Latin America
ဂိုဏ်းဂဏ အကြမ်းဖက်မှုကို ရင်ဆိုင်တုံ့ပြန်ရန် ဂွါတီမာလာတွင် နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ရက် ၃၀ ကြာ ဖော်ဆောင်မည်
မက္ကစီကိုမြို့၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဂွါတီမာလာ သမ္မတ Bernardo Arevalo က လတ်တလော အကျဉ်းထောင်အဓိကရုဏ်းများမှ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားမှုအခြေအနေကို တုံ့ပြန်ရင်ဆိုင်ရန် နိုင်ငံတစ်ဝန်း ရက် ၃၀ ကြာ စစ်အုပ်ချုပ်ရေးအခြေအနေ ဖော်ဆောင်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။
စစ်အုပ်ချုပ်ရေးဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများ ဘေးကင်းလုံခြုံရေးကို အာမခံရန်ဖြစ်ကြောင်း၊ စစ်တပ်နှင့် ရဲအင်အားများသုံး၍ ဂိုဏ်းဂဏများနှင့် ရာဇဝတ်ဂိုဏ်းများအပေါ် လိုအပ်သည့် လုပ်ဆောင်မှုများ ချမှတ်သွားပြီး ၎င်းတို့၏ ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များကို တားဆီးမည်ဖြစ်ကြောင်း Arevalo က နိုင်ငံတစ်ဝန်း ရေဒီယိုနှင့် ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။ စစ်အုပ်ချုပ်ရေးသည် ပြည်သူများ၏ နေ့စဉ်ဘဝ၊ အများပြည်သူဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ လည်ပတ်မှုကို ထိခိုက်စေမည်မဟုတ်သလို တရားစီရင်ရေးအဖွဲ့အစည်းများ ဖျက်သိမ်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် အခြားနိုင်ငံရေးလုပ်ထုံးလုပ်နည်းများကို နှောင့်ယှက်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အစိုးရသည် အကြမ်းဖက်အဖွဲ့ဝင် သို့မဟုတ် ပြစ်မှုကျူးလွန်သည့်အဖွဲ့များနှင့် လုံးဝစေ့စပ်ညှိနှိုင်းမည်မဟုတ်သလို ၎င်းတို့၏ တရားမဝင် တောင်းဆိုမှုများကိုလည်း ဖြည့်ဆည်းပေးမည်မဟုတ်ကြောင်း Arevalo က အလေးအနက်ထား ပြောကြားခဲ့သည်။
ဂွါတီမာလာ အကျဉ်းထောင် ၃ ခုတွင် ဇန်နဝါရီ ၁၇ ရက်က အဓိကရုဏ်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ယင်းနောက် နိုင်ငံတစ်ဝန်း နေရာအများအပြားတွင် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားသော လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ရပြီး အခြား ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကြောင်း ဂွါတီမာလာ ရဲစခန်းဌာနချုပ်က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရသည် လက်ရှိတွင် အဓိကရုဏ်းဖြစ်ပွားသော အကျဉ်းထောင်များကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်ကြောင်း ဂွါတီမာလာ ပြည်ထဲရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)

ဂွါတီမာလာနိုင်ငံ Fraijanes မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အဓိကရုဏ်းဖြစ်မှုအခြေအနေကို စစ်ဆေးကြည့်ရှုနေသော အကျဉ်းထောင်သားများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
应对帮派暴力 危地马拉全国戒严30天
新华社墨西哥城1月18日电(记者翟淑睿)危地马拉城消息:危地马拉总统阿雷瓦洛18日宣布在全国实施为期30天的戒严状态,以应对近期监狱骚乱引发的持续暴力事态。
阿雷瓦洛在全国广播电视讲话中说,实施戒严的目的是保障公民安全,动用军警力量对帮派和犯罪团伙采取必要行动,制止其违法犯罪活动。他还说,戒严不会影响公民日常生活、公共和私人机构运作,也不会干扰司法机关换届或其他政治程序。
阿雷瓦洛强调,政府坚决不与恐怖分子或犯罪团伙谈判,也不会满足其非法要求。
17日,危地马拉3所监狱发生大规模骚乱,随后全国多地发生针对警察的武装袭击。危地马拉警察总署18日说,已有8名警员遇害,另有多名警员受伤。危内政部称,目前政府已重新控制发生骚乱的监狱。(完)
图说1:1月17日,人们在危地马拉弗赖哈内斯一所监狱查看骚乱情况。新华社发
图说2:1月17日,囚犯在危地马拉弗赖哈内斯一所监狱查看骚乱情况。新华社发
