Connect with us

Europe

စပိန်နိုင်ငံတွင် ရထားတွဲလမ်းချော်မှု နောက်ထပ်နှစ်ရပ်ဖြစ်ပွားရာ လူ ၁ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရ

စပိန်နိုင်ငံ ကော်ဒိုဘာပြည်နယ် Adamuz တွင် ဇန်နဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့်ရထား မတော်တဆဖြစ်မှု အချင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့အစွန်ရထားလမ်းတွင် ဇန်နဝါရီ ၂၀ ရက် ညပိုင်းက ရထားတွဲလမ်းချော်မှု နှစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မတော်တဆဖြစ်ပွားမှုများကြောင့် ရထားတွဲမောင်းသူတစ်ဦး သေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာရကာ ၎င်းအနက် ၄ ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း Agencia EFE နှင့် ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။
၎င်းအနက် မတော်တဆဖြစ်မှုတစ်ရပ်မှာ ဘာဆီလိုနာပြည်နယ် Gelida မြို့ အနီးတစ်ဝိုက်၌ ဖြစ်ပွားခဲ့ကြောင်း၊ ရထားလမ်းနံဘေးရှိ မြေတားနံရံသည် ပုံမှန်ပြေးဆွဲသောရထားတွဲ ဖြတ်သန်းသွားချိန်၌ ရုတ်တရက် ပြိုကျခဲ့သဖြင့် ရထားတွဲလမ်းချော်ပြီး ရထားခေါင်း မောင်းနှင်ခန်း ပျက်စီးခဲ့ရကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
မတော်တဆဖြစ်မှု ဖြစ်ပွားပြီးနောက် ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးစနစ်က အချင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ငယ် ၁၁ ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ မတော်တဆဖြစ်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ ဒေသတွင်း၌ လတ်တလောကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေတားနံရံ ပျော့အိလာခြင်းကြောင့် ဖြစ်နိုင်ခြေရှိသည်ဟု ကနဦး ခန့်မှန်းထားသည်။
နောက်ထပ်မတော်တဆဖြစ်မှုတစ်ရပ်မှာ ဂျီရိုနာပြည်နယ်၌ ဖြစ်ပွားခဲ့သည်။ မိုးသက်လေပြင်းကြောင့် ကျောက်တုံးများ ရထားလမ်းပေါ်ကျရောက်ခဲ့သဖြင့် ခရီးသည် ၁၀ ဦး တင်ဆောင်ထားသော ရထားတွဲတစ်တွဲ လမ်းချော်မှု ဖြစ်ပွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိသူမရှိပေ။
စပိန်နိုင်ငံ တောင်ပိုင်း ကော်ဒိုဘာပြည်နယ်တွင် ဇန်နဝါရီ ၁၈ ရက်ညပိုင်းက မြန်နှုန်းမြင့်ရထားတွဲနှစ်တွဲ ရထားလမ်းချော်၍ တိုက်မိသည့် မတော်တဆဖြစ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ဇန်နဝါရီ ၂၀ ရက်အထိ သေဆုံးသူ ၄၂ ဦးရှိလာပြီဖြစ်သည်ဟု ကယ်ဆယ်ရေးဝန်ထမ်းများက အတည်ပြုထားသည်။ (Xinhua)

——————
(Chinese Version)
西班牙再发两起列车脱轨事故 一死多伤
新华社马德里1月20日电(记者孟鼎博 谢宇智)西班牙东北部加泰罗尼亚自治区近郊铁路线20日晚发生两起脱轨事故。据埃菲社及当地媒体报道,事故共造成一名列车司机死亡,约20人受伤,其中4人伤势严重。
据报道,其中一起事故发生在巴塞罗那省赫利达镇附近。铁道旁的挡土墙在一列通勤列车经过时突然倒塌,造成列车脱轨,车头驾驶室受损。
事故发生后,当地紧急救援系统派出11个急救小组和一支消防队前往现场。初步推测,事故原因可能为当地近日强降雨导致挡土墙墙体松动。
另一起事故发生在赫罗纳省,暴风雨使岩石掉落铁轨,导致一列载有10名乘客的列车脱轨,所幸无人受伤。
西班牙南部科尔多瓦省18日晚发生一起涉及两列高速列车的脱轨相撞事故。截至20日,救援人员已确认事故造成42人死亡。(完)
图说:1月20日,救援人员在西班牙科尔多瓦省阿达穆斯的高铁事故现场工作。新华社记者 孟鼎博 摄