Connect with us

Africa & Middle East

ဂီနီနိုင်ငံ သမ္မတအသစ် Doumbouya ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကျိန့်ကျန့်ပန်း တက်ရောက်

ဂီနီနိုင်ငံ မြို့တော် ကွန်နကရီတွင် ရွေးကောက်ခံသမ္မတ Mamady Doumbouya (အလယ်၊ ဝဲ) က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြည်သူများအား လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွန်နကရီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂီနီသမ္မတနိုင်ငံ သမ္မတ Mamady Doumbouya ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကျိန့်ကျန့်ပေါင်းသည် ဇန်နဝါရီ ၁၇ ရက်က ဂီနီနိုင်ငံ မြို့တော် ကွန်နကရီတွင် ကျင်းပသော သမ္မတ Doumbouya ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့သည်။ သမ္မတ Doumbouya သည် ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း ကျိန့်ကျန့်ပေါင်းနှင့် ခဏတာအကျဉ်းချုပ် ဆွေးနွေးဖလှယ်ခဲ့သည်။
ကျိန့်ကျန့်ပေါင်းက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားနှင့် ဆုမွန်ကောင်းကို Doumbouya ထံ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂီနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားကြောင်း၊ ဂီနီနိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ တရုတ်-ဂီနီ ဘက်စုံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Doumbouya က သမ္မတ ရှီကျင့်ဖိန်အပေါ် ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုကို ကျိန့်ကျန့်ပေါင်းမှတစ်ဆင့် ပြောကြားစေခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်အနေဖြင့် အထူးသံတမန် စေလွှတ်၍ ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ ဂီနီနိုင်ငံသည် နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို တန်ဖိုးထား ရှုမြင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍအသီးသီး ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ နှစ်ဖက်ဆက်ဆံရေး အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂီနီနိုင်ငံ မြို့တော် ကွန်နကရီတွင် ရွေးကောက်ခံသမ္မတ Mamady Doumbouya (အလယ်၊ ဝဲ) က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ စစ်ဘက်ဝန်ထမ်းများအား အလေးပြုနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
习近平主席特使、全国人大常委会副委员长郑建邦出席几内亚新任总统就职仪式
新华社科纳克里1月18日电(记者张健)应几内亚共和国总统敦布亚邀请,习近平主席特使、全国人大常委会副委员长郑建邦17日在几内亚首都科纳克里出席敦布亚总统就职仪式。敦布亚总统在就职仪式期间同郑建邦简短交谈。
郑建邦向敦布亚转达习近平主席的亲切问候和良好祝愿,表示中方高度重视中几关系发展,愿同几方一道,弘扬传统友好,深化互利合作,推动中几全面战略合作伙伴关系取得更大发展。
敦布亚请郑建邦转达对习近平主席的诚挚问候,感谢习近平主席派特使出席其就职仪式,强调几方珍视两国传统友谊,愿同中方深化各领域友好合作,推动双边关系再上新台阶。(完)
图说1:1月17日,在几内亚首都科纳克里,当选总统马马迪·敦布亚(中左)在就职仪式上向人们挥手致意。新华社记者 张健 摄
图说2:1月17日,在几内亚首都科纳克里,当选总统马马迪·敦布亚(中)在就职仪式上向军方人员敬礼。新华社记者 张健 摄