Connect with us

North America

အမေရိကန် မင်နီဆိုးတားပြည်နယ်သို့ လေထီးတပ်သား ၁,၅၀၀ ခန့် ဖြန့်ကြက်နေရာချထားမည်ဟု အစိုးရအရာရှိ ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ၏ အကြမ်းဖက်လုပ်ဆောင်မှုအပေါ် ပြည်သူများ ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ် အမှတ် ၁၁ လေထီးတပ်မမှ လေထီးတပ်သား ၁,၅၀၀ ခန့် တပ်လှန့်ထားပြီဖြစ်ရာ မင်နီဆိုးတားပြည်နယ်တွင် ဖြန့်ကြက်နေရာချထားခံနိုင်ရခြေရှိကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိ၏ ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက ဇန်နဝါရီ ၁၇ ရက် ညပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါ တာဝန်ထမ်းဆောင်နေသော စစ်သည်များသည် အမေရိကန်ကြည်းတပ် အမှတ် ၁၁ လေထီးတပ်မ၏ တပ်ရင်းနှစ်ခုမှဖြစ်ကြောင်း၊ ထိုတပ်မသည် အလက်စကာပြည်နယ်၌ အခြေစိုက်ပြီး အေးခဲသောရာသီတွင် စစ်ဆင်ရေးလုပ်ဆောင်ရန် ကျွမ်းကျင်ကြောင်း အမေရိကန် ABC သတင်းဌာနနှင့် The Washington Post စသည့် မီဒီယာများက အမည်မဖော်လိုသူ သတင်းအရင်းအမြစ် အရာရှိအချို့၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

အမေရိကန်ကြည်းတပ်က ဖြန့်ကြက်နေရာချထားရန် ပြင်ဆင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါလုပ်ရပ်သည် မင်နီဆိုးတားပြည်နယ်၏ အကြမ်းဖက်မှု အဆင့်မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် “သတိထားစိစစ်ရေး အစီအစဉ်” ဟု ခေါ်ဆိုကြောင်း The Washington Post က သတင်းဖော်ပြထားသည်။ အမှတ် ၁၁ လေထီးတပ်မ၏ စစ်သည်များသည် လျင်မြန်စွာ တုံ့ပြန်လှုပ်ရှားသောတပ်ဖွဲ့အနေဖြင့် အချိန်မရွေး အသင့်အနေအထားဖြစ်ရန် အားလပ်ရက်ကာလအတွင်း အခြေစိုက်စခန်းသို့ ပြန်လည်ခေါ်ယူခံရခြင်းဖြစ်သည်ဟု အမေရိကန် ABC သတင်းဌာနက သတင်းဖော်ပြသည်။
ဇန်နဝါရီလ ၇ ရက်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ဝန်ထမ်းများက မင်နီဆိုးတားပြည်နယ် အကြီးဆုံးမြို့ဖြစ်သော မင်နီယာပိုလစ်၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့်လှုပ်ရှားမှု လုပ်ဆောင်စဉ်တွင် ယာဉ်မောင်းနှင်နေသည့် အသက် ၃၇ နှစ်အရွယ် အမေရိကန် အမျိုးသမီး Renee Nicole အား သေနတ်ဖြင့် သေဆုံးအောင်ပစ်ခတ်မှုသည် ဒေသတွင်း အခြေအနေတင်းမာမှုနှင့် အမေရိကန်နိုင်ငံတစ်ဝန်း လူထုသဘောထား၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရသည်။
မင်နီယာပိုလစ်မြို့၌ ရက်ဆက်တိုက် ဆန္ဒပြလှုပ်ရှားမှုများကြောင့် ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ မင်နီဆိုးတားပြည်နယ် အစိုးရအရာရှိက အဆိုပါပြည်နယ် အမျိုးသားအစောင့်တပ်များသည် “အသင့်အနေအထား” ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ကြေညာခဲ့သည်။ (Xinhua)

——————
(Chinese Version)
美官员称或向明尼苏达州部署约1500名伞兵
新华社洛杉矶1月17日电(记者高山)美国媒体17日晚援引美国国防官员消息报道称,大约1500名来自美军第11空降师的伞兵已处于警戒状态,可能被部署到明尼苏达州。
美国广播公司和《华盛顿邮报》等媒体援引一些拒绝公开姓名的知情官员的话报道,这些现役士兵隶属于美陆军第11空降师的两个营。该师驻扎在阿拉斯加州,擅长在寒冷天气中作战。
据《华盛顿邮报》报道,美国陆军发布了准备部署的命令,称此举为“审慎规划”,以防明尼苏达州暴力升级。据美国广播公司报道,第11空降师的士兵在假期中被召回基地,作为快速反应部队随时待命。
本月7日,美国移民与海关执法局人员在明尼苏达州最大城市明尼阿波利斯市进行抓捕非法移民的行动时,开枪打死驾车的37岁美国女子蕾恩·妮科尔·古德,引发当地局势紧张和全美舆论高度关注。连日来,明尼阿波利斯市抗议活动不断并引发冲突。明尼苏达州官员17日宣布,该州国民警卫队进入“待命状态”。(完)
图说:1月11日,在美国首都华盛顿,民众抗议移民与海关执法局暴力执法。新华社发(李源清摄)