即加征25%的从价关税。
声明说,在完成有关谈判后,美国将在第二阶段在更大范围对进口半导体以显著税率加征关税。美国商务部长建议同时推出关税抵消机制,让投资于美国半导体生产和半导体供应链的企业获得优惠关税待遇。
特朗普2025年8月初宣称,美国将对进口半导体产品征收100%关税。(完)
1. 这是2025年12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄
