Connect with us

Europe

ဂရင်းလန်းကျွန်းအား အမေရိကန် လုယူမည့် အကြံအစည်နှင့် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်မှုအပေါ် ဥရောပက “အနုအကြမ်း နည်းလမ်းနှစ်သွယ်” ဖြင့် တုံ့ပြန်

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် နုခ် ၏ မြို့လယ်မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းကို အမေရိကန် ရရှိရေးအပေါ် ဆန့်ကျင်သည့် ဥရောပနိုင်ငံများအား စည်းကြပ်ခွန် ထပ်တိုးကောက်ခံသွားမည် ဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းတွင် ကြေညာခဲ့သလို “ဂရင်းလန်းကျွန်းအပေါ် ရုရှား၏ ခြိမ်းခြောက်မှုအား ဖယ်ရှားသွားမည်” ဟုလည်း ပြောကြားခဲ့သည်။
ထို့အပေါ် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံ အများအပြားက ဇန်နဝါရီ ၁၉ ရက်တွင် “အနုအကြမ်း နည်းလမ်းနှစ်သွယ်” ဖြင့် တုံ့ပြန်ခဲ့ရာ မိမိ၏အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် “ကိရိယာအသုံးပြုရန်” ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က လူမှုကွန်ရက်ပလက်ဖောင်းတွင် ပို့စ်တင်၍ ဥရောပအနေဖြင့် အမေရိကန်နှင့် “အငြင်းပွားမှုစတင်ရန်” ဆန္ဒမရှိသော်လည်း မိမိ၏ရပ်တည်ချက်ကို အခိုင်အမာကိုင်စွဲထားမည် ဖြစ်ပြီး မိမိ၏အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန် ကိရိယာများ အသုံးပြုဖို့ ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အာတိတ်ဒေသ လုံခြုံရေးအပေါ် အမေရိကန်ဘက်နှင့် ဆွေးနွေး၍ ရကြောင်း၊ သို့သော် “စည်းကြပ်ခွန်ခြိမ်းခြောက်မှုက ဖြေရှင်းသည့်နည်းလမ်း မဟုတ်ကြောင်း” Kaja Kallas က ပြောကြားခဲ့သည်။

ပေါ်တူဂီ ဘဏ္ဍာရေးဝန်ကြီး Sarmento က အမေရိကန်၏ သက်ဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ဥရောပသမဂ္ဂအနေဖြင့် “အတူတကွလှုပ်ရှားဆောင်ရွက်ရန်၊ ဖြစ်နိုင်ခြေအမျိုးမျိုးကို အကဲဖြတ်ရန်” ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ “လက်ရှိ စားပွဲပေါ်တွင် ကိရိယာအမျိုးမျိုး စီရီထားပြီး” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တချို့နောက်ဆုံးစည်းမျဉ်းတွေက ကျူးကျော်လို့မရပါဘူး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာက အဲဒီထဲက တစ်ခုပါ”၊ ပေါ်တူဂီအနေဖြင့် တွေ့ဆုံဆွေးနွေးမှု၊ သဘောတူညီမှုနှင့် ဥရောပတိုက်တစ်ခုလုံး၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသည့်ဘက်တွင် အစဉ်အမြဲ ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen က အမေရိကန်၏ နောက်ဆုံးဖော်ပြသည့်သဘောထားနှင့် စည်းကြပ်ခွန် ခြိမ်းခြောက်မှုက “ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး”၊ “မိမိတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ လေးစားမှုနဲ့ နိုင်ငံတကာဥပဒေကို လက်ကိုင်ထားတယ်” ဟု လူမှုကွန်ရက်မီဒီယာတွင် ထပ်မံအလေးထားပြောကြားခဲ့သည်။
ဆွီဒင်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Elisabeth Svantesson က ထရမ့်အနေဖြင့် လုံးဝသဘောထား မလျော်ကန်သည့် တောင်းဆိုချက် လုပ်ဆောင်သဖြင့် ဥရောပက လက်ရှိတွင် မရှိခဲ့ဖူးသည့် “မတည်မငြိမ်လှုပ်ခတ်မှု” အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ ဥရောပနိုင်ငံအသီးသီးက ယင်းနှင့်စပ်လျဉ်း၍ မဖြစ်မနေ တင်းမာသော၊ ပြင်းထန်သော တုံ့ပြန်မှု လုပ်ဆောင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြောင်း၊ “ကျွန်မတို့က ယဉ်ယဉ်ကျေးကျေးရပ်နေပြီး ခေါင်းငုံ့အလိုလိုက် အလျှော့ပေးနေလို့ မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil က “ကျွန်တော်တို့အနေနဲ့ ရန်စမှုအသစ်တွေကို အဆက်မပြတ် ကြုံတွေ့နေရတယ်” ၊ “အဆုံးစွန်ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သလို ဥရောပအနေဖြင့် တစ်သားတည်း၊ တိတိပပ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အသင့်ပြင်ထားသည့် တန်ပြန်အစီအမံများတွင် ယခုသီတင်းပတ်အတွင်း ဥရောပလွှတ်တော်ကို တင်သွင်းဆုံးဖြတ်ရန် စီစဉ်ထားသည့် ဥရောပသမဂ္ဂ-အမေရိကန် စည်းကြပ်ခွန်သဘောတူညီချက်ကို ရပ်ဆိုင်းခြင်း၊ အမေရိကန်အပေါ် ဥရောပသမဂ္ဂက ယာယီရပ်ဆိုင်းပေးထားသည့် စည်းကြပ်ခွန်ကောက်ခံမှုကို ပြန်လည်ကောက်ခံဆောင်ရွက်ခြင်း၊ ဥရောသမဂ္ဂ ဥပဒေကိရိယာသေတ္တာရှိ တင်းမာသည့်အစီအမံများအား အသုံးပြုရန် စဉ်းစားခြင်း စသည်တို့ ပါဝင်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ Olof Gir က ဥရောပသမဂ္ဂနှင့် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုနှင့် ညှိနှိုင်းဆွေးနွေးမှုသည် အလွှာအသီးသီးတွင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအတွင်းတွင်လည်း လုပ်ဆောင်နိုင်သည့် ကိုင်တွယ်စီမံရေး အစီအမံများနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ခပ်စိပ်စိပ် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ သို့သော် တစ်ခါတစ်ရံအားဖြင့် တာဝန်ယူမှုရှိသော ဦးဆောင်မှုနည်းလမ်းမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Olof Gir က ဥရောပသမဂ္ဂ၏ အဓိကဦးစားပေးတာဝန်မှာ ထိတွေ့ဆက်ဆံခြင်းဖြစ်ပြီး အခြေအနေတင်းမာမှု အရှိန်မြင့်တက်စေရန် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ၎င်းက အကယ်၍ အမေရိကန်အနေဖြင့် အထက်ပါစည်းကြပ်ခွန်များ ဖော်ဆောင်လာမည်ဆိုလျှင် ဥရောပသမဂ္ဂအနေဖြင့် အသုံးပြု၍ရသည့် ကိရိယာများရှိရာ တန်ပြန်တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ထို့အပေါ် ပြင်းပြင်းထန်ထန် သတိပေးခဲ့ရာ ဂရင်းလန်းကျွန်းအား သိမ်းပိုက်မည့် ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး အကယ်၍ အမှန်တကယ် ဖြစ်မြောက်ခဲ့လျှင် မည်သည့်နိုင်ငံမဆို အေးအေးချမ်းချမ်းနေနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်၏ ခြိမ်းခြောက်မှုမှာ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ကမ္ဘာ့စည်းစနစ်အား ထိုးနှက်မှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန် ပြည်သူ့သဘောထား စစ်တမ်းကောက်ယူရေးအဖွဲ့ YouGov ကုမ္ပဏီ၏ ထုတ်ပြန်သည့် နောက်ဆုံး စစ်တမ်းရလဒ်များတွင် မေးမြန်းခံရသူ ၆၇ ရာခိုင်နှုန်းက စည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့်နည်းလမ်းဖြင့် အမေရိကန်ဘက်ကို တုံ့ပြန်ရန် ထောက်ခံခဲ့ပြီး ဆန့်ကျင်ကန့်ကွက်သူအချိုးအစားမှာ ၁၄ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။ ယင်းစစ်တမ်းသည် ဗြိတိန်အရွယ်ရောက်ပြီးသူ ၅,၃၃၀ ဦးကို စစ်တမ်းကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် နုခ်၏ မြို့ဆင်ခြေဖုံးတွင် မော်တော်ယာဉ် ဖြတ်သန်းမောင်းနှင်သွားသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် နုခ်တွင် ဒိန်းမတ်လေတပ် Super Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

——————-
(Chinese Version)
综合消息|欧洲“有软有硬”回应美国强夺格陵兰岛企图及加税威胁
新华社北京1月20日电 综合新华社驻外记者报道:美国总统特朗普日前宣布向反对美国得到格陵兰岛的欧洲国家加征关税,并声称要“消除俄罗斯对格陵兰岛的威胁”。欧盟和欧洲多国19日“有软有硬”对此回应,表示准备“动用工具”维护自身利益。
欧盟外交与安全政策高级代表卡拉斯在社交平台发文说,欧洲无意与美国“挑起争端”,但将坚持自身立场,并准备动用一系列工具维护自身利益。卡拉斯说,北极安全可与美方通过对话讨论,但“关税威胁不是解决之道”。
葡萄牙财政部长萨尔门托表示,面对来自美国的相关威胁,欧盟已准备好“采取共同行动,对各种可能性进行评估”,“目前已有多种工具摆在桌面上”。他还表示,“有些底线不可逾越,国家主权正是其中之一”,葡萄牙“始终站在对话、共识以及维护欧洲整体利益的一边”。
格陵兰岛自治政府总理延斯-弗雷德里克·尼尔森在社交媒体上重申,美国的最新表态与关税威胁“不会改变我们的立场”,“我们坚持对话、尊重和国际法”。
瑞典财政大臣伊丽莎白·斯万特松表示,由于特朗普提出完全不合理的要求,欧洲现在面临前所未有的“动荡不安”态势。她说,欧洲各国普遍认为,必须就此作出强硬、严厉的回击,“我们不能彬彬有礼地站在那,点头哈腰地顺从屈服”。
德国副总理兼财政部长拉尔斯·克林拜尔表示,“我们不断遇到新的挑衅”,“已经到达极限”,欧洲将作出一致、明确的回应。他透露,正在准备的反制措施包括:冻结本周计划提交欧洲议会表决的欧美关税协议,恢复欧盟对美暂停征收的关税,考虑使用欧盟法律工具箱中的强硬措施等。
欧盟委员会发言人奥洛夫·吉尔说,欧盟与美国的接触与沟通仍在“各个层级”持续进行,欧盟内部也在就可能的应对措施同成员国进行密集磋商,但“有时,负责任的领导方式是克制”。吉尔表示,欧盟的首要任务是“接触而非升级”。但他说,如果美国实施上述关税,“欧盟拥有可动用的工具,并准备作出回应”。
第80届联合国大会主席贝尔伯克对此发出严厉警告,强烈谴责特朗普吞并格陵兰岛的威胁,称若成真则“任何国家都将无法安眠”。她称特朗普的威胁是“对基于规则的世界秩序的攻击”。
英国民调机构舆观调查公司发布的最新民调结果显示,67%的受访者支持以加征关税方式回应美方,而反对者比例为14%。这一民调对5330名英国成年人进行了调查。(完)
1. 这是1月15日拍摄的丹麦自治领地格陵兰岛首府努克市中心。新华社发(安德斯·孔斯豪格摄)
2. 1月16日,一辆汽车行驶在丹麦自治领地格陵兰岛首府努克市郊。新华社发(安德斯·孔斯豪格摄)
3. 这是1月15日在丹麦自治领地格陵兰岛首府努克机场拍摄的一架丹麦空军“超级大力神”运输机。新华社发(安德斯·孔斯豪格摄)