North America
အမေရိကန် မင်နီဆိုးတားပြည်နယ်တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား၊ အခြေအနေက “ထိန်းမနိုင်သိမ်းမရဖြစ်နေ” ဟု ထရမ့် ဆို
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော မင်နီယာပိုလစ်တွင် တင်းမာမှုအခြေအနေများ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။ ရီပက်ဘလစ်ကန်ပါတီဝင် သမ္မတ ထရမ့်က ဇန်နဝါရီ ၁၆ ရက်တွင် လူမှုမီဒီယာ၌ ဒေသတွင်း အရာရှိများအနေဖြင့် အခြေအနေအပေါ် “လုံးဝ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်” ဟု ဆိုခဲ့ပြီး “မဖြစ်မနေ လှုပ်ရှားမှုလုပ်ဆောင်ရမည်” ဖြစ်ကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ဆန္ဒပြသူ ပြည်သူများက မင်နီယာပိုလစ်မြို့ရှိ ဖက်ဒရယ်အစိုးရအဆောက်အဦ တစ်ခုပြင်ပတွင် ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများနှင့် အတိုက်အခံဖြစ်ကာ ပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက မျက်ရည်ယိုဗုံးနှင့် ခြောက်ခြားစေသည့်ဗုံး (stun grenade) များ အသုံးပြုခဲ့ကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
ဇန်နဝါရီ ၁၅ ရက် ညပိုင်း ပဋိပက္ခဖြစ်မှုအတွင်း လူ ၁၂ ဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) လှုပ်ရှားမှုအား ဆန့်ကျင်သည့် အဆိုပါ “လှုံ့ဆော်သူ” များသည် “တရားဥပဒေစိုးမိုးရေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်” ဟု အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်တွင် အတည်ပြုခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၁၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ “ပြဿနာရှာသူ၊ လှုံ့ဆော်သူနှင့် သောင်းကျန်းသူများ” ဟု ဆိုသောသူများကိုပင် ဦးတည်ကာ ဒီမိုကရက်တစ်ပါတီမှဖြစ်သော မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် မင်နီယာပိုလစ်မြို့တော်ဝန်တို့၏ လက်မှိုင်ချနေရမှုကို ဝေဖန်၍ “သူတို့က လုံးဝ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီ” ဟု ဆိုခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် “မဖြစ်မနေ လှုပ်ရှားမှု လုပ်ဆောင်ရမည်” ဆိုပါက ပြဿနာကို “မြန်ဆန်၍ ထိရောက်စွာ” ဖြေရှင်းသွားမည် ဟု ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၇ ရက်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ဝန်ထမ်းများက မင်နီယာပိုလစ်မြို့၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု လုပ်ဆောင်စဉ်တွင် ယာဉ်မောင်းနှင်နေသည့် အသက် ၃၇ နှစ်အရွယ် အမေရိကန်အမျိုးသမီး Renee Nicole အား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ဒေသတွင်း၌ အခြေအနေတင်းမာမှုနှင့် အမေရိကန်နိုင်ငံတစ်ဝန်း လူထုသဘောထား၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရသည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းများက ဇန်နဝါရီ ၁၄ ရက်တွင် ဒေသတွင်း၌ လှုပ်ရှားမှုတစ်ကြိမ်အတွင်း ဗင်နီဇွဲလားနိုင်ငံသား အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းဒဏ်ရာရရှိသွားခဲ့ပြီး ဆန္ဒပြမှုလှုပ်ရှားမှုများ ထပ်မံအရှိန်မြင့်တက်လာခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်ဘက်ဆင်ခြေဖုံး Broadview တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ၏ လုပ်ငန်းရုံး၌ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက လမ်းအတားအဆီးများအတွင်း ဆန္ဒပြသူများနှင့် အတိုက်အခံဖြစ်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
美国明尼苏达州抗议持续 特朗普称局势“失控”
新华社洛杉矶1月16日电(记者高山)美国明尼苏达州最大城市明尼阿波利斯紧张局势持续,抗议示威不断。共和党籍总统特朗普16日在社交媒体上称当地官员对局势“完全失控”,暗示可能会“被迫采取行动”。
据美国媒体报道,示威民众持续在明尼阿波利斯市一座联邦大楼外与联邦执法人员对峙并发生冲突,后者动用催泪弹和震爆弹。美国国土安全部16日证实,12人在15日夜间的冲突中被捕,并称这些反对美国移民与海关执法局行动的“煽动者”是“因袭击执法人员而被逮捕”。
特朗普16日在社交媒体上发文,同样把矛头指向所谓“麻烦制造者、煽动者和叛乱者”,批评来自民主党阵营的明尼苏达州长和明尼阿波利斯市长束手无策,“他们已经完全失去了控制”。
特朗普称,如果他“被迫采取行动”,就会“迅速且有效”解决问题。
本月7日,美国移民与海关执法局人员在明尼阿波利斯市进行抓捕非法移民的执法行动时,开枪打死驾车的37岁美国女子蕾恩·妮科尔·古德,引发当地局势紧张和全美舆论高度关注。联邦人员14日又在当地一次行动中开枪打伤一名委内瑞拉籍男子,使得抗议活动再度升温。(完)
1、1月11日,在美国首都华盛顿,民众抗议移民与海关执法局暴力执法。新华社发(李源清摄)
2、2025年9月26日,在位于美国芝加哥西郊布罗德维尤市的移民与海关执法局办事机构,执法人员在路障内与抗议者对峙。新华社发(文森特·约翰逊摄)
