Europe
အမေရိကန်က “ဂရင်းလန်းကျွန်း လုယူမှု” အတွက် စည်းကြပ်ခွန်ဖြင့် အကျပ်ကိုင်မှုသည် လုံးဝအဓိပ္ပာယ်မဲ့သဖြင့် ဥရောပက မဖြစ်မနေ အခိုင်အမာတုံ့ပြန်ရမည်ဟု ဆွီဒင် ဘဏ္ဍာရေးဝန်ကြီး ဆို
ဟယ်လ်ဆင်ကီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်က ဂရင်းလန်းကျွန်းအရေးနှင့်စပ်လျဉ်း၍ စည်းကြပ်ခွန် အကျပ်ကိုင်မှု လုပ်ဆောင်ခြင်းသည် “လုံးဝအဓိပ္ပာယ်မဲ့” သဖြင့် ဥရောပအနေဖြင့် အလိုလိုက် အလျှော့မပေးသင့်ဘဲ မဖြစ်မနေ အခိုင်အမာတုံ့ပြန်ရမည်ဟု ဆွီဒင်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Elisabeth Svantesson က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က စည်းကြပ်ခွန် ထပ်တိုးကောက်ခံမှုနည်းလမ်းဖြင့် ဂရင်းလန်းကျွန်းကို အမေရိကန်လက်ထဲရောက်ရှိအောင် ကြိုးပမ်းနေကြောင်း၊ အဆိုပါလုပ်ရပ်သည် “လုံးဝအဓိပ္ပာယ်မဲ့” ပြီး “ကလေးကစားသည်နှင့်အလားတူ” ပင်ဖြစ်သည်ဟု Elisabeth Svantesson က ဇန်နဝါရီ ၁၉ ရက်တွင် SVT ရုပ်မြင်သံကြား၏ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။
ထရမ့်က လုံးဝသဘောထားမလျော်ကန်သည့် တောင်းဆိုချက် လုပ်ဆောင်သဖြင့် ဥရောပက လက်ရှိတွင် မရှိခဲ့ဖူးသည့် “မတည်မငြိမ်လှုပ်ခတ်မှု” အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ ဥရောပနိုင်ငံအသီးသီးက ယင်းနှင့်စပ်လျဉ်း၍ မဖြစ်မနေ တင်းမာသော၊ ပြင်းထန်သော တုံ့ပြန်မှု လုပ်ဆောင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြောင်း၊ “ကျွန်မတို့က ယဉ်ယဉ်ကျေးကျေးရပ်နေပြီး ခေါင်းငုံ့အလိုလိုက် အလျှော့ပေးနေလို့ မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။
မကြာသေးမီရက်များတွင် နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် စသည့် ဥရောပနိုင်ငံများက ဂရင်းလန်းကျွန်း၌ ဒိန်းမတ် လုပ်ဆောင်သော “Arctic Endurance” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စစ်သည်များစေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်သည် ဖေဖော်ဝါရီ ၁ ရက်မှစကာ အမေရိကန်သို့ တင်ပို့သည့် အထက်ပါ ၈ နိုင်ငံမှ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း၊ ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်နှုန်းထားကို ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ရာ ယင်းသည် သက်ဆိုင်ရာဘက်အနေဖြင့် အမေရိကန်က “ဂရင်းလန်းကျွန်းအား ဘက်စုံ အပြည့်အဝ ဝယ်ယူမှု” အတွက် သဘောတူညီချက် ရရှိပြီးသည်အထိ ဖြစ်ကြောင်း ထရမ့်က ဇန်နဝါရီ ၁၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ဥရောပနိုင်ငံအများအပြားက ယင်းအပေါ် ဝေဖန်ပြောကြားခဲ့ပြီး တန်ပြန်အစီအမံများ လုပ်ဆောင်နိုင်ခြေရှိသည်ဟု ဆိုခဲ့သည်။ (Xinhua)
——————-
(Chinese Version)
瑞典财政大臣:美国“夺岛”关税胁迫荒谬至极 欧洲必须强硬反击
新华社赫尔辛基1月19日电(记者朱昊晨 张玉亮)斯德哥尔摩消息:瑞典财政大臣伊丽莎白·斯万特松19日表示,美国围绕格陵兰岛问题展开的关税胁迫“荒谬至极”,欧洲不应顺从屈服,必须作出强硬反击。
斯万特松19日接受瑞典电视台采访时说,美国总统特朗普试图用加征关税的方式迫使格陵兰岛落入美国之手,这一举动“荒谬至极”,“如同儿戏”。
她表示,由于特朗普提出完全不合理的要求,欧洲现在面临前所未有的“动荡不安”态势。她说,欧洲各国普遍认为,必须就此作出强硬、严厉的回击,“我们不能彬彬有礼地站在那,点头哈腰地顺从屈服”。
近日,挪威、瑞典、法国、德国、英国、荷兰和芬兰等欧洲国家宣布向格陵兰岛派兵,参加由丹麦在该岛发起的“北极耐力”军事演习。特朗普17日在社交媒体上宣布,将从2月1日起对来自上述八国的输美商品加征10%关税,并宣称加征关税的税率将从6月1日起提高至25%,直到相关方就美国“全面、彻底购买格陵兰岛”达成协议。欧洲多国对此予以批评,并表示可能采取反制措施。(完)
图说:2025年3月21日,在丹麦自治领地格陵兰岛纳尔萨克,孩子们在路边玩耍。新华社记者彭子洋摄
