Connect with us

Asia

အခင်းဖြစ်ရပ်နှင့် ပတ်သက်မှုရှိသော ကန်ထရိုက်တာနှင့် စာချုပ်ဖျက်သိမ်းရန် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရဝန်ကြီးချုပ် အမိန့်ပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူးလ် (အလယ်) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူးလ်က အစိုးရသည် ဖြစ်ရပ်နှင့် ပတ်သက်မှုရှိသော ကန်ထရိုက်တာ အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး (ITD) အများပိုင်ကုမ္ပဏီလီမိတက်၏ စီမံကိန်းနှစ်ခုမှ စာချုပ်များကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စာချုပ် ဖျက်သိမ်းရန် တိကျသောလုပ်ထုံးလုပ်နည်းများကို လေ့လာကာ သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိုကုမ္ပဏီကို အမည်ပျက်စာရင်းတွင် ထည့်သွင်းရန်လည်း တောင်းဆိုထားကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အနူတင်က ထိုနေ့တွင် ဝန်ကြီးချုပ်အိမ်တော်၌ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပြီးနောက် မီဒီယာများထံ ပြောကြားရာတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှုဖြစ်ရပ်နှစ်ခုကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ပြီး စီမံကိန်းနှစ်ခုလုံးမှာ ကန်ထရိုက်တာ တစ်ဦးတည်းက တာဝန်ယူတည်ဆောက်ခဲ့ရာ ယင်းမှာ အလွန်အံ့အားသင့်ထိတ်လန့်ရ၍ ဝမ်းနည်းရကြောင်း၊ ၎င်းတို့အား စီမံကိန်းများကို စိတ်ချလက်ချနှင့် ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ နာခွန်ရတ်ချာစီမာပြည်နယ်ရှိ တည်ဆောက်လျက်ရှိသော ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုနှင့် ပတ်သက်၍ စီမံကိန်းသည် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စာချုပ် ဖျက်သိမ်းပြီးနောက် ကျန်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရန် အခြားကန်ထရိုက်တာတစ်ဦး ရှာဖွေရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် နာခွန်ရတ်ချာစီမာပြည်နယ်ရှိ မြန်နှုန်းမြင့်ရထားစီမံကိန်း ဆောက်လုပ်နေစဉ် ကရိန်းတစ်စင်းပြုတ်ကျခဲ့ရာ မောင်းနှင်လျက်ရှိသော ခရီးသည်တင်ရထားတစ်စင်းနှင့် ဝင်တိုက်မိသောကြောင့် ရထားတွဲမီးလောင်ပြီး လမ်းချော်ခဲ့သည်။ ယင်းမတော်တဆမှုကြောင့် လူ ၃၂ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် မြို့တော် ဘန်ကောက်နှင့် စမွတ်စခွန်ပြည်နယ်ကို ဆက်သွယ်ထားသော Rama II လမ်းမပေါ်တွင် ဆောက်လုပ်ရေး ကရိန်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာပြည်နယ်တွင် အခင်းဖြစ်ပွားခဲ့သော နေရာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ Rama II လမ်းမတွင် ဆောက်လုပ်ရေး ကရိန်း ပြိုကျမှုဖြစ်ပွားခဲ့သော အခင်းနေရာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
泰国看守总理下令与涉事承包商解除合同
新华社曼谷1月15日电(记者赵彩琳 常天童)泰国看守总理兼内政部长阿努廷15日说,政府已下令解除与涉事承包商意大利-泰国发展公共有限公司在两个项目上的合同,要求交通部研究解除合同的具体操作方式,并按相关法律规定将该企业加入黑名单。
阿努廷当天在总理府召开紧急会议后对媒体说,这两天发生的两起事故造成多人伤亡,且两个项目由同一承包商承建,这令人尤为震惊和痛心,不可能继续安心让其承接工程。他说,就发生在呵叻府的在建铁路施工事故而言,工程已完成85%,需解除合同后另行寻找承包商完成工程的剩余部分。
14日上午,一台起重机在呵叻府高铁项目施工过程中坠落,砸中一列行驶中的客运列车,导致车厢起火并脱轨,事故已造成32人死亡、66人受伤。15日早,连接首都曼谷与沙没沙空府的拉玛2路发生施工起重机倒塌事故,造成至少2人死亡、多人受伤。(完)
图说1:1月15日,泰国看守总理兼内政部长阿努廷(中)在曼谷出席记者会。 新华社记者 孙玮彤 摄
图说12:这是1月14日在泰国呵叻府拍摄的事故现场(手机照片)。新华社发
图说3:这是1月15日在泰国曼谷城郊的拉玛2路拍摄的施工起重机倒塌事故现场(手机照片)。