Connect with us

Africa & Middle East

UNRWA ရုံးခန်းကို အစ္စရေး အတင်းအကျပ် ဖြိုဖျက်ခဲ့

အရှေ့ဂျေရုဆလမ်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ရုံးခန်းများအား အစ္စရေး ဖြိုဖျက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အစ္စရေးက အရှေ့ဂျေရုဆလမ်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ရုံးခန်းများကို ဇန်နဝါရီ ၂၀ ရက်တွင် စတင် ဖြိုဖျက်ခဲ့ကြောင်း ထိုနေ့ The Jerusalem Post သတင်းစာက ဖော်ပြခဲ့သည်။
အစ္စရေးမြေယာစီမံခန့်ခွဲရေးဝန်ထမ်းများသည် ရဲတပ်ဖွဲ့များ၏လိုက်ပါမှုဖြင့် ထိုနေ့နံနက်တွင် UNRWA ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဆောက်လုပ်ရေးစက်ယန္တရားများသုံး၍ ခြံဝင်းအတွင်းရှိ အဆောက်အအုံများနှင့် အထောက်အပံ့အဆောက်အအုံများကို ဖြိုဖျက်ခဲ့ကြောင်း သတင်းအရ သိရသည်။

UNRWA ကို ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး အဓိကတာဝန်မှာ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်၊ ဆီးရီးယားနှင့် လက်ဘနွန်တွင် နေထိုင်သည့် စာရင်းဝင် ပါလက်စတိုင်းဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဝန်ဆောင်မှုများ ပံ့ပိုးရန်ဖြစ်သည်။ အစ္စရေးလွှတ်တော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဥပဒေမူကြမ်းတစ်ရပ် အတည်ပြုခဲ့ပြီး အစ္စရေးနိုင်ငံအတွင်း UNRWA လုပ်ငန်းလည်ပတ်ခွင့် တားမြစ်ခဲ့ရာ သက်ဆိုင်ရာဥပဒေမူကြမ်းသည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် တရားဝင် အသက်ဝင်ခဲ့သည်။ (Xinhua)


……………..
(Chinese Version)
以色列强拆联合国近东救济工程处办公地
新华社耶路撒冷1月20日电(记者庞昕熠 王卓伦)以色列《耶路撒冷邮报》20日报道说,以色列当天开始拆除联合国近东巴勒斯坦难民救济和工程处(近东救济工程处)位于东耶路撒冷的办公地。
据报道,以色列土地管理局人员当天早上在警方陪同下进入近东救济工程处的办公大院,用工程机械拆毁院内建筑和设施。
近东救济工程处成立于1949年,主要负责向生活在约旦河西岸、加沙地带以及约旦、叙利亚和黎巴嫩的巴勒斯坦注册难民提供人道主义救助、教育和医疗等服务。以色列议会2024年10月通过法案,禁止近东救济工程处在以境内开展活动,相关法案于2025年初正式生效。(完)
图说:1月20日,以方拆除位于东耶路撒冷的联合国近东巴勒斯坦难民救济和工程处办公地。新华社发(贾马尔·阿瓦德摄)