Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း ဒေသဆိုင်ရာ နယ်စပ်ကော်မတီ အတွင်းရေးမှူးရုံးက အပစ်ရပ်ရေးသဘောတူညီချက် ဖော်ဆောင်မှုဆိုင်ရာ အစည်းအဝေး ကျင်းပ

ထိုင်းနိုင်ငံ Chanthaburi ပြည်နယ် နယ်စပ်ဂိတ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မကြာသေးမီက နှစ်ဖက်အကြား ရရှိထားသော အပစ်ရပ်ရေးသဘောတူညီချက်ကို ဖော်ဆောင်ရန် ကမ္ဘောဒီးယား-ထိုင်း ဒေသဆိုင်ရာ နယ်စပ်ကော်မတီ အတွင်းရေးမှူးရုံး အရာရှိများက ဇန်နဝါရီ ၁၅ ရက်တွင် အစည်းအဝေးခေါ်ယူကျင်းပခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့သည့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် အထွေထွေရေးရာကော်မတီ (GBC) အထူးအစည်းအဝေး ပူးတွဲကြေညာချက်နှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းပါ အကြောင်းအရာ စသည့် အရေးကြီးကိစ္စရပ်များကို အရှိန်မြှင့် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း Maly Socheata က သတင်းကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်း၏ခိုင်မာ၊ ပြတ်သား၍ စိတ်ရင်းမှန်ကန်သော ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့ကြောင်း၊ ပူးတွဲကြေညာချက်နှင့် အခြားသော သက်ဆိုင်ရာစာရွက်စာတမ်းများကို ကတိသစ္စာတည်၊ လေးစားစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေနှင့် နှစ်နိုင်ငံအကြား တည်ဆဲ သဘောတူညီချက်နှင့် စာချုပ်များအရ ငြိမ်းချမ်းသော၊ တရားမျှတသော၊ ရေရှည်ဖြစ်သော ဖြေရှင်းမှုနည်းလမ်းကို ရှာဖွေသွားလိုကြောင်း Maly Socheata က ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ် နယ်စပ်စစ်ဆေးရေးစခန်းတွင် ကျင်းပခဲ့ရာ ကမ္ဘောဒီးယား-ထိုင်း စစ်ဒေသအဆင့် အရာရှိများ အတူတကွကြီးမှူးကျင်းပခဲ့သည်။ (Xinhua)

——————
(Chinese Version)
柬泰地区边界委员会秘书处召开会议落实停火协议
新华社金边1月15日电(记者吴长伟)柬埔寨国防部发言人马莉淑洁达15日说,柬泰地区边界委员会秘书处官员当天召开会议,落实近期双方达成的停火协议。
马莉淑洁达在一份新闻稿中表示,双方就加强落实2025年12月27日举行的柬泰边界总委员会特别会议联合声明及其他相关文件内容等一系列重要事项进行讨论。
马莉淑洁达说,柬埔寨重申其坚定、果断和真诚的承诺,将忠实地尊重和落实联合声明及其他相关文件,以期根据国际法以及两国间现有的条约和协定,寻求和平、公正和持久的解决方案。
此次会议在柬埔寨奥多棉吉省边境检查站举行,由柬泰军区级官员共同主持。(完)
1. 这是12月26日拍摄的泰国尖竹汶府边境口岸。新华社记者 孙玮彤 摄