Africa & Middle East
အီရန်အရေးနှင့်စပ်လျဉ်း၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကြေညာချက် ထုတ်ပြန်
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အီရန်အရေးနှင့်စပ်လျဉ်း၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဇန်နဝါရီ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
SCO အနေဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၌ ယခုကာလများအတွင်း ဖြစ်ပွားသော ဝမ်းနည်းဖွယ်ဖြစ်ရပ်များအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း၊ အဆိုပါဖြစ်ရပ်များကြောင့် အရပ်သားပြည်သူနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံရေးဝန်ထမ်းများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သလို အရပ်ဘက်သုံး အခြေခံအဆောက်အဦများ ဖျက်ဆီးခံခဲ့ရကြောင်း၊ SCO အနေဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများအား အထူးနှစ်သိမ့်အားပေးပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တစ်ဖက်သတ်ပိတ်ဆို့မှုအစီအမံများသည် နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေသလို ပြည်သူ့ဘဝ စားဝတ်နေရေးနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေရာ ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအစိုးရ၏ လူမှုစီးပွားတိုးတက်မှုအပေါ် အာမခံနိုင်စွမ်းကို လျော့နည်းသွားစေခဲ့ကြောင်း SCO ယူဆသည်။
SCO အနေဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ပြည်တွင်းရေးတွင် စွက်ဖက်မှုများအပေါ် ဆန့်ကျင်ကြောင်း၊ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံရေးအပေါ် လေးစားသည့် အခြေခံမူကို အစဉ်အမြဲလက်ကိုင်ထားပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကြောင်း၊ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် လက်ရှိအခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
——————-
(Chinese Version)
上海合作组织发表关于伊朗局势的声明
新华社北京1月16日电 上海合作组织16日发表关于伊朗局势的声明。
声明说,上海合作组织对伊朗伊斯兰共和国近期发生的悲剧事件表示严重关切。上述事件造成平民和执法安全人员伤亡,民用基础设施遭到破坏。上合组织向伊朗伊斯兰共和国政府和人民表示深切慰问。
上合组织认为,单边制裁措施严重危害国家经济稳定,损害民生福祉,客观上削弱了伊朗伊斯兰共和国政府对社会经济发展的保障能力。
上合组织反对干涉伊朗伊斯兰共和国内政,始终秉持尊重各国主权、独立和领土完整原则,反对在国际关系中使用武力或以武力相威胁,呼吁通过政治外交手段和平解决当前局势。(完)
1. 1月12日,在伊朗首都德黑兰,人们参加集会。 当地时间1月12日下午2时,伊朗首都德黑兰及多个城市举行反对骚乱的集会。 新华社记者 沙达提 摄
