Africa & Middle East
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ခြင်းက “အရေးကြီးသည့် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်သည်” ဟု ဟားမက်စ် ဆို
ဂါဇာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် ဂါဇာပဋိပက္ခ အဆုံးသတ်ရေး “အချက် ၂၀ ပါ အစီအစဉ်” ဒုတိယအဆင့် စတင်ကြောင်း ကြေညာခြင်းသည် “အရေးကြီးသည့် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်သည်” ဟု ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) ပြောခွင့်ရပုဂ္ဂိုလ် Hazem Qasim က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
အစ္စရေးဘက်က ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီချက်တွင် သတ်မှတ်ထားသည့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် အမေရိကန်အစိုးရက မြှင့်တင်လုပ်ဆောင်ပေး၍ အပစ်အခတ်ရပ်စဲမှုကို ဒုတိယအဆင့်သို့ တွန်းအားပေးဖော်ဆောင်ရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။
ဟားမက်စ်အနေဖြင့် “ခုခံရန် အသုံးပြုသည့်လက်နက်များ” သက်ဆိုင်ရာ အကြောင်းအရာနှင့် စပ်လျဉ်း၍ ပါလက်စတိုင်း အတွင်းပိုင်းဆွေးနွေးမှုတွင် ပါဝင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ သို့သော် လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသ မြို့အသီးသီးအား ကယ်တင်ရန်အတွက် စစ်မှန်သော လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလှုပ်ရှားမှုအား စတင်ရန် ဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။
အမေရိကန်သမ္မတ၏ အထူးသံတမန် Steve Witkoff က ဒီဇင်ဘာ ၁၄ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ထရမ့်ကို ကိုယ်စားပြုကာ ဂါဇာပဋိပက္ခ အဆုံးသတ်ရေး “အချက် ၂၀ ပါ အစီအစဉ်” ဒုတိယအဆင့် စတင်လိုက်ပြီး အပစ်အခတ်ရပ်စဲရေးမှသည် ဂါဇာကမ်းမြောင်ဒေသအား စစ်ရေးမဟုတ်သော အသွင်ပြောင်းရေး၊ နည်းပညာရှင်များဖြင့် စီမံခန့်ခွဲမှုနှင့် ပြန်လည်တည်ဆောက်ရေးသို့ ပြောင်းလဲသည်ဟု ကြေညာခဲ့သည်။
ဒုတိယအဆင့်သည် အသွင်ကူးပြောင်းရေး ပါလက်စတိုင်း နည်းပညာရှင်များဖြင့် စီမံခန့်ခွဲရေးကော်မတီတစ်ခု ဖွဲ့စည်းတည်ထောင်ကာ ဂါဇာကမ်းမြောင်ဒေသ၌ “ဘက်စုံ စစ်ရေးမဟုတ်သော အသွင်ပြောင်းရေး” နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း စတင်မည်ဖြစ်ကြောင်း၊ ယင်းသည် အဓိကအားဖြင့် “အခွင့်အာဏာပေးခြင်း မခံထားရသည့် လူပုဂ္ဂိုလ်အားလုံး” ၏ လက်နက်ကိုင်မှုကို ပယ်ဖျက်ရန်ဖြစ်ကြောင်း Steve Witkoff က ဆိုသည်။
ဟားမက်စ်က နောက်ဆုံးထိန်းသိမ်းထားသော အစ္စရေးဖမ်းဆီးခံရသူ ရုပ်အလောင်းတစ်ခုကို ချက်ချင်းပေးအပ်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် သတ်မှတ်ထားသည့် တာဝန်အားလုံးကို ထမ်းဆောင်ရန် အမေရိကန်က မျှော်လင့်ကြောင်း Steve Witkoff က ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
哈马斯:启动加沙停火第二阶段是“重要积极进展”
新华社加沙1月14日电(记者黄泽民 赵伟宏)巴勒斯坦伊斯兰抵抗运动(哈马斯)发言人哈齐姆·卡西姆14日发表声明说,美国当天宣布启动结束加沙冲突“20点计划”第二阶段是“重要积极进展”。
声明呼吁美国政府促使以色列履行加沙停火第一阶段协议规定的义务,并将停火推进至第二阶段。
声明表示,哈马斯已准备就“用于抵抗的武器”相关议题参与巴勒斯坦内部讨论,但当务之急是启动真正的人道救援行动,以拯救加沙地带各城市。
美国总统特朗普的特使威特科夫14日在社交媒体发文,代表特朗普宣布启动结束加沙冲突“20点计划”第二阶段,从停火转向加沙地带非军事化、技术官僚治理和重建。
威特科夫说,第二阶段将建立一个过渡性的巴勒斯坦技术官僚委员会管理加沙地带,并开始在加沙地带展开“全面非军事化”和重建,主要是解除“所有未经授权人员”的武装。
威特科夫表示,美国希望哈马斯完全履行停火协议规定的义务,包括立即归还最后一具以色列被扣押人员遗体。(完)
图说:2025年12月31日傍晚,在加沙地带南部城市汗尤尼斯,落日余晖洒落在流离失所的巴勒斯坦人栖身的帐篷区。新华社发(里泽克·阿卜杜勒贾瓦德摄)
