North America
ဂရင်းလန်းကို အမေရိကန် ရရှိရန် မထောက်ခံသော နိုင်ငံများအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံနိုင်ခြေရှိကြောင်း ထရမ့် ဆို
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ဂရင်းလန်းကို အမေရိကန် ရရှိရန် မထောက်ခံသော နိုင်ငံများအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံနိုင်ခြေရှိကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အိမ်ဖြူတော်တွင် ကျင်းပသော ဆေးကုသရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ ထရမ့်က ၎င်းအနေဖြင့် ဥရောပဆေးဝါးကုမ္ပဏီလုပ်ငန်းများကို စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ယခင်က ခြိမ်းခြောက်ခဲ့သလို ဂရင်းလန်းကို အမေရိကန်က ရရှိရန် မထောက်ခံသော ဥရောပမဟာမိတ်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်က ဂရင်းလန်းအား ပိုင်ဆိုင်ရန် တောင်းဆိုရခြင်းမှာ အမျိုးသားလုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားခြင်းကြောင့်ဖြစ်သည်ဟု ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
ယင်းမှာ ထရမ့်က ဂရင်းလန်းကို ရရှိရန်အတွက် စည်းကြပ်ခွန်နည်းလမ်း သုံးနိုင်ခြေရှိကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်ဟု အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဂရင်းလန်းကျွန်းသည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်းဖြစ်သည်။ ထိုကျွန်းတွင် အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။ လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အမေရိကန်က စစ်ရေးအခြေစိုက်စခန်းတစ်ခု တည်ဆောက်ထားသည်။ အမေရိကန် သမ္မတ ထရမ့်သည် ၂၀၂၅ နှစ်တွင် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် လက်နက်အင်အား အသုံးပြုမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အမေရိကန်နှင့် ဒိန်းမတ် အဆင့်မြင့်အရာရှိများသည် ဤကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၁၄ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း နှစ်ဖက်အကြား “အခြေခံ ကွဲလွဲမှုများ” ရှိနေဆဲဖြစ်သည်။
၂၀၂၅ ခုနှစ်မှစ၍ ထရမ့်အစိုးရသည် အမျိုးသားလုံခြုံရေးကို အကြောင်းပြု၍ စည်းကြပ်ခွန်ကိရိယာကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ပြီး ပြည်တွင်းပြည်ပ ကျယ်ပြန့်သော ကန့်ကွက်မှုနှင့် ဝေဖန်မှုများ ခံခဲ့ရသည်။ (Xinhua)
………………….
(Chinese Version)
特朗普称可能对不支持美国得到格陵兰岛的国家加征关税
新华社华盛顿1月16日电 美国总统特朗普16日称,他可能会对那些不支持美国得到格陵兰岛的国家加征关税。
特朗普在白宫举行的医疗问题圆桌会上表示,他可能会像先前威胁对欧洲制药企业加征关税那样,对不支持美国得到格陵兰岛的欧洲盟友加征关税。特朗普再度声称,美国索要格陵兰岛是出于国家安全考虑。
据美国媒体报道,这是特朗普首次提及可能为得到格陵兰岛而使用关税手段。
格陵兰岛是世界第一大岛,也是丹麦自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛设有一处军事基地。特朗普2025年上任以来多次扬言要得到格陵兰岛,并声称不排除动用武力的可能性。对此,丹麦等欧洲国家强烈反对。美国和丹麦高级官员14日在白宫就此举行会晤,但双方仍然存在“根本性分歧”。
自2025年以来,特朗普政府频繁以国家安全为由动用关税工具,受到国内外广泛反对和抨击。(完)
图说·:9月30日,在美国首都华盛顿白宫,美国总统特朗普回答记者提问。新华社记者 胡友松 摄
