Europe
“ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဝင်ရောက်ရန် ဖိတ်ကြားချက် လက်ခံရရှိ၊ မဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည်ဟု ပူတင် ပြောကြား
မော်စကို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန် အစပြုသည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်တွင် ရုရှားပါဝင်ရန် အမေရိကန် သမ္မတ ထရမ့်က ဖိတ်ကြားခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ရုရှားအနေဖြင့် မဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇန်နဝါရီ ၂၁ ရက်တွင် အတည်ပြုခဲ့သည်ဟု ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်၏ ယင်းနေ့ သတင်းများအရ သိရသည်။
ပူတင်က ၎င်းအနေဖြင့် အမေရိကန်ဘက်မှ ပေးပို့သော သက်ဆိုင်ရာဖိတ်ကြားချက်စာရွက်စာတမ်းများကို လေ့လာရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအား တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရုရှားမဟာဗျူဟာမိတ်ဖက်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထို့နောက်မှသာ အဆိုပါဖိတ်ကြားချက်ကို ဖြေကြားနိုင်မည်ဖြစ်ကြောင်း ယင်းနေ့တွင် ဗီဒီယိုလင့်ခ်ဖြင့် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အမြဲတမ်းကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ယခင်ကသော်လည်းကောင်း၊ ယခုသော်လည်းကောင်း နိုင်ငံတကာတည်ငြိမ်ရေးအတွက် ရည်ရွယ်သည့် ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံအားပေးကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။
ရုရှားဘက်က လက်ခံရရှိသည့် အမေရိကန်၏ဖိတ်ကြားချက်တွင် အဓိကအားဖြင့် အရှေ့အလယ်ပိုင်းအရေးဖြေရှင်းရန်၊ ပါလက်စတိုင်းပြည်သူများ ရင်ဆိုင်ရသည့် အရေးပေါ်ကိစ္စရပ်များနှင့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတို့ကို ဖြေရှင်းရန်နှင့် ပတ်သတ်သည့် အကြောင်းအရာများ ပါဝင်ကြောင်း ပူတင်၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။
အဆိုပါကိစ္စရပ်များ၏ ဖြေရှင်းမှုနည်းလမ်းသည် ကုလသမဂ္ဂ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များအညီ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအား တက်ကြွစွာ တွန်းအားပေးဆောင်ရွက်မည့် ရေရှည်ဖြေရှင်းနည်းကို ကြိုးပမ်းရှာဖွေသင့်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ဂါဇာကမ်းမြောင်ဒေသနှင့် လူမှုအခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေပေးဝေရေးစနစ် ပြန်လည်တည်ဆောက်ခြင်းနှင့် စားနပ်ရိက္ခာစဉ်ဆက်မပြတ်ပံ့ပိုးမှုကို သေချာစေခြင်းအပါအဝင် ပါလက်စတိုင်းပြည်သူများထံမှ ခေါင်းပုံဖြတ်လုယူ၍မရသော လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို မုချမသွေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားနှင့် ပါလက်စတိုင်းပြည်သူများ၏ ထူးခြားသည့်ဆက်ဆံရေးကြောင့် ရုရှားဘက်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသော လုပ်ငန်းများတွင် ပါဝင်ရန်၊ မပါဝင်ရန် မဆုံးဖြတ်သေးသည့်တိုင် အမေရိကန်တွင် ပိတ်ဆို့ခံထားရသည့် ရုရှားပိုင်ဆိုင်မှုများမှ ကန်ဒေါ်လာ ၁ ဘီလီယံ ခွဲဝေပြီး “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကို ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
အမေရိကန်တွင် ရုရှားပိတ်ဆို့ခံထားရသည် လက်ကျန်ပိုင်ဆိုင်မှုများကို ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် စစ်ပွဲအလွန်ပြန်လည်တည်ဆောက်ရေးတွင် အသုံးပြုနိုင်ကြောင်း၊ ဤသို့သောပုံစံဖြင့် အမေရိကန်တွင် ပိတ်ဆို့ခံထားရသည့် ပိုင်ဆိုင်မှုများကို အသုံးပြုမည့်ဖြစ်နိုင်ခြေကို ရုရှားအနေဖြင့် အမေရိကန်ဘက်ကိုယ်စားလှယ်များနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် အသွင်ကူးပြောင်းရေး စီမံခန့်ခွဲမှုကြီးကြပ်ရေးအတွက် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်ကို တည်ထောင်ကြောင်း အမေရိကန်အစိုးရက မကြာသေးမီရက်ပိုင်းတွင် ကြေညာခဲ့ပြီး နိုင်ငံအများအပြားအား ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အနေဖြင့် ပထမဦးစွာ ဂါဇာအရေးကို စီမံဖြေရှင်းမည်ဖြစ်ပြီး ထို့နောက် “အခြားပဋိပက္ခများ” ကို ဆက်လက်စီမံဖြေရှင်းမည် ဖြစ်ကြောင်း ထရမ့်က အင်တာဗျူးလက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။ အဆိုပါဘုတ်အဖွဲ့အတွက် “အမြဲတမ်းအဖွဲ့ဝင်” တန်ဖိုးကို ကန်ဒေါ်လာ ၁ ဘီလီယံ ကမ်းလှမ်းထားကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။ အမေရိကန်သည် ကုလသမဂ္ဂနှင့် စင်ပြိုင်အဖွဲ့အစည်း ဖန်တီးလိုခြင်းက ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် လုပ်ငန်းယန္တရားကို ထိခိုက်စေကြောင်း လူထုသဘောထားက ယူဆကြသည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
普京:收到加入“和平委员会”邀请 将同战略伙伴磋商
新华社莫斯科1月21日电(记者江宥林)据克里姆林宫网站21日消息,俄罗斯总统普京当天证实,美国总统特朗普邀请俄方加入美方发起的所谓“和平委员会”,俄方将就此与战略伙伴进行磋商。
普京当天以视频连线方式召开俄联邦安全会议常务委员会议时说,他已责成俄外交部研究美方提交的相关邀请文件,并将就此事与俄方战略伙伴进行磋商,之后才能对这一邀请作出回应。
普京强调,俄方过去和现在都支持任何旨在加强国际稳定的努力。
据普京介绍,俄方从美方收到的邀请提议,内容主要涉及解决中东问题、解决巴勒斯坦人民面临的紧迫问题以及加沙地带人道主义危机。
普京说,上述问题的解决方案应根据联合国相关决议,寻求积极推动巴以冲突的长期解决,同时必须考虑巴勒斯坦人民不可剥夺的需求和愿望,包括重建加沙地带及社会基础设施、医疗卫生和供水系统,以及保障粮食不间断供应。
普京表示,鉴于俄罗斯与巴勒斯坦人民的特殊关系,即便俄方尚未决定是否参与所谓“和平委员会”工作,仍可从被冻结的俄在美资产中“拨付”10亿美元,提供给“和平委员会”。
他还说,俄在美被冻结的剩余资产可在俄罗斯与乌克兰签署和平条约后用于战后重建,俄方正与美方代表讨论以这种方式使用在美被冻结资产的可能性。
美国政府日前宣布成立监督加沙地带战后过渡治理的所谓“和平委员会”,并邀请多国加入。特朗普接受采访时称,“和平委员会”将首先处理加沙问题,然后延伸处理“其他冲突”。多家媒体披露,美方为该委员会开出10亿美元的“永久入会”价码。有舆论认为,美方欲打造一个平行于联合国的机构,这将进一步破坏联合国权威和工作机制。(完)
1. 2025年11月27日,在吉尔吉斯斯坦比什凯克,俄罗斯总统普京在集安组织集体安全理事会会议上发言。新华社发(吉尔吉斯斯坦总统办公厅供图)
2. 1月21日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会发表演讲。 新华社记者 连漪 摄
