International Organizations
“ကုလသမဂ္ဂပဋိညာဉ်စာတမ်း”ကို လေးစားလိုက်နာပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးထိန်းသိမ်းကာကွယ်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
နိုင်ငံတကာဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု စသည့် အခြေအနေများက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ယိမ်းယိုင်စေလျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ကို လေးစားလိုက်နာပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးထိန်းသိမ်းကာကွယ်သင့်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံအစည်းအဝေးတွင် ဂူတာရက်စ်က ယခုနှစ် လုပ်ငန်းဆိုင်ရာ အဓိကအချက်များကို ကြေညာရာတွင် အချို့လူများက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို သေမင်းခံတွင်းဝသို့ တွန်းပို့ရန် ကြံစည်ကြိုးပမ်းလျက်ရှိရာ ပထဝီနိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ၊ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို သိသိသာသာဖြတ်တောက်မှု စသည့်အခြေအနေများရှိကြောင်း၊ ယင်းက ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အုတ်မြစ်များကို ယိမ်းယိုင်စေပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ကြံ့ကြံ့ခံနိုင်ရည်ကို စမ်းသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်အားလုံးသည် အခြေခံမူ ၃ ရပ်အပေါ် အခြေခံသင့်ကြောင်း၊ ယင်းတို့မှာ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ကို ဘက်စုံ သစ္စာရှိစွာ လေးစားလိုက်နာရန်၊ တရားမျှတမှုရှိသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးကို စွဲစွဲမြဲမြဲ အားစိုက်လုပ်ဆောင်ရန်၊ ကွဲပြားနေသော ခေတ်ကာလတွင် စည်းလုံးညီညွတ်မှု တည်ဆောက်ရန် ဖြစ်ကြောင်း ဂူတာရက်စ်က အလေးထား ပြာကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့်အညီ ၎င်းတို့၏ တာဝန်ယူရမည့် ဘဏ္ဍာရေးတာဝန်ဝတ္တရားများကို ကျေပွန်စေရန်လည်း ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။
နှစ်သစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဓိကလုပ်ငန်းများ၌ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ကုလသမဂ္ဂ နှစ် ၈၀ ပြည့် ပြုပြင်ပြောင်းလဲရေးအစီအမံ” (UN80) ကို မြှင့်တင်ခြင်းနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အသစ် ရွေးချယ်ခြင်းတို့ ပါဝင်ကြောင်း ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
古特雷斯呼吁遵守《联合国宪章》维护和平团结
新华社联合国1月15日电(记者潘云召)联合国秘书长古特雷斯15日说,公然违反国际法等情况正在动摇全球合作,国际社会应遵守《联合国宪章》,维护和平团结。
古特雷斯当天在联合国大会全体会议通报今年工作重点时表示,有人试图将国际合作置于死亡边缘,地缘政治分裂、公然违反国际法、发展援助和人道援助大幅削减等情况,正在动摇全球合作的基础,并考验多边主义的韧性。
古特雷斯强调,联合国所有行动应基于三条原则,即全面并忠实地遵守《联合国宪章》,坚持不懈地致力于实现公正的和平,在分裂的时代中建立团结。
古特雷斯还呼吁所有会员国根据《联合国宪章》履行各自应承担的财政义务。
第80届联大主席贝尔伯克14日表示,联大新一年的工作重点包括维护《联合国宪章》宗旨和原则、推动“联合国80周年改革倡议”以及遴选下一任联合国秘书长等。(完)
图说:1月15日,在位于纽约的联合国总部,联合国秘书长古特雷斯在联大全体会议上通报今年工作重点。新华社发(联合国供图/曼努埃尔·埃利亚斯摄)
