International Organizations
တရုတ် အမှတ်တံဆိပ်တန်ဖိုးနှင့် လွှမ်းမိုးနိုင်စွမ်းက ကမ္ဘာ့ထိပ်တန်းနေရာများ၌ ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်း ဆို
ဒါဗို့စ်/ဆွစ်ဇာလန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် အမှတ်တံဆိပ်တန်ဖိုးဖြတ်ကုမ္ပဏီ Brand Finance က ဇန်နဝါရီ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ အစီရင်ခံစာတစ်စောင် ထုတ်ပြန်၍ တရုတ် အမှတ်တံဆိပ်များ၏ ကမ္ဘာလုံးဆိုင်ရာတန်ဖိုးနှင့် လွှမ်းမိုးနိုင်စွမ်း (Soft Power) ကို အထူးချီးကျူးပြောကြားခဲ့သည်။ တရုတ်အမှတ်တံဆိပ်များသည် အားကောင်းသော လိုက်လျောညီထွေရှိနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းကို ပြသနေပြီး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်၌ လွှမ်းမိုးမှုကို တစ်ဆင့်တိုးမြှင့်တင်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း Brand Finance တည်ထောင်သူနှင့် ဥက္ကဋ္ဌ David Haigh က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တန်ဖိုး တိုးတက်မှုအတွက် အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်း Brand Finance က ၎င်း၏ “၂၀၂၆ ခုနှစ် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ် ၅၀၀ (Global 500)” အစီရင်ခံစာတွင် ဖော်ပြထားသည်။
စာရင်းတွင်ပါဝင်သော တရုတ်အမှတ်တံဆိပ်များ၏အလုံးစုံ ခန့်မှန်းတန်ဖိုးသည် သမိုင်းဝင် အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း၊ တရုတ်အမှတ်တံဆိပ် ၆၈ ခုသည် Global 500 စာရင်းတွင် ပါဝင်ခဲ့ပြီး ခန့်မှန်းတန်ဖိုးမှာ Global 500 စုစုပေါင်း ခန့်မှန်းတန်ဖိုး၏ ၁၅.၁ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာက ပြသထားသည်။ စာရင်းတွင်ပါဝင်သော အမှတ်တံဆိပ်အရေအတွက်အရ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယနေရာတွင် ရှိနေကြောင်း၊ တရုတ်အမှတ်တံဆိပ်အများအပြားသည် သက်ဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနေရာများ၌ ရှိပြီး နည်းပညာ၊ အများပြည်သူသုံး လုပ်ငန်းများနှင့် ဘဏ္ဍာရေးစသည့် ကဏ္ဍများ၏ စွမ်းဆောင်ရည်မှာ အထူးသိသာထင်ရှားကြောင်း ဖော်ပြထားသည်။
ထိပ်တန်းအဆင့် ၁၀ ခု စာရင်းတွင် တရုတ်နိုင်ငံသည် တစ်ခုတည်းသာ အဆင့်တက်လာသောနိုင်ငံဖြစ်ပြီး အညွှန်းကိန်းများစွာ၏ အဆင့်သတ်မှတ်မှုတွင် ကမ္ဘာ့ ပထမနေရာတွင် ရပ်တည်နေကြောင်း Global Soft Power Index 2026 ခေါင်းစဉ်ဖြင့် နောက်ထပ်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ လတ်တလောနှစ်များတွင် တရုတ်နိုင်ငံ၏ Soft Power သည် စဉ်ဆက်မပြတ် မြင့်တက်လာကာ ယင်းက ရေရှည်စီမံကိန်းများကြောင့် အကျိုးခံစားရခြင်းဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ရေးမှ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ သိပ္ပံနည်းပညာ တိုးတက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန် အမှတ်တံဆိပ်ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ခြင်း စသည်တို့ ပါဝင်ကြောင်း Brand Finance က ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်း ပရိသတ်များသည် ယခုအခါ တရုတ်နိုင်ငံအား ရင်းရင်းနှီးနှီးအတွေ့အကြုံများနှင့် ယဉ်ကျေးမှုပဲ့တင်ထပ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ ခရီးသွားခြင်း၏ နိုင်ငံတကာအသိအမှတ်ပြုမှု အားကောင်းလာပြီး တရုတ်နိုင်ငံ မြို့ပြ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အပန်းဖြေအရင်းအမြစ်များ၏ ဆွဲဆောင်မှုမှာ တစ်နေ့တခြား မြင့်တက်လာသည်ကို ထင်ဟပ်နေကြောင်း၊ ဗီဇာအဆင်ပြေလွယ်ကူရေးမူဝါဒနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးသည် တွန်းအားပေးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း ရေပန်းစားခဲ့သော ဒီဇိုင်နာအရုပ် “Labubu” စသည့် ယဉ်ကျေးမှုအသွင်လက္ခဏာများနှင့် တရုတ် အမှတ်တံဆိပ်အပေါ် မြင့်မားသော အသိအမှတ်ပြုမှုတို့ အပြင် စွမ်းအင်သစ်မော်တော်ကားများ၏ တင်ပို့မှု မြင့်တက်လာခြင်းက တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တစ်ဆင့်တိုး ကြီးမားစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Brand Finance ကို ၁၉၉၆ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ကမ္ဘာ့ရှေ့ပြေးအမှတ်တံဆိပ်များအတွက် တန်ဖိုးဖြတ် အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်း၏ နှစ်စဉ် Global 500 စသည့် အစီရင်ခံစာများသည် ဒေတာအခြေပြု တန်ဖိုးဖြတ်ခြင်း နည်းလမ်းများနှင့် လုပ်ငန်းစုံ သုတေသနကို အသုံးပြုခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တန်ဖိုးကို တိုင်းတာရာတွင် အရေးကြီးသော ကိုးကားချက်တစ်ခု ဖြစ်လာသည်။ (Xinhua)
…………………
(Chinese Version)
国际机构:中国品牌价值与软实力跻身全球前列
新华社达沃斯/伦敦1月20日电(记者高文成 郭爽)总部位于英国伦敦的品牌估值机构品牌金融公司20日在瑞士达沃斯发布报告,高度评价中国品牌全球价值和中国软实力。品牌金融公司创始人、董事长戴维·黑格表示,中国品牌正展现出强劲的适应力与创新力,有望进一步提升全球品牌话语权。
品牌金融公司在其《2026年全球品牌价值500强》报告中表示,中国是全球品牌价值增长的重要引擎。报告显示,中国入榜品牌的整体估值创历史新高,有68个中国品牌进入全球500强榜单,估值占全球500强总估值的15.1%。从入榜品牌数量来看,中国排名第二,仅次于美国。多个中国品牌在各自领域跻身全球前列,科技、公用事业、金融等领域表现尤其突出。
另一份题为《2026年全球软实力指数》的报告显示,中国是前10名中唯一排名上升的国家,多项指标排名全球第一。品牌金融公司表示,近年来中国软实力持续提升,这得益于长期规划,包括共建“一带一路”相关投资、科技进步、可持续发展改革、打造全球产品品牌以及促进文化交流等。
报告说,全球受众如今将中国视为能提供亲切体验和文化共鸣的国家。中国旅游的国际认知有所增强,反映出中国城市、文化遗产和休闲资源的吸引力日益提升,签证便利化政策和人文交流起到了推动作用。2025年全球流行的设计师玩具“拉布布”等文化现象,以及中国品牌的高认可度,再加上新能源汽车出口的增长,进一步扩大了中国影响力。
品牌金融公司成立于1996年,是全球领先的品牌估值咨询机构,其年度全球品牌价值500强等报告以数据化估值方法与跨行业研究,成为衡量全球品牌价值的重要参考。(完)
图说:1月20日,在瑞士达沃斯举办的世界经济论坛2026年年会期间,品牌金融公司举办报告发布会。 新华社发(品牌金融公司供图)
