Connect with us

Africa & Middle East

မည်သည့်နိုင်ငံမဆို အီရတ်၏ နယ်မြေပိုင်နက်နှင့် ဝေဟင်ပိုက်နက်အား အသုံးပြု၍ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခြင်းအား ခွင့်ပြုမည်မဟုတ်ဟု အီရတ်စစ်တပ် ဆို

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကျင်းပသော အီရတ်တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲတွင် ပါဝင်နေသော အီရတ်စစ်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မည်သည့်ဘက်ကမဆို အီရတ်နိုင်ငံ၏ နယ်မြေပိုင်နက်၊ ဝေဟင်ပိုင်နက်နှင့် ရေပြင်ပိုင်နက်အား အခြားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ရန်အတွက် ပလက်ဖောင်းအဖြစ် အသုံးချခြင်းကို အခိုင်အမာ ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး တွေ့ဆုံဆွေးနွေးခြင်းနှင့် သံတမန်နည်းလမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း အီရတ်လက်နက်ကိုင်တပ်ဖွဲ့ဦးစီးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Sabah al-Numan က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိဒေသတွင်းအခြေအနေ အရှိန်မြင့်တိုးတက်ပြောင်းလဲနေခြင်းကြောင့် အီရတ်က အဆိုပါရပ်တည်ချက် ထပ်လောင်းပြောကြားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရက သတ်မှတ်ထားသော မူဝါဒကို အခြေခံခြင်းဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံအချုပ်အခြာအာဏာကို လေးစားခြင်းဖြစ်သလို သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်မှုမပြုခြင်းလည်းဖြစ်ကြောင်း၊ အီရတ်အနေဖြင့် ၎င်း၏နယ်မြေပိုင်နက်ကို အိမ်နီးချင်းနိုင်ငံ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်ရန်အတွက် အသုံးပြုခံရခြင်းအား ဘက်စုံကြိုးပမ်းတားဆီးသွားမည်ဖြစ်ကြောင်း Sabah al-Numan က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အီရတ်နိုင်ငံအစိုးရအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးမှုအား ဦးစားပေး ထည့်သွင်းစဉ်းစားရန်၊ အခြေအနေ အရှိန်မြှင့်တင်လာခြင်းအား ရှောင်ကြဉ်ရန်၊ နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ ငြိမ်းချမ်းမှုရှိသော သံတမန်နည်းလမ်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းရန်၊ ဒေသတွင်းအခြေအနေ တစ်ဆင့်တိုးတင်းမာမှုနှင့် လှုပ်ခတ်မှုအား ကာကွယ်ရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။
လတ်တလောရက်ပိုင်းတွင် အမေရိကန်သည် အီရန်ပြည်တွင်း၌ အဓိကရုဏ်းများ ဖြစ်ပွားသည်ဟူသော အကြောင်းပြချက်ဖြင့် အီရန်အပေါ် စစ်ရေးအရ စွက်ဖက်ရန် ခြိမ်းခြောက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် အစ္စရေးနှင့် အီရန်တို့သည် ၁၂ ရက်ဆက်တိုက်ကြာမြင့်သည့် ပဋိပက္ခဖြစ်ပွားခဲ့ရာ အီရတ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ တိုင်ကြားချက်တင်သွင်း၍ အစ္စရေးက အီရတ်ဝေဟင်ပိုင်နက်ကို အသုံးပြု၍ အီရန်အား တိုက်ခိုက်သည့် လုပ်ဆောင်ချက်သည် အီရတ်၏ အချုပ်အခြာအာဏာအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းသည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ (Xinhua)

——————–
(Chinese Version)
伊拉克军方:不允许任何国家利用其领土和领空发动军事行动
新华社巴格达1月15日电(记者李军 段敏夫)伊拉克武装部队总司令发言人萨巴赫·努曼15日说,坚决反对任何一方利用伊拉克的领土、领空或领海作为对其他国家发动军事行动的平台,并呼吁有关各方保持克制,通过对话和外交途径解决分歧。
努曼在一份声明中说,鉴于当前地区局势快速演变,伊拉克重申这一立场是基于宪法和政府既定政策,即尊重国家主权、不干涉他国内政。伊拉克将全面致力于防止其领土被用于威胁邻国安全与稳定。
声明强调,伊拉克政府呼吁有关各方保持克制,优先考虑对话,避免局势升级,并依据国际法和《联合国宪章》,以和平和外交手段解决争端,防止地区局势进一步紧张和动荡。
连日来,美国以伊朗国内出现骚乱为由,不断对伊朗发出军事干涉威胁。
2025年6月,以色列和伊朗爆发持续12天的冲突,伊拉克政府曾向联合国安理会提出申诉,谴责以色列利用伊拉克领空袭击伊朗的行为公然侵犯伊拉克主权。(完)
图说:Iraqi soldiers take part in a military parade to celebrate the Iraqi Army Day in Baghdad, Iraq, on Jan. 6, 2026. (Xinhua/Khalil Dawood)