Europe
ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ကာလအတွင်း ယူကရိန်းနှင့် အမေရိကန် ဆက်လက်ဆွေးနွေးညှိနှိုင်းမည်
ကိဗ်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ယူကရိန်း-အမေရိကန် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ကာလအတွင်း အမေရိကန်က ယူကရိန်းအပေါ် လုံခြုံရေးအာမခံပေးမှု သဘောတူညီချက်နှင့် ယူကရိန်း စီးပွားရေး သာယာဝပြောရေး သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် သဘောတူညီခဲ့ကြောင်း ယူကရိန်းဘက် ဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov က ဇန်နဝါရီ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ယူကရိန်းဘက် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် အမေရိကန်သို့ရောက်ရှိ၍ အမေရိကန်ဘက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ယူကရိန်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ နှစ်ဖက်အဖွဲ့များအနေဖြင့် အထက်ပါသဘောတူညီချက်နှစ်ရပ်အား အကောင်အထည်ဖော်မည့် လက်တွေ့ယန္တရားအကြောင်း အဓိကထားဆွေးနွေးခဲ့ကြောင်း Rustem Umerov က ဆိုသည်။ အမေရိကန်ဘက် ဆွေးနွေးညှိနှိုင်းမှုကိုယ်စားလှယ်များတွင် သမ္မတ အထူးသံတမန် Steve Witkoff ၊ သမ္မတ ထရမ့်၏ သားမက် Jared Kushner ၊ စစ်တပ်ဝန်ကြီး Daniel Driscoll နှင့် အိမ်ဖြူတော် အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် Josh Greenbaum တို့ ပါဝင်သည်။
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ထိုညတွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ Rustem Umerov အနေဖြင့် ၎င်းထံသို့ အမေရိကန်ဘက်နှင့် ဆွေးနွေးညှိနှိုင်းမှုအခြေအနေအား တင်ပြပြီးဖြစ်ကြောင်း၊ “(ယူကရိန်း-အမေရိကန်) နှစ်ဖက်က အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ပြီးပါပြီ။ အခု စစ်ပွဲအဆုံးသတ်ရန် လိုအပ်တဲ့ သဘောတူညီချက် စာရွက်စာတမ်းနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ယူကရိန်း-အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ၏ အမေရိကန်၌ ညှိနှိုင်းဆွေးနွေးမှုအတွင်း အမေရိကန်က ယူကရိန်းအပေါ် လုံခြုံရေးအာမခံပေးမှု သဘောတူညီချက်နှင့် ယူကရိန်း စီးပွားရေး သာယာဝပြောရေး သဘောတူညီချက်များကို နောက်ဆုံးအတည်ပြုနိုင်မည်ဆိုပါက ၎င်းနှင့်ထရမ့်တို့သည် ဒါဗို့စ်မြို့၌ အဆိုပါ သဘောတူညီချက်နှစ်ရပ်အား လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ရှေးဦးစွာ အမေရိကန်ဘက်က ရာသက်ပန်လုံခြုံရေးအာမခံချက် ပေးရမည်ဖြစ်ပြီး ယူကရိန်းဘက်ကလည်း လက်တွေ့ဘဏ္ဍာရေးအရ ပံ့ပိုးပေးမှုရရှိရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ပြောကြားခဲ့သည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှတ်တံဆိပ်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
乌美将在世界经济论坛年会期间继续磋商
新华社基辅1月18日电(记者李东旭)乌克兰谈判代表团团长、乌国家安全与国防委员会秘书乌梅罗夫18日在社交媒体发文说,乌美谈判团队同意在瑞士达沃斯举行的世界经济论坛2026年年会期间就美国对乌安全保障协议和乌经济繁荣协议进行磋商。
据乌克兰媒体报道,乌方代表团17日抵达美国与美方举行磋商。乌梅罗夫说,双方团队重点讨论了落实上述两份协议的实际机制。美方谈判代表包括总统特使威特科夫、总统特朗普的女婿库什纳、陆军部长德里斯科尔和白宫高级顾问乔希·格伦鲍姆。
乌克兰总统泽连斯基当晚在视频讲话中说,乌梅罗夫已向他汇报与美方磋商情况。“(乌美)双方已进行多轮磋商,目前正在就结束战争所需的协议文件开展工作”。
泽连斯基16日在基辅表示,如果乌美代表团在美国进行的磋商能最终敲定美国对乌安全保障协议和乌克兰经济繁荣协议,那么他和特朗普有望在达沃斯签署这两份协议,但前提是美方需提供永久安全保障,且乌方能够获得实质性金融支持。(完)
1、2025年12月28日,美国总统特朗普在美国佛罗里达州海湖庄园同乌克兰总统泽连斯基举行会晤。这是特朗普在海湖庄园门口迎接泽连斯基。新华社/美联
2、这是1月18日在瑞士达沃斯拍摄的世界经济论坛标识。新华社记者 连漪 摄
