Asia
ဂျပန်နိုင်ငံရေးပါတီအသစ် “အလယ်အလတ်လမ်းစဉ် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့” က နိုင်ငံရေးအစီအမံ ထုတ်ပြန်၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အခိုင်အမာလက်ကိုင်ထားမှုကို ထောက်ခံအားပေး
တိုကျို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဂျပန်အတိုက်အခံပါတီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီ (CDPJ) နှင့် ခိုမေတိုပါတီတို့သည် ဇန်နဝါရီ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲကျင်းပ၍ ပါတီနှစ်ခု အတူတကွဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီအသစ် “အလယ်အလတ်လမ်းစဉ် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ (CRA)” ၏ နိုင်ငံရေးအစီအမံများနှင့် အခြေခံမူဝါဒများကို ထုတ်ပြန်ခဲ့သည်။ ထိုနိုင်ငံရေးပါတီအသစ်သည် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို အခိုင်အမာလက်ကိုင်ထားရန် ထောက်ခံအားပေးခဲ့သည်။
အခြေခံမူဝါဒများတွင် CRA သည် စီးပွားရေးမူဝါဒအား “လူနေမှုဘဝကို ဦးစားပေးခြင်း”၊ ယန်းငွေ အလွန်အကျွံ တန်ဖိုးကျဆင်းမှုကို ပြုပြင်ခြင်းနှင့် မရှိမဖြစ်လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို လျှော့ချခြင်း စသည်တို့ထံ ဦးတည်ပြောင်းလဲရန်လည်း ထောက်ခံအားပေးကြောင်း၊ ယင်းအစီအမံများတွင် အဓိကအားဖြင့် စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေး၊ လူမှုဖူလုံရေးပုံစံအသစ်တစ်ခု ဖွဲ့စည်းတည်ဆောက်ခြင်း၊ အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်ခြင်း၊ လက်တွေ့ကျသော နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများကို ကျင့်သုံးခြင်း စသည်တို့ ပါဝင်ကြောင်း ဂျပန် Kyodo သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
CDPJ နှင့် ခိုမေတိုပါတီတို့သည် ဇန်နဝါရီ ၁၆ ရက်တွင် နိုင်ငံရေးပါတီအသစ် “အလယ်အလတ်လမ်းစဉ် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ (CRA)” ကို အတူတကွဖွဲ့စည်းထူထောင်ခဲ့ကြောင်း တရားဝင်အတည်ပြုခဲ့ပြီး ယင်းက မကြာသေးမီတွင် ကျင်းပမည့် အောက်လွှတ်တော်ရွေးကောက်ပွဲ၌ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ဦးဆောင်သော အာဏာရပါတီအဖွဲ့ကို လက်တွဲ၍ ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်သည်။
ဇန်နဝါရီ ၂၃ ရက်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်တွင် အောက်လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဆာနာအဲ တာကာအိချိက ဇန်နဝါရီ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယခုအကြိမ် ဂျပန်လွှတ်တော် အောက်လွှတ်တော်အမတ်များ၏ တာဝန်ထမ်းဆောင်မည့်သက်တမ်းများကို ၂၀၂၈ ခုနှစ် အောက်တိုဘာလတွင်ကုန်ဆုံးရန် မူလက သတ်မှတ်ထားသည်။ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အရ အောက်လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း ၃၀ အတွင်း လွှတ်တော်အား မဖြစ်မနေခေါ်ယူကျင်းပ၍ ဝန်ကြီးချုပ်ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ (Xinhua)
………………
(Chinese Version)
日本新政党“中道改革联合”发布政纲 主张坚持“无核三原则”
新华社东京1月19日电(记者陈泽安 李子越)日本在野党立宪民主党和公明党19日举行记者会,发布两党共同组建的新政党“中道改革联合”的纲领和基本政策。新政党主张坚持“无核三原则”。
据日本共同社报道,在基本政策上,“中道改革联合”还主张经济政策转向“生活者优先”、纠正日元过度贬值、降低生活必需品价格等。其纲领要点包括持续性经济增长、构建新型社会保障模式、实现包容性社会、推行务实的外交与防卫政策等。
立宪民主党与公明党16日正式确定共同组建新党“中道改革联合”,旨在在即将举行的众议院选举中联手对抗日本首相高市早苗领导的执政党阵营。
高市早苗19日在记者会上表示,将于23日解散众议院,2月8日举行众议院选举。本届日本国会众议院议员的任期原定于2028年10月届满。日本宪法规定,众议院选举后30天内须召集国会,举行首相指名选举。(完)
图说:1月16日,在日本东京,立宪民主党党首野田佳彦(上左)与公明党党首齐藤铁夫(上右)在记者会上展示两党共同组建的新党名称。新华社/共同社
