Connect with us

North America

ဂရင်းလန်းကျွန်းသဘောတူညီချက်မရလျှင် ဥရောပကို ထပ်တိုးစည်းကြပ်ခွန် မုချမသွေ ကောက်ခံသွားမည်ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပမ်းဘိရှ်မြို့ရှိ မာ-အာ-လာဂိုစံအိမ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်က ဂရင်းလန်းကျွန်းရယူရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက်မရရှိပါက ဥရောပနိုင်ငံအချို့အပေါ် ထပ်တိုးစည်းကြပ်ခွန် ရာနှုန်းပြည့် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က ယင်းနေ့တွင် NBC ၏ မေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာ ဂရင်းလန်းကျွန်းကို လက်နက်အင်အားသုံး၍ လုယူမည်လော ဟု မေးမြန်းမှုနှင့်စပ်လျဉ်း၍ ၎င်းက “ပြောပြရန် အကြောင်းမရှိ” ဟု ဆိုသည်။
ဥရောပအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကို အာရုံစိုက်သင့်ကြောင်း၊ “အဲဒါက ဥရောပ အာရုံစိုက်သင့်တဲ့အရာပါ၊ ဂရင်းလန်းကျွန်းကို အာရုံစိုက်ရမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်းအရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက်မရရှိနိုင်ခဲ့လျှင် ၎င်းအနေဖြင့် ဥရောပနိုင်ငံများအပေါ် စီစဉ်ထားသည့်အတိုင်း စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည်လော ဟူသော မေးခွန်းကိုလည်း မေးမြန်းခဲ့ရာ ထရမ့်က “ကျုပ်က ကောက်ခံသွားမှာပါ၊ ရာနှုန်းပြည့်ပဲ” ဟု ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံအနေဖြင့် ၎င်းကို နိုဘယ်ငြိမ်းချမ်းရေးဆု မပေးအပ်သည့်အပေါ် ထရမ့်က ထပ်မံ ပြစ်တင်ခဲ့သည်။
“သူတို့ ဘယ်လိုပဲပြောပြောလေ၊ နော်ဝေက နိုဘယ်ငြိမ်းချမ်းရေးဆုကို အပြည့်အဝ ချုပ်ကိုင်ထားတယ်”၊ “သူတို့က ဒါနဲ့ မသက်ဆိုင်ပါဘူးလို့ ပြောလေ့ရှိတယ်၊ ဒါပေမဲ့ တကယ်တော့ သူတို့နဲ့ ဒီကိစ္စက လုံးဝသက်ဆိုင်မှုရှိတယ်” ဟု ၎င်းက ဆိုသည်။

ထရမ့်က နော်ဝေဝန်ကြီးချုပ် Jonas Gahr Støre ထံသို့ ဇန်နဝါရီ ၁၉ ရက်တွင် စာတိုပေးပို့ခဲ့ရာ “စစ်ပွဲ ၈ ခု” ကို ၎င်းတားဆီးပေးမှုအပေါ် နော်ဝေနိုင်ငံအနေဖြင့် ၎င်းအား နိုဘယ်ငြိမ်းချမ်းရေးဆုဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း မပြုရန် ဆုံးဖြတ်သောကြောင့် “ကျုပ်အနေနဲ့ ငြိမ်းချမ်းရေးကိုပဲ စဉ်စားဖို့ တာဝန်ဝတ္တရား မရှိတော့ဘူး … အခု ကျုပ်အနေနဲ့ အမေရိကန်အတွက် ဘာက အကျိုးရှိတယ်ဆိုတာနဲ့ သင့်လျော်တယ်ဆိုတာကို စဉ်းစားလို့ရပြီ” ဟု ပြောကြားခဲ့သည်။ (Xinhua)
#US ###Europe #အမေရိကန် #ထရမ့် #ဂရင်းလန်း #ဥရောပ

——————-
(Chinese Version)
特朗普:若无格陵兰岛问题协议,必对欧加征关税
新华社华盛顿1月19日电 美国总统特朗普19日称,若未就美国得到格陵兰岛问题达成协议,他将“百分之百”对部分欧洲国家加征关税。
特朗普当天接受美国全国广播公司采访,在被问及是否会动用武力夺取格陵兰岛时,他表示“无可奉告”。他声称,欧洲应专注于俄乌冲突,“那是欧洲应该关注的,而不是格陵兰岛”。
当被问及若无法就格陵兰岛问题达成协议,他是否会按照计划对欧洲国家加征关税。特朗普说:“我会的,百分之百。”
特朗普再次抱怨挪威没有给他颁发诺贝尔和平奖。“不管他们怎么说,挪威完全操控诺贝尔和平奖。”“他们喜欢说与此无关,但实际上他们与此事完全有关。”
特朗普19日曾给挪威首相斯特勒回复短信,称鉴于挪威决定不授予他诺贝尔和平奖以表彰他阻止了“8场战争”,“我觉得不再有义务只考虑和平……现在我可以考虑对美国来说什么是有利和恰当的”。(完)
1. 这张美国白宫发布的视频截图显示,1月3日,美国总统特朗普在佛罗里达州海湖庄园举行发布会。 新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.