International Organizations
ပထဝီစီးပွားရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများက ၂၀၂၆ ခုနှစ် အဓိကအန္တရာယ် ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အစီရင်ခံစာ ဖော်ပြထား
လန်ဒန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အန္တရာယ်များသည် ယှဉ်ပြိုင်မှုခေတ်သစ်တွင် စဉ်ဆက်မပြတ် ဆိုးရွားလာပြီး ပထဝီစီးပွားရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုအား ၂၀၂၆ ခုနှစ် အဓိကအန္တရာယ် အဖြစ်သတ်မှတ်ထားကြောင်း ကမ္ဘာ့စီပွားရေးဖိုရမ် (WEF) ၏ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သော “၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် အစီရင်ခံစာ” ၌ ထောက်ပြထားသည်။
အစီရင်ခံစာတွင် ပထဝီစီးပွားရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများအပြင် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အဓိကအန္တရာယ်များတွင် နိုင်ငံများအကြား လက်နက်ကိုင်ပဋိပက္ခများ၊ အစွန်းရောက်ရာသီဥတု၊ လူမှုအသိုက်အဝန်းအစွန်းရောက်မှု၊ မှားယွင်းသော အတုအယောင် အချက်အလက်များပါဝင်ကြောင်း၊ လက်ရှိအန္တရာယ်အဆင့်သတ်မှတ်ချက်တွင် စီးပွားရေးအန္တရာယ်များသည် မြင့်တက်မှု အမြန်ဆုံးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ပြင်းထန်လာသော ကြွေးမြီကိစ္စရပ်များ၊ အလားအလာရှိသော ပိုင်ဆိုင်မှု ရေပွက်ပမာတဒင်္ဂပေါ်လာပျောက်ဆုံးခြင်း၊ ထို့အပြင် ပထဝီစီးပွားရေးပဋိပက္ခများသည် အခြေအနေမတည်ငြိမ်မှုအသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
ရေတို၊ ရေလတ်ကာလ (လာမည့်နှစ်နှစ်) အန္တရာယ် အလားအလာတွင် ပထဝီစီးပွားရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုသည် အပြင်းထန်ဆုံးအန္တရာယ်ဖြစ်သည်။
တစ်ကမ္ဘာလုံးသည် ယှဉ်ပြိုင်မှုခေတ်သစ်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီး ယင်းယှဉ်ပြိုင်မှုခေတ်သည် အခြားသော ပူးတွဲသယ်ဆောင်လာသော ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များအားလုံးအပေါ် သက်ရောက်မှုရှိကြောင်း WEF အမှုဆောင်ညွှန်ကြားရေးမှူး Saadia Zahidi က ထိုနေ့တွင် ပြောကြားခဲ့သည်။
ယှဉ်ပြိုင်မှုအခင်းအကျင်းအဆက်မပြတ်ပြောင်းလဲလာသည်နှင့်အမျှ ကမ္ဘာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အရွေ့ပုံစံမှာ ယခင်နှင့် လုံးဝမတူတော့ကြောင်း၊ ယင်းမှာ ညှိနှိုင်းဆောင်ရွက်မှုလမ်းကြောင်းနှင့် အပြန်အလှန်ဆွေးနွေးမှု စိတ်ဓာတ်မှာ လွန်စွာအရေးပါလျက်ရှိသည်ဟူသော လက်တွေ့ဖြစ်ရပ်တစ်ခုကို ထုတ်ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု WEF ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Børge Brende က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ဤအစီရင်ခံစာသည် ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁,၃၀၀ ကျော်၏ သဘောထားထင်မြင်ချက်ကို စုစည်းထားပြီး ကမ္ဘာလုံးဆိုင်ရာ ရင်ဆိုင်နေရသော လက်ရှိ၊ ရေတို၊ ရေရှည် အန္တရာယ်များကို ခွဲခြမ်းစိတ်ဖြာထားသည်။ (Xinhua)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း Roraima ပြည်နယ် Pacaraima မြို့တွင် ဗင်နီဇွဲလားမှ ရွှေ့ပြောင်းနေထိုင်သူများ ဘရားဇီးနိုင်ငံသို့ ဝင်ရောက်ပြီးနောက် အမြန်လမ်းတွင် လမ်းလျှောက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………….
(Chinese Version)
世界经济论坛报告:地缘经济对抗是2026年首要风险
新华社伦敦1月14日电(记者郭爽)世界经济论坛14日发布的《2026年全球风险报告》指出,地缘政治和经济风险在新的竞争时代持续加剧,地缘经济对抗被列为2026年首要风险。
报告显示,除地缘经济对抗外,2026年全球主要风险还包括国家间武装冲突、极端天气、社会极化以及错误和虚假信息。在当前风险排名中,经济风险上升最快。报告认为,日益严重的债务问题和潜在的资产泡沫,再加上地缘经济冲突,可能会引发新一轮形势动荡。
在中短期(未来两年)风险展望中,地缘经济对抗是最严重的风险。
世界经济论坛执行董事萨迪娅·扎希迪当天说,全球已经进入一个新的竞争时代,而这个竞争时代正影响着其他所有随之而来的全球风险。
世界经济论坛总裁兼首席执行官博尔格·布伦德在一份声明中说,随着竞争格局的不断转变,全球合作的图景已与以往截然不同,这揭示了一个现实:协作路径与对话精神依然至关重要。
这份报告汇集了全球1300多名专家的意见,分析全球面临的当前、短期和长期风险。(完)
图说1:这是1月10日在委内瑞拉东北部安索阿特吉州巴塞罗那附近拍摄的何塞·安东尼奥·安索阿特吉石化工业园区一景。新华社发(卢西奥·塔沃拉摄)
图说2:1月6日,在巴西北部罗赖马州帕卡赖马,委内瑞拉移民入境巴西后行走在公路上。新华社发(卢西奥·塔沃拉摄)
