Connect with us

Europe

ဥရောပကို အားနည်းစေပြီး ထိန်းချုပ်ရန် အမေရိကန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းနေကြောင်း မက်ခရွန် ဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြင်သစ်သမ္မတ မက်ခရွန် မိန့်ခွန်းပြောကြားနေသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါဗို့စ် (ဆွစ်ဇာလန်)၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဥရောပနှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက်သည် ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်ဆုံးရှုံးစေကြောင်း၊ အမေရိကန်က ဥရောပအား အကြီးဆုံးအတိုင်းအတာဖြင့် လိုက်လျောမှုများပြုလုပ်ရန် ဖိအားပေးကာ ဥရောပကိုအားနည်းစေပြီး ထိန်းချုပ်ရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းနေရာ ယင်းမှာ “လက်ခံနိုင်ဖွယ်မရှိ” ဟု ပြင်သစ်သမ္မတ မက်ခရွန်က ဇန်နဝါရီ ၂၀ ရက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့သည်။

အမေရိကန်၏ ဤလုပ်ရပ်များနှင့် “အဆုံးမရှိ စုပြုံလာတဲ့ စည်းကြပ်ခွန်အသစ်တွေနဲ့ ပေါင်းစည်းလာတဲ့အခါ အခြေခံအားဖြင့်ပြောရမယ်ဆိုရင် လက်ခံနိုင်ဖွယ်မရှိဘူး။ အထူးသဖြင့် ဒီစည်းကြပ်ခွန်တွေကို နယ်မြေပိုင်နယ်နဲ့ အချုပ်အခြာအာဏာကို ထိပါးကျူးလွန်ဖို့ သုံးတဲ့အခါမှာပေါ့” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ပြင်သစ်နှင့် ဥရောပတို့သည် နိုင်ငံအချုပ်အခြာအာဏာနှင့် သီးခြားရပ်တည်မှုကို အားစိုက်ဆောင်ရွက်လျက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို လက်ကိုင်ထားလိုက်နာကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ ၎င်းက ဥရောပ၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ပိုမိုအားကောင်းစေရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ရန် တိုက်တွန်းခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းအား သိမ်းပိုက်ရန် ကြိုးပမ်းသည့် အခြေအနေတွင် ယခုအခါ NATO သည် “အားနည်းအောင်လုပ်ခံရသော အဖွဲ့အစည်း” ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ G7 ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် ပြင်သစ် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း G7 ထိပ်သီးအစည်းအဝေးကို “ရိုးသားပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးမှု” နှင့် “ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဖြေရှင်းနည်းများကို ရှာဖွေသည့်” ပလက်ဖောင်း ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
马克龙:美国公然企图削弱和控制欧洲
新华社瑞士达沃斯1月20日电(记者陈斌杰 张兆卿)法国总统马克龙20日在瑞士达沃斯世界经济论坛上说,欧美之间的贸易协定损害了欧洲的利益,美国迫使欧洲最大程度让步,并公然企图削弱和控制欧洲,这“不可接受”。
马克龙表示,美国的这些做法“与无休止累积的新关税相结合,从根本上来说是不可接受的——尤其当这些关税被用作侵犯领土主权的手段时”。
马克龙说,法国和欧洲致力于维护国家主权和独立,并恪守联合国宪章。他呼吁增强欧洲自主权,捍卫多边主义。
马克龙说,在美国总统特朗普企图吞并格陵兰岛的背景下,北约现在是一个“被削弱的机构”。他说,希望法国今年担任七国集团轮值主席国期间能将七国集团峰会打造成一个“坦诚对话”和“合作寻求解决方案”的平台。(完)
图说:1月20日,法国总统马克龙在瑞士达沃斯举办的世界经济论坛2026年年会上讲话。新华社记者 连漪 摄