Europe
“သဘောတူညီချက်မူဘောင်” အကြောင်းအရာများကို မသိကြောင်း၊ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်သည် “အနီရောင်စည်း” ဖြစ်ကြောင်း ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဆို
အော်စလို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအနေဖြင့် အမေရိကန်သမ္မတ ထရမ့်အဆိုပြုသော “သဘောတူညီချက်မူဘောင်” ဆိုသည်၏ တိကျသော အကြောင်းအရာများကို မသိကြောင်း၊ ဂရင်းလန်းကျွန်း၏ အချုပ်အခြာအာဏာသည် ချိုးဖောက်၍မရနိုင်သော “အနီရောင်စည်း” ဖြစ်ကြောင်း ဂရင်းလန်းကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Jens-Frederik Nielsen က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
Nielsen က ၎င်းအနေဖြင့် ရှေ့တစ်ရက်က ထရမ့်ထုတ်ပြန်သော ပြောကြားချက်များအပေါ် ကြိုဆိုကြောင်း၊ သို့သော် ၎င်းအဆိုပြုသော ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်းသည့် “သဘောတူညီချက်” သို့မဟုတ် “အပေးအယူ” ဆိုသည်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို ရှင်းရှင်းလင်းလင်းမသိကြောင်း ထိုနေ့ ဂရင်းလန်းကျွန်း မြို့တော် Nuuk ၌ ကျင်းပသော နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Mark Rutte သည် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းကို ကိုယ်စားပြု၍ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းရန် အခွင့်မရှိကြောင်း၊ “ကိစ္စတွေအများကြီး ဆွေးနွေးဖို့ ကျွန်တော်တို့ ဆန္ဒရှိပေမဲ့ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စတွေကတော့ အနီရောင်စည်းဖြစ်တယ်” ဟု Nielsen က အလေးအနက်ထား ပြောကြားခဲ့သည်။
“လက်ရှိတွင် ဂရင်းလန်းကျွန်း လုံခြုံမှုရှိ/မရှိ” မေးမြန်းမှုကို ဖြေကြားရာတွင် Nielsen က ဇန်နဝါရီ ၂၁ ရက် မတိုင်မီအထိ ဂရင်းလန်းကျွန်းပြည်သူတို့သည် ကြီးမားသော ဖိအားများ ကြုံတွေ့နေရပြီး ဤဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကန်က အင်အားသုံးရယူမည့် ဖြစ်နိုင်ခြေကို ဖယ်ရှားမရကြောင်း ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းက ဒိန်းမတ်နှင့် ဥရောပသမဂ္ဂကို ရွေးချယ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်း သို့မဟုတ် ဒိန်းမတ်နိုင်ငံနှင့်ပတ်သက်သည့် မည်သည့်သဘောတူညီချက် သို့မဟုတ် စေ့စပ်ညှိနှိုင်းမှုမဆို ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်နိုင်ငံတို့ ပါဝင်မှုမရှိသည့်အခြေအနေတွင် လုပ်ဆောင်၍မရကြောင်း Nielsen က သတင်းစာရှင်းလင်းပွဲအပြီး ဂရင်းလန်းကျွန်းမီဒီယာ Sermitsiaq ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ ပြင်ပက အာရုံစိုက်သော အရင်းအမြစ် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ၎င်းက ဂရင်းလန်းကျွန်းအနေဖြင့် ကုန်ကြမ်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ဆန္ဒရှိသော်လည်း ဂရင်းလန်းကျွန်း၏ အချုပ်အခြာအာဏာ၊ ဥပဒေ၊ ပြည်သူနှင့် ယဉ်ကျေးမှုကို လေးစားရမည်မှာ အခြေခံမူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ထရမ့်သည် Rutte နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်သည် “ဂရင်းလန်းကျွန်းနှင့် အာတိတ်ဒေသတစ်ခုလုံးနှင့်ပတ်သက်သည့် အနာဂတ်သဘောတူညီချက် မူဘောင်ကို ရေးဆွဲ” ခဲ့ပြီးဖြစ်ရာ ၎င်းအနေဖြင့် မူလက ဖေဖော်ဝါရီ ၁ ရက်တွင် အသက်ဝင်မည့် ဥရောပနိုင်ငံ ၈ နိုင်ငံအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့်အစီအမံကို ဖော်ဆောင်မည်မဟုတ်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
格陵兰岛自治政府总理:不了解“协议框架”内容 主权问题是“红线”
新华社奥斯陆1月22日电(记者张玉亮 杨钰晨)哥本哈根消息:格陵兰岛自治政府总理延斯-弗雷德里克·尼尔森22日表示,自治政府不了解美国总统特朗普所谓“协议框架”的具体内容,格陵兰岛主权归属是不可逾越的“红线”。
尼尔森当天在格陵兰岛首府努克举行的国际媒体记者会上表示,他对特朗普前一天发表的言论表示欢迎,但不清楚其所谓关于格陵兰岛的“协议”或“交易”具体包含哪些方面。
尼尔森强调,北约秘书长吕特无权代表丹麦和格陵兰岛与美方谈判。“我们愿意讨论很多事情,但主权问题是一条红线”。
回答“格陵兰岛现在是否安全”的提问时,尼尔森表示,直到21日之前,格陵兰岛民众一直承受着巨大压力,无法排除美方以武力夺取这一丹麦自治领地的可能性。他重申,格陵兰岛选择丹麦和欧盟。
记者会后,尼尔森接受格陵兰岛媒体《塞尔米特夏克报》采访时表示,任何涉及格陵兰岛乃至丹麦的协议或谈判,都不可能在缺少格陵兰岛和丹麦参与的情况下进行。谈及外界关注的资源议题,他表示,格陵兰岛愿意就包括原材料在内的合作展开对话,但前提是尊重格陵兰岛的主权、法律、人民和文化。
特朗普21日在瑞士达沃斯参加世界经济论坛年会期间与吕特会晤,随后在社交媒体发文称,双方已经“制定关于格陵兰岛乃至整个北极地区未来协议的框架”,因此,他不会实施原定于2月1日生效、对欧洲8国加征关税的措施。(完)
图说:2025年3月28日,在丹麦自治领地格陵兰岛首府努克,延斯-弗雷德里克·尼尔森在新政府成立现场讲话。新华社记者 彭子洋 摄
