Connect with us

International Organizations

အာရှစီးပွားရေးအုပ်စုက ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အရေးကြီးသောမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ဗြိတိန် think tank အဖွဲ့ ဆို

တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း ချင်းသောင်သင်္ဘောဆိပ်ရှိ နိုင်ငံခြားကုန်သွယ်ရေးကွန်တိန်နာသင်္ဘောဆိပ်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ်တွင် အာရှစီးပွားရေးအုပ်စုသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အရေးကြီးသောမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရပြီး ရှုပ်ထွေး၍ပြောင်းလဲမှုများသော ပထဝီနိုင်ငံရေးပတ်ဝန်းကျင်တွင် ကြံ့ကြံ့ခံနိုင်ရည်ရှိကြောင်း ပြသသွားမည်ဟု ဗြိတိန် think tank အဖွဲ့ Asia House ၏ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပထဝီနိုင်ငံရေးအခြေအနေများ မငြိမ်မသက်ဖြစ်သော်ငြားလည်း အာရှစီးပွားရေးအုပ်စု၏ အခြေခံမျက်နှာပြင်မှာ ခိုင်ခံ့နေဆဲဖြစ်ကြောင်း၊ အားကောင်းသော ပြည်တွင်း စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု စဉ်ဆက်မပြတ် တိုးတက်လာမှုနှင့် နည်းပညာပိုင်းတွင် ကိုယ်ပိုင်ဖော်ဆောင်မှုအသွင် ကူးပြောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်မှုများက ဒေသတွင်းစီးပွားရေး တိုးတက်မှုအတွက် အားကောင်းသော ထောက်ပံ့မှုများ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း အစီရင်ခံစာက ယူဆထားသည်။

အာရှသည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော ကမ္ဘာ့ပတ်ဝန်းကျင်တွင် ကြံ့ကြံ့ခံနိုင်ရည်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြသခဲ့ကြောင်း Asia House အဆင့်မြင့် သုံးသပ်သူ၊ အစီရင်ခံ အဓိကရေးသားသူ Matilda Townsend က ပြောကြားခဲ့သည်။ တည်ငြိမ်ကောင်းမွန်သော စီးပွားရေး အခြေခံမျက်နှာပြင်နှင့် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၏ ထောက်ပံ့မှုအောက်တွင် အာရှသည် ၂၀၂၆ ခုနှစ်နှင့် ပိုမိုကြာရှည်သော ကာလအတွင်း တိုးတက်မှု ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
英国智库:亚洲经济体2026年将继续成为全球增长重要引擎
新华社伦敦1月15日电(记者郑博非 于艾岑)英国智库亚洲之家15日发布经济展望报告说,亚洲经济体有望在2026年继续成为全球经济增长的重要引擎,在复杂多变的地缘政治环境中展现韧性。
报告认为,尽管地缘政治局势动荡,亚洲经济体的基本面依然坚实。强劲的国内消费、持续增长的投资以及向技术自主化转型的提速,将为区域经济增长提供有力支撑。
亚洲之家高级分析师、报告主要作者马蒂尔达·汤森表示,亚洲在充满挑战的全球环境中一次又一次展现韧性。在稳健的经济基本面和有利的投资环境支撑下,亚洲有望在2026年及更长时期内实现增长。(完)
图说:1月14日拍摄的山东港口青岛港外贸集装箱码头(无人机照片)。新华社发(俞方平 摄)