Connect with us

Europe

ထရမ့်၏ ဒါဗို့စ်မြို့ မိန့်ခွန်းပြောကြားချက်များက “နေရာတိုင်းမှာ တရားမမျှတမှုတွေ ပေါ်လွင်နေတယ်” ဟု ဆွစ်ဇာလန်ဝန်ကြီးချုပ် ဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါဗို့စ် (ဆွစ်ဇာလန်)၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ဇန်နဝါရီ ၂၁ ရက်က ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် အမေရိကန် သမ္မတ ထရမ့်၏ မိန့်ခွန်းပြောကြားချက်များသည် “နေရာတိုင်းမှာ တရားမမျှတမှုတွေ ပေါ်လွင်နေကြောင်း”၊ ဥရောပနှင့်ပတ်သက်သည့် ၎င်း၏ပြောကြားချက်များသည် “ခြိမ်းခြောက်ခြင်း၊ သရော်ခြင်းတွေနဲ့ ပြည့်နှက်နေတယ်” ဟု ဆွစ်ဇာလန်ဝန်ကြီးချုပ် Ulf Kristersson က ထိုနေ့တွင် ပြောကြားခဲ့သည်။
ထိုနေ့ ညနေပိုင်းတွင် ဒါဗို့စ်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် Kristersson က ထရမ့်၏ မိန့်ခွန်းအကြောင်းအရာနှင့် အသုံးအနှုန်းများသည် “တရားမမျှတမှုတွေဟာ နေရာတကာမှာ ပေါ်လွင်နေ” ပြီး အလွန်ပင် စိတ်ပျက်စရာကောင်းကြောင်း ဆွီဒင်မီဒီယာများထံ ပြောကြားခဲ့သည်။ ထရမ့်က ဥရောပနိုင်ငံများအပေါ် ခြိမ်းခြောက်ခြင်း၊ သရော်ခြင်းများနှင့် ပြည့်နှက်နေသော မှတ်ချက်များကို မိန့်ခွန်း၌ ဆက်လက်ထည့်သွင်းပြောဆိုခဲ့ကြောင်း၊ “ဒီပြောကြားချက်တွေနဲ့ အမှန်တရား ကိုက်ညီမှုမရှိဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်၏ လတ်တလောပြောကြားချက်များနှင့် အမေရိကန်၏ လုပ်ရပ်များစွာက ကမ္ဘာလုံးဆိုင်ရာ လူထုအမြင်မှာ ပြင်းထန်တဲ့ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်ပြည်တွင်းတွင်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ခံခဲ့ရကြောင်း Kristersson က ပြောကြားခဲ့သည်။
ဥရောပအနေဖြင့် ကာကွယ်ရေး တည်ဆောက်မှု အားဖြည့်ရန်၊ စီးပွားရေးအင်အားကို ပိုမိုအားကောင်းစေရန်၊ သိပ္ပံနည်းပညာအဆင့် မြှင့်တင်ရန် လိုအပ်သလို အမေရိကန်အပေါ် မှီခိုမှုများ လျှော့ချရန် ပို၍ပင် လိုအပ်ကြောင်း Kristersson က ပြောကြားခဲ့သည်။ ဆွစ်ဇာလန်အနေဖြင့် နောက်ဆက်တွဲ စေ့စပ်ညှိနှိုင်းမှုတွင် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းကို အခိုင်အမာ ထောက်ခံအားပေးသွားမည်ဖြစ်ပြီး “ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ရောင်းချလို့မရပါဘူး၊ ဒီအချက်ကို ကျွန်တော်တို့ အပြည့်အဝ ထောက်ခံတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင် ထရမ့်က ဥရောပ၏ လူဝင်မှုကြီးကြပ်ရေး၊ အစိမ်းရောင်စွမ်းအင် စသည့်မူဝါဒများကို တိုက်ခိုက်ဝေဖန်ခဲ့ပြီး ဥရောပသည် “မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မရှိဘူး”၊ အချို့နေရာများသည် ယခုအခါ “မူလအသွင်အပြင် လုံးဝပြောင်းလဲသွားကြောင်း”၊ ဤကဲ့သို့ အပြောင်းအလဲများသည် “အပြုသဘောဆောင်တဲ့ အနက်အဓိပ္ပာယ်က မဟုတ်ဘဲ” အနုတ်လက္ခဏာဆောင်သော ဦးတည်ချက်သို့ တိုးတက်ပြောင်းလဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ထရမ့်က အဆိုပါကျွန်းကို ရယူရန် ကြိုးပမ်းမှုအပေါ် ထပ်မံ၍ အကာအကွယ်ပြုပြောကြားခဲ့သည်။ အဆိုပါကျွန်းသည် အမေရိကန်၏ “အမျိုးသားလုံခြုံရေး အချက်အချာကျသော အကျိုးစီးပွား” ဖြစ်သည်ဟု ၎င်းက ဆိုသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ဤဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အင်အားသုံး သိမ်းပိုက်မည်မဟုတ်သလို “ကျွန်တော့်အနေနဲ့ ဒါမျိုးလုပ်ဖို့ မလိုအပ်ဘူး” “ဆန္ဒလည်းမရှိဘူး”၊ အမေရိကန်က ဂရင်းလန်းကို “ဝယ်ယူဖို့” အတွက် ဆွေးနွေးမှုတွေကို “ချက်ချင်း” စတင်ရန် ကြိုးစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
瑞典首相:特朗普在达沃斯的演讲“处处显示出不公正”
新华社瑞士达沃斯1月21日电 瑞典首相克里斯特松21日表示,美国总统特朗普当天在瑞士达沃斯举行的世界经济论坛年会上发表的演讲“处处显示出不公正”,其针对欧洲的言辞“充满威胁与讽刺”。
克里斯特松当天下午在达沃斯举行的记者会上对瑞典媒体说,特朗普演讲的内容和措辞“处处显示出不公正”,令人深感失望。特朗普在演讲中继续发表对欧洲国家充满威胁和讽刺的言论,“这些言论与事实不符”。
克里斯特松表示,特朗普近期言论和美国的一系列行为,已招致全球舆论严厉批评,即便在美国国内,也受到强烈反对。
克里斯特松说,欧洲需要加强国防建设、增强经济实力、提升科技水平,更需要减少对美依赖。他表示,瑞典将在后续谈判中坚定支持丹麦和格陵兰岛,“作为丹麦的自治领土,格陵兰岛不可出售,我们完全认同这一点”。
特朗普21日在世界经济论坛年会发表演讲,抨击欧洲的移民、绿色能源等政策,称欧洲“没有走在正确方向上”,一些地方如今“面目全非”,这种变化“并非积极意义上的”,而是朝着负面方向演变。
谈及格陵兰岛,特朗普再次为寻求得到该岛辩解,称这是美国“核心国家安全利益”。他同时称“我没有必要”“不愿意”也“不会”动用武力夺取这一丹麦自治领地,美国正寻求“立即”就“收购”格陵兰岛展开谈判。(完)
图说:1月21日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会发表演讲。 新华社记者 连漪 摄