Connect with us

Asia

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက အောက်လွှတ်တော်ကို ဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟု ကြေညာ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အဦ အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အောက်လွှတ်တော်ကို ဇန်နဝါရီ ၂၃ ရက်တွင် ဖျက်သိမ်း၍ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရွေးကောက်ပွဲအသစ်အတွက် ကြေညာချက်အား ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်၍ ဖေဖော်ဝါရီ ၈ ရက်တွင် မဲပေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဆာနာအဲ တာကာအိချိက ယခုအကြိမ် ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ အာဏာရပါတီ လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော်ရရှိရန် ဖြစ်သည်ဟု ဆိုသည်။ အောက်လွှတ်တော်ဖျက်သိမ်းရခြင်း၏ အကြောင်းရင်းမှာ အာဏာရညွန့်ပေါင်းအစိုးရ၏ မူဘောင်ပြောင်းလဲမှုဖြစ်ပွားခြင်း၊ မူဝါဒအသစ် ဖော်ဆောင်မှု တွန်းအားပေးလိုခြင်း စသည်တို့ ပါဝင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်သည် မူလက ဂျပန်လွှတ်တော် ပုံမှန်အစည်းအဝေး ဖွင့်လှစ်ကျင်းပသည့်နေ့ဖြစ်သည်။ ပုံမှန်လုပ်ထုံးလုပ်နည်းအရ လွှတ်တော် ပုံမှန်အစည်းအဝေး၏ အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုမှာ ဧပြီ ၁ ရက် ဘဏ္ဍာနှစ်အသစ်မစတင်မီ ဘဏ္ဍာငွေ အရအသုံးမူကြမ်းအား စိစစ်အတည်ပြုရန်ဖြစ်သည်။ ဆာနာအဲ တာကာအိချိက ဤအချိန်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် အရအသုံးအား စိစစ်သည့် ပုံမှန်လုပ်ငန်းစဉ်ကို များစွာအချိန်ဆွဲခြင်းဖြစ်သဖြင့် ဘဏ္ဍာနှစ်အသစ်၏ ဘဏ္ဍာငွေအရအသုံးမူကြမ်းအား ဧပြီ ၁ ရက်မတိုင်မီ အတည်ပြုနိုင်မည်လောနှင့်စပ်လျဉ်း၍ ဂျပန်နယ်ပယ်အသီးသီးက စိုးရိမ်ပူပန်လျက်ရှိသည်။
ဂျပန် The Mainichi ၊ Tokyo Shimbun စသည့်မီဒီယာများကလည်း လတ်တလောရက်ပိုင်းတွင် အယ်ဒီတာအာဘော်များ ထုတ်ပြန်၍ ဆာနာအဲ တာကာအိချိက ယခုအချိန်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် ပါတီတစ်ကိုယ်ရေအကျိုးစီးပွားကိုသာ ငဲ့ကွက်ခြင်း၊ ဖျက်သိမ်းခွင့်အာဏာကို အလွှဲသုံးခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

ဆာနာအဲ တာကာအိချိက ယခုအချိန်တွင် အောက်လွှတ်တော်အား ဖျက်သိမ်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ရှိပြည်တွင်း၌ ထောက်ခံအားပေးမှု မြင့်မားခြင်းကို အကြောင်းပြု၍ အာဏာကိုခိုင်မြဲအောင် လုပ်ဆောင်လိုခြင်းဖြစ်သည်ဟု သုံးသပ်သူများက ယူဆသည်။ ဆာနာအဲ တာကာအိချိအနေဖြင့် ရွေးကောက်ပွဲအသစ် မကျင်းပဘဲ လွှတ်တော်ပုံမှန်အစည်းအဝေး ကျင်းပမည်ဆိုပါက ၎င်းအစိုးရအဖွဲ့သည် စီးပွားရေး၊ သံတမန်ဆက်ဆံရေး၊ လှူဒါန်းငွေနာမည်ပျက်သတင်း စသည့်ပြဿနာများကြောင့် ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခံရပြီး ထောက်ခံအားပေးခံရမှု လျော့နည်းသွားနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းအနေဖြင့် အမှတ်မလျော့ခင် အာဏာခိုင်မြဲစေရန်အတွက် အားပြိုင်လုပ်ဆောင်ရန် မျှော်လင့်နေသည်ဟု ဂျပန် ယာမာဂူချိတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Atsushi Koketsu က သတင်းထောက်ကို ပြောကြားခဲ့သည်။
ယခုအကြိမ် ဂျပန်လွှတ်တော် အောက်လွှတ်တော်အမတ်များ၏ တာဝန်ထမ်းဆောင်ရမည့်ကာလမှာ မူလတွင် ၂၀၂၈ ခုနှစ် အောက်တိုဘာလ၌ ပြည့်မည်ဖြစ်သည်။ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အရ အောက်လွှတ်တော်အား ရွေးကောက်တင်မြှောက်ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း လွှတ်တော် မဖြစ်မနေခေါ်ယူကျင်းပ၍ ဝန်ကြီးချုပ်ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ (Xinhua)

—————–
(Chinese Version)
日本首相高市早苗宣布将解散众议院举行新选举
新华社东京1月19日电(记者陈泽安 李子越)日本首相高市早苗19日在记者会上说,将于23日解散众议院举行选举。新选举将于27日发布公告,2月8日进行投票。
高市表示,此次选举的目标是执政党赢得过半数议席。她还说,解散众议院的理由包括执政联盟的框架发生变化、为了推行新政等。
23日原本是日本国会例会开幕的日子。按照惯例,国会例会的一项重要议程是在4月1日新财年开始前审议通过预算案。高市此时解散众议院,审议预算的正常程序将大幅拖延,新财年预算案能否在4月1日前通过,引发日本各界担忧。
日本《每日新闻》《东京新闻》等媒体近日发表社论,批评高市选择此时解散众议院是只顾党派私利、滥用解散权。
分析人士认为,高市选择此时解散众议院的主要目的是想借当前国内的高支持率巩固政权。日本山口大学名誉教授纐缬厚对记者表示,高市如果不举行新选举而召开国会例会的话,其内阁很可能会因经济、外交、献金丑闻等问题遭到严厉质询而失去支持,因此她希望在失分前强化政权进行博弈。
本届日本国会众议院议员的任期原定于2028年10月届满。日本宪法规定,众议院选举后30天内须召集国会,举行首相指名选举。(完)
图说:这是1月19日在日本东京拍摄的国会外景。新华社记者 贾浩成 摄