Asia
ဂါဒေါ့ဒိုကျွန်း၌ လီဂျေမြောင်တိုက်ခိုက်ခံရမှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တောင်ကိုရီးယား သတ်မှတ်
ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဂါဒေါ့ဒိုကျွန်း၌ လီဂျေမြောင် တိုက်ခိုက်ခံရမှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် တောင်ကိုရီးယားအစိုးရက သတ်မှတ်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဇန်နဝါရီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပခဲ့သည့် ၂၂ ကြိမ်မြောက် အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ၏ အစည်းအဝေးတွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း၊ ယင်းသည် တောင်ကိုရီးယားက ၂၀၁၆ ခုနှစ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ထုတ်ပြန်ပြီးချိန်မှစ၍ အစိုးရက ပထမဆုံးအကြိမ်အဖြစ် အသေးစိတ်ဖြစ်ရပ်တစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါဖြစ်ရပ်တွင် တိုက်ခိုက်သူ၏လုပ်ရပ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းတွင် သတ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှု အထမြောက်သည့် အကြောင်းအချက်များနှင့် ကိုက်ညီသည်ဟု နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ကင်မင်ဆော့ခ်၏ တောင်းဆိုချက်အရ လုပ်ဆောင်ခဲ့သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစုံစမ်းစစ်ဆေးမှုရလဒ်တွင် အတည်ပြုထားကြောင်း၊ အစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစနစ်ကို ဘက်စုံစိစစ်၍ ပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဟု ကင်မင်ဆော့ခ်က ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယွန်းဆက်ယိုအစိုးရအနေဖြင့် ထိုစဉ်က အဆိုပါဖြစ်ရပ်အား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်မှု မရှိခြင်းအတွက် လက်ရှိအာဏာရအုပ်စုက ပြစ်တင်ပြောကြားခဲ့ပြီး ၎င်းအစိုးရသည် အချင်းဖြစ်ပွားရာနေရာ သက်သေအား ဖျောက်ဖျက်ခြင်း၊ ဖြစ်ရပ်အား မှေးမှိန်အောင်လုပ်ဆောင်ခြင်းနှင့် ပုံဖျက်ခြင်းအပေါ် သံသယရှိသည်ဟု အခြားသော တောင်ကိုရီးယားမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ တောင်ကိုရီးယားရဲတပ်ဖွဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနကလည်း အထူးအမှုစစ်အဖွဲ့အသစ် ဖွဲ့စည်း၍ “ဖြစ်ရပ်မှန်အား အစွမ်းကုန်ကြိုးပမ်း စုံစမ်းဖော်ထုတ်သွားမည်” ဟု ဇန်နဝါရီ ၂၀ ရက်တွင် ဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုစဉ်က တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ဖြစ်သည့် လီဂျေမြောင်သည် ဘူဆန်မြို့ ဂါဒေါ့ဒိုကျွန်း၌ လက်နက်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုခံခဲ့ရကာ လည်ပင်းပိုင်းဒဏ်ရာရ၍ သွေးထွက်လဲကျသွားခဲ့ပြီးနောက် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့သည်။ တိုက်ခိုက်သူသည် ထောင်ဒဏ် ၁၅ နှစ် စီရင်ချက် ချမှတ်ခံခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် လီဂျေမြောင်က တောင်ကိုရီးယားသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)
—————–
(Chinese Version)
韩国将李在明加德岛遇袭事件定性为恐怖袭击
新华社首尔1月20日电(记者黄莹莹)据韩国媒体20日报道,韩国政府将李在明2024年在釜山加德岛遇袭事件定性为恐怖袭击。
韩联社报道说,韩国国务总理室20日表示,这一决议在当天召开的第22次国家反恐对策委员会会议上经表决通过。这是韩国自2016年颁布反恐法以来,政府首次将某一具体事件认定为恐怖袭击。
报道说,应国务总理金民锡要求开展的反恐联合调查结果确认,该事件袭击者行为符合反恐法规定的恐怖袭击构成要素。金民锡表示,政府将全面审视并完善反恐体系。
另据韩国媒体报道,现执政阵营指责尹锡悦政府当时未将该事件认定为恐怖袭击,质疑其销毁现场证据,对事件进行淡化和歪曲。韩国警察厅国家调查本部20日也表示,将组建新的专案组,“尽最大努力查明真相”。
2024年1月,时任韩国共同民主党党首李在明在釜山加德岛遭一名持凶器男子袭击,颈部受伤流血倒地,后被送往医院接受治疗。袭击者被判处15年监禁。2025年6月,李在明就任韩国总统。(完)
图说:2025年 11月1日,韩国总统李在明在欢迎仪式现场。当地时间11月1日下午,国家主席习近平出席韩国总统李在明举行的欢迎仪式。新华社记者 李琰 摄
