Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဈေးဝယ်စင်တာမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ မီးလောင်မှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးသမားများ လုပ်ငန်းလုပ်ဆောင်နေသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းန်ပြည်နယ် မြို့တော် ကရာချိရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်က မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
ထိုနေ့တွင် ရဲတပ်ဖွဲ့သည် ဈေးဝယ်စင်တာ၏ ထပ်ခိုးအလွှာရှိ ဆိုင်ခန်းတစ်ခုတွင် အနည်းဆုံး သေဆုံးသူရုပ်အလောင်း ၃၀ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားစဉ်တွင် ၎င်းတို့သည် ကြိုးစား၍ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ရန် ဆိုင်ခန်းအတွင်း ကိုယ်တိုင်ပိတ်ထားခဲ့ကြခြင်းဖြစ်ကြောင်း ကရာချိတောင်ပိုင်းခရိုင် ဒုတိယရဲကြီးကြပ်မှူး Syed Asad Raza က ဒေသခံမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဒေသန္တရအစိုးရသည် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများ မတွေ့ရှိသေးကြောင်း ကရာချိ ကော်မရှင်နာ Syed Hassan Naqvi က ပြောကြားခဲ့သည်။ အစီရင်ခံထားသည့် ပျောက်ဆုံးနေသူအရေအတွက်မှာ ၈၆ ဦးရှိပြီး ယင်းအနက် လူအချို့၏ရုပ်အလောင်းမှာ အပျက်အစီးများကြားတွင် တွေ့ရှိပြီးဖြစ်ကြောင်း တရားဝင်အချက်အလက်များကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။

ကရာချိမြို့ရှိ ဈေးဝယ်စင်တာတစ်ခု ဇန်နဝါရီ ၁၇ ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဒေသခံရဲတပ်ဖွဲ့ဝင်က မီးလောင်မှုမှာ ဝါယာကြိုးရှော့ဖြစ်ရာမှ ဖြစ်ပေါ်လာသည်ဟု သံသယရှိကြောင်းပြောကြားခဲ့သည်။ ယခုအကြိမ်မီးလောင်ကျွမ်းမှုကြောင့် စီးပွားရေးဆုံးရှုံးမှုသည် ပါကစ္စတန် ရူပီး ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆၀ သန်းခန့်) အထိရှိကြောင်း ခန့်မှန်းတွက်ချက်မှုအရ သိရသည်။ (Xinhua)


………………………
(Chinese Version)
巴基斯坦卡拉奇购物中心火灾死亡人数升至60人
新华社伊斯兰堡1月21日电(记者杨恺)巴基斯坦警方21日表示,巴南部信德省首府卡拉奇购物中心17日火灾造成的死亡人数已升至60人。
卡拉奇南区副总警监赛义德·阿萨德·拉扎在接受当地媒体采访时表示,当天警方在购物中心夹层的一家商店里发现至少30具遇难者遗体。火灾发生时他们将自己封锁在商店里试图自救。
卡拉奇地区专员赛义德·哈桑·纳克维表示,当地政府正在调查火灾原因,尚未发现与恐怖主义有关的证据。他援引官方数据说,当地已接到86起人员失踪报告,其中部分人员的遗体已在废墟中找到。
卡拉奇一家购物中心17日晚发生火灾。当地警方官员表示,火灾疑似由电路短路引起。据估计,此次火灾造成的经济损失可能高达1000亿巴基斯坦卢比(约合3.6亿美元)。(完)
图说:1月21日,救援人员在巴基斯坦卡拉奇的火灾现场工作。新华社发