Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဈေးဝယ်စင်တာမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၂၁ ဦးအထိ မြင့်တက်လာ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ မီးလောင်မှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းလုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းန်ပြည်နယ် မြို့တော် ကရာချိရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၂၁ ဦးအထိ မြင့်တက်လာကြောင်း ပါကစ္စတန် တရားဝင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အစည်း Rescue 1122 က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဤဈေးဝယ်စင်တာသည် ဇန်နဝါရီ ၁၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားများက အချိန် ၃၃ နာရီအကြာ ကြိုးစားငြှိမ်းသတ်ခဲ့ပြီးနောက် အပြည့်အဝမီးငြိမ်းခဲ့ကြောင်း၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်း ကရာချိဒေသန္တရ မီးသတ်ဌာနက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့သည် အဆောက်အအုံအတွင်းဝင်ရောက်ခဲ့ပြီး ရှာဖွေရေးများ လုပ်ဆောင်လျက်ရှိကြောင်း၊ မီးငြှိမ်းသတ်စဉ် မီးသတ်သမားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ဈေးဝယ်စင်တာ၏ အဆောက်အအုံ ၄၀ ရာခိုင်နှုန်းမှာ ပြိုကျခဲ့ပြီး ကျန်ရှိသော အပိုင်းများမှာလည်း စိုးရိမ်ရကြောင်း၊ အဆောက်အအုံတစ်ခုလုံးကို ဖြိုချရနိုင်ကြောင်း ဆင်းန်ပြည်နယ်ဝန်ကြီးချုပ် Syed Murad Ali Shah က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်အတွင်း အစီရင်ခံထားသည့် ပျောက်ဆုံးနေသူအရေအတွက်မှာ ၇၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဆင်းန်ပြည်နယ်အစိုးရ ထူထောင်ထားသော အကူအညီတောင်းခံရေးဟော့လိုင်း၏ စာရင်းအင်းများအရ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းကို ဆက်လက်၍ စုံစမ်းစစ်ဆေးရန်ရှိကြောင်း Rescue 1122 ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယင်းမတိုင်ခင် ဒေသခံရဲတပ်ဖွဲ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းမှာ ဝါယာကြိုးရှော့ဖြစ်ရာမှ ဖြစ်ပေါ်လာသည်ဟု သံသယရှိကြောင်း ဆိုခဲ့သည်။ (Xinhua)

………………………
(Chinese Version)
巴基斯坦卡拉奇购物中心火灾已致21人死亡
新华社伊斯兰堡1月19日电(记者杨恺)巴基斯坦官方紧急救援组织“救援1122”19日发表声明说,巴南部信德省首府卡拉奇购物中心火灾的死亡人数已升至21人。
卡拉奇当地消防部门说,这家购物中心17日夜间发生火灾,消防队员经过近33小时的努力将大火完全扑灭,目前搜救行动正在进行中。
信德省首席部长赛义德·穆拉德·阿里·沙阿在卡拉奇举行的新闻发布会上说,救援队已进入建筑物内进行搜寻。1名消防员在灭火过程中殉职。购物中心40%的建筑已经坍塌,其余部分也状况堪忧,整栋建筑或将被拆除。
据信德省政府设立的求助热线统计,此次事件中报告的失踪人数已升至73人。
“救援1122”发言人表示,起火原因仍有待调查。此前,当地警方称火灾疑似由电路短路引起。(完)
图说:1月19日,救援人员在巴基斯坦卡拉奇的火灾现场工作。新华社发