International Organizations
“၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” က နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ခိုင်မာသော ထောက်တိုင်များဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ဆိုးရွားလာခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ဖိအားများ ရင်ဆိုင်နေရခြင်းဟူသော အခြေအနေတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒအား လက်ကိုင်ထားခြင်းသည် အလွန်အရေးကြီးပြီး “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” သည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ခိုင်မာသော ထောက်တိုင်များဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၁၄ ရက်တွင် “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။
ဂူတာရက်စ်က နှစ်သစ်အစတွင် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ဆိုးရွားလာခြင်း၊ မညီမျှမှု စသည်တို့ ကျယ်ပြန့်လာခြင်း၊ ကြွေးမြီများ မြင့်တက်လာခြင်း၊ ယုံကြည်မှုများ အဆက်မပြတ် ယိုယွင်းလာခြင်းတို့ကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများသည် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းတို့အားလုံးမှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒအား အခိုင်အမာ ထိန်းသိမ်းရေး၏ အရေးပါမှုကို ပြသနေကြောင်း ပြောကြားခဲ့သည်။ “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” သည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ခိုင်မာသော ထောက်တိုင်များဖြစ်ပြီး စည်းလုံးညီညွတ်ခြင်းနှင့် ခွန်အားများ အဆက်မပြတ် ပြသလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံစုံစနစ်နှင့် ကုလသမဂ္ဂသည် မကြုံစဖူးသော ဖိအားများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအသီးသီးမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကာကွယ်ရန် ယခင်မည်သည့်အချိန်ကထက်မဆို ပို၍ လိုအပ်ကြောင်း၊ “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” က ယင်းအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ပြောကြားခဲ့သည်။
ထိုနေ့တွင် အီရတ်က “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” ဥက္ကဋ္ဌနိုင်ငံအား ဥရုဂွေးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
၇၇ နိုင်ငံအုပ်စုကို ၁၉၆၄ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့် ဖွဲ့စည်းထားသော အစိုးရများအကြား အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ယင်းရည်ရွယ်ချက်မှာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ရန် ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံနှင့် ၇၇ နိုင်ငံအုပ်စုဆက်ဆံရေးသည် ရှိရင်းစွဲအခြေခံပေါ်တွင် ပိုမို ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး “၇၇ နိုင်ငံအုပ်စုနှင့် တရုတ်နိုင်ငံ” ယန္တရားမှတစ်ဆင့် ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်။ (Xinhua)
………………………….
(Chinese Version)
联合国秘书长:“77国集团和中国”是多边主义的坚实支柱
新华社联合国1月14日电(记者潘云召)联合国秘书长古特雷斯14日在“77国集团和中国”主席国交接仪式上发表讲话时表示,在全球冲突加剧、国际合作面临压力的情况下,坚持多边主义非常重要,“77国集团和中国”是多边主义的坚实支柱。
古特雷斯说,新年伊始,全球冲突加剧、不平等扩大、债务高企、信任不断流失,国际合作面临压力。这一切都表明坚持多边主义的重要性。他表示,“77国集团和中国”是多边主义的坚实支柱,不断展现团结与力量。
第80届联合国大会主席贝尔伯克表示,多边体系和联合国正承受着前所未有的压力,各国比以往任何时候都更需要捍卫联合国宪章。“77国集团和中国”为此发挥着关键作用。
当天,伊拉克将“77国集团和中国”主席国正式移交给乌拉圭。
77国集团成立于1964年,是由发展中国家组成的政府间国际组织,旨在加强团结合作以加快发展中国家经济社会发展进程。中国一贯支持该组织正义主张和合理要求。自20世纪90年代以来,中国同77国集团关系在原有基础上有了较大发展,通过“77国集团和中国”这一机制开展协调与合作。(完)
图说:这是2025年9月18日拍摄的位于纽约的联合国总部外景。新华社记者李睿摄
