Asia
ယွန်းဆက်ယို ပြည်တွင်းဆူပူသောင်းကျန်းမှု၌ ပါဝင်မှုအတွက် ပထမအကြိမ်စီရင်မှုတွင် ထောင်ဒဏ် ၅ နှစ် ချမှတ်၊ အယူခံဝင်မည်ဟု ရှေ့နေအဖွဲ့ အရိပ်အမြွက်ပြောကြား
ဆိုးလ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယိုသည် ဇန်နဝါရီ ၁၆ ရက်တွင် အထူးအစိုးရတာဝန်များ လုပ်ဆောင်ခြင်းကို အဟန့်အတားပြုမှု စသည့်ပြစ်မှုများအတွက် ပထမအကြိမ် စီရင်မှုတွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ယွန်းဆက်ယိုသည် လက်ရှိတွင် တရားစွဲဆိုထားသည့် ရာဇဝတ်မှု ၈ မှုနှင့် ရင်ဆိုင်နေရပြီး ထိုနေ့က ပြည်တွင်းဆူပူသောင်းကျန်းမှုတွင် ပါဝင်ခြင်း၏ သက်ဆိုင်ရာအမှုများအတွက် ပထမဆုံးအကြိမ် စီရင်ချက်ချမှတ်ခြင်းဖြစ်သည်။
ယွန်းဆက်ယို၏ရှေ့နေအဖွဲ့က ပထမအကြိမ်စီရင်ချက်ရလဒ်အပေါ် ဝမ်းနည်းကြောင်း၊ ထိုအမှုသည် ပိုမိုအဆင့်မြင့်သော တရားရုံးမှ မဖြစ်မနေ ပြန်လည်စီရင်ရမည်ဟု ပြောကြားခဲ့ကာ အယူခံဝင်မည်ဟု အရိပ်အမြွက် ဆိုခဲ့သည်ဟု တောင်ကိုရီးယား YTN ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံး၏ ရာဇဝတ်မှု စီရင်ဆုံးဖြတ်ခြင်း အမှတ် ၃၅ ပူးတွဲခုံရုံးသည် ထိုနေ့ညနေပိုင်းတွင် ယွန်းဆက်ယိုက အထူးအစိုးရတာဝန်များ လုပ်ဆောင်ခြင်းကို အဟန့်အတားပြုမှု၊ ရာထူးတာဝန်အား အလွဲသုံး၍ သူတစ်ပါးက လုပ်ပိုင်ခွင့်လုပ်ဆောင်ခြင်းအား အဟန့်အတားပြုမှုတွင် ပါဝင်ခြင်းအတွက် ပထမအကြိမ် စီရင်ချက် ချမှတ်ခဲ့သည်။
ယွန်းဆက်ယိုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် တောင်ကိုရီးယား အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက ၎င်းအားဖမ်းဆီးမှုကို အဟန့်အတားပြုရန် သမ္မတလုံခြုံရေးဌာန ဝန်ထမ်းများကို ညွှန်ကြားခဲ့ခြင်းသည် ပြစ်မှုကျူးလွန်ရာကျကြောင်း တရားရုံးက ယူဆသည်။ တစ်ချိန်တည်းတွင် “ဒီဇင်ဘာ ၃ ရက်” အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်အား ထုတ်ပြန်ကြေညာချိန်တွင် နိုင်ငံတော်ကောင်စီ အစည်းအဝေး ကျင်းပသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် နိုင်ငံတော်ကောင်စီဝင် အချို့ကိုသာစုစည်း၍ အစည်းအဝေး ကျင်းပခဲ့ရာ အစည်းအဝေး မတက်ရောက်နိုင်သော နိုင်ငံတော်ကောင်စီဝင်များက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်အား စိစစ်သည့် အခွင့်အရေးအား ချိုးဖောက်ခဲ့ပြီး အဆိုပါလုပ်ရပ်သည်လည်း ပြစ်မှုကျူးလွန်ရာကျသည်ဟု ယူဆသတ်မှတ်ခြင်းခံရသည်။ ထို့ပြင် စစ်အုပ်ချုပ်ရေးအမိန့်အား ပယ်ဖျက်ပြီးနောက် ယွန်းဆက်ယိုသည် ဟန်ဆောင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက် စာရွက်စာတမ်း အတုအယောင် ပြုလုပ်ရန် ညွှန်ကြားခြင်းသည်လည်း ပြစ်မှုကျူးလွန်ရာကျသည်ဟု တရားရုံးက ယူဆသည်။
ယွန်းဆက်ယိုအနေဖြင့် နိုင်ငံခြားမီဒီယာများထံသို့ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းစနစ်အား ဖျက်ဆီးလိုသည့် ဆန္ဒအလျဉ်းမရှိ” စသည့် အတုအယောင်အကြောင်းအရာများ ပါဝင်သော သတင်းထုတ်ပြန်ချက်များ ထုတ်ဝေခြင်း ဟူသည့် အစိုးရရှေ့နေက အဆိုပြုတင်ပြသော စွဲဆိုချက်ကိုမူ တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
ယွန်းဆက်ယိုသည် ရာဇဝတ်မှု ပြစ်မှုမှတ်တမ်းမရှိခဲ့သဖြင့် ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ရာ အပြုသဘောဆောင်သည့် အခြေအနေတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားနိုင်ကြောင်း တရားရုံးက နောက်ဆုံးတွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် အရေးပေါ် စစ်အုပ်ချုပ်ရေးကိစ္စရပ်အား စုံစမ်းစစ်ဆေးရန် တာဝန်ယူရသည့် အထူးရှေ့နေအဖွဲ့က အဆိုပါအမှု အပြီးသတ်ကြားနာမှုအတွင်း တရားရုံးအနေဖြင့် ယွန်းဆက်ယိုအပေါ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရန် အကြံပြုခဲ့သည်။ ၎င်းအနက် ယွန်းဆက်ယိုက ဖမ်းဆီးမိန့် လုပ်ဆောင်ခြင်းအား အဟန့်အတားပြုခြင်းအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ရန်၊ နိုင်ငံတော်ကောင်စီဝင်များ၏ စိစစ်ခွင့်နှင့် ဆုံးဖြတ်ခွင့် စသည့် အခွင့်အရေးများအား ချိုးဖောက်ခြင်း၊ နိုင်ငံခြားသတင်းထောက်များထံ သတင်းအချက်အလက် အတုအယောင် ပံ့ပိုးပေးခြင်း၊ လျှို့ဝှက်လက်ကိုင်ဖုန်း စသည့် သက်ဆိုင်ရာ သက်သေအထောက်အထားများအား ဖျောက်ဖျက်ခြင်းအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ရန်၊ အချင်းဖြစ်ပွားပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် အတုအယောင်ပြုလုပ်ခြင်းအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ရန် အကြံပြုထားသည်။
ဇန်နဝါရီ ၁၃ ရက်တွင် တောင်ကိုရီးယား အစိုးရရှေ့နေက ယွန်းဆက်ယိုအား ပြည်တွင်းဆူပူသောင်းကျန်းမှု ခေါင်းဆောင်အဖြစ် ပါဝင်ပတ်သက်မှုဖြင့် သေဒဏ်ချမှတ်ရန် အကြံပြုခဲ့ပြီး အဆိုပါအမှုအတွက် ပထမအကြိမ်စီရင်ချက်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ချမှတ်သွားမည်ဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
尹锡悦涉内乱首案一审被判5年 律师团队暗示上诉
新华社首尔1月16日电(记者黄莹莹)韩国前总统尹锡悦16日因妨碍执行特殊公务等罪名一审被判有期徒刑5年。尹锡悦目前身陷8起刑事诉讼,当天是其涉嫌内乱相关案件的首场宣判。
据韩国YTN电视台报道,尹锡悦律师团队对一审判决结果表示遗憾,称此案必须由更高级别的法院重新审理,暗示将提出上诉。
韩国首尔中央地方法院刑事审判第35合议庭当天下午就尹锡悦涉嫌妨碍执行特殊公务、滥用职权妨碍他人行使权利案进行一审宣判。法院认定,尹锡悦于2025年1月3日指示总统警卫处人员阻碍公调处对其实施逮捕的行为构成犯罪;同时,在宣布“12·3”紧急戒严令时,为营造召开国务会议的假象,仅召集部分国务委员开会,侵害未能出席会议的国务委员对戒严令进行审议的权利,该行为亦被认定为有罪。此外,法院还认定,在戒严解除后,尹锡悦指示伪造虚假戒严宣布文件,亦构成犯罪。
对检方提出的尹锡悦指示向外媒散布包含“丝毫没有破坏宪政秩序意图”等虚假内容的新闻发布材料这一指控,法院判定无罪。
法庭最后表示,尹锡悦没有刑事处罚前科,属于初犯,可作为有利情节予以酌情考虑。
2025年12月26日,负责调查紧急戒严事件的特检组在此案结案庭审中建议法院判处尹锡悦有期徒刑10年。其中,就尹锡悦涉嫌妨害执行逮捕令建议判处其有期徒刑5年;就涉嫌侵犯国务委员审议权和议决权等权利、向外媒记者提供虚假信息、删除加密手机相关证据建议判刑3年;就涉嫌事后伪造戒严文件建议判刑2年。
本月13日,韩国检方以涉嫌内乱头目罪建议法院判处尹锡悦死刑,该案将于2月19日一审宣判。(完)
图说:1月16日,在韩国首尔火车站,民众观看尹锡悦的庭审新闻。新华社发(朴晋泽摄)
