Connect with us

North America

အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုအား တုံ့ပြန်ရန်အတွက် “ပြည်တွင်းထုတ်ကုန် ဝယ်ယူရန်” ကနေဒါပြည်သူများအား မာ့ခ်ကာနီ တိုက်တွန်း

တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ကနေဒါအပေါ် အသစ်တစ်ကြိမ် စည်းကြပ်ခွန် ခြိမ်းခြောက်မှု လုပ်ဆောင်ပြီးနောက် ပြည်ပခြိမ်းခြောက်မှုအား တုံ့ပြန်ရန်အတွက် “ပြည်တွင်းထုတ်ကုန် ဝယ်ယူရန်” ကနေဒါပြည်သူများအား ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီက ဇန်နဝါရီ ၂၄ ရက်တွင် တိုက်တွန်းခဲ့သည်။

မာ့ခ်ကာနီသည် ၎င်း၏ပုဂ္ဂလိကလူမှုမီဒီယာအကောင့်တွင် ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့သည်။ ဗီဒီယိုထဲတွင် မာ့ခ်ကာနီက “ကျွန်တော်တို့ရဲ့ စီးပွားရေးက ပြည်ပနိုင်ငံရဲ့ ခြိမ်းခြောက်မှု ခံနေရတဲ့အတွက် ကနေဒါပြည်သူတွေက ရွေးချယ်မှု လုပ်ဆောင်လိုက်ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ ကိစ္စအပေါ်မှာပဲ အာရုံစိုက်လုပ်ဆောင်ပါမယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်အား တိုက်ရိုက်ပြောကြားခြင်းမရှိသော်လည်း မာ့ခ်ကာနီက “ပြည်တွင်းထုတ်ကုန်ဝယ်ယူခြင်း” မူဝါဒအား အကောင်အထည်ဖော်မှုကို တွန်းအားပေးမည်ဟု ထပ်မံအလေးထားပြောကြားခဲ့သည်။ “ကျွန်တော်တို့က တခြားနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က မိမိရဲ့ အကောင်းဆုံးဖောက်သည် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့က ကနေဒါထုတ်ကုန်တွေကို ဝယ်ယူသွားမှာပါ။ ကျွန်တော်တို့က ကနေဒါထုတ်ကုန်တွေနဲ့ နိုင်ငံကို တည်ဆောက်သွားမှာပါ” ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် မာ့ခ်ကာနီက ၎င်း၏တရားဝင်လူမှုမီဒီယာ၌ စက္ကန့် ၄၀ ကျော်ကြာသည့် ဗီဒီယိုတစ်ခု ဖော်ပြ၍ ၎င်းလတ်တလောကာလအတွင်း တရုတ်၊ ကာတာနိုင်ငံသို့ ခရီးစဉ်သွားရောက်ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး သက်ဆိုင်ရာလှုပ်ရှားမှုများ တက်ရောက်သည့်အခြေအနေကို ပြန်ပြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ၎င်းက ကနေဒါအတွက် ပိုမိုကြီးမားသော စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွား ရယူရန်အတွက် မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ခြင်း၊ ကုန်သွယ်ရေး အမျိုးစုံလင်မှုအား ဖော်ဆောင်ခြင်းတို့ လုပ်ဆောင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအား ဆွဲဆောင်နေကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ကနေဒါနှင့် သက်ဆိုင်ရာနိုင်ငံ “သဘောတူညီချက် ရရှိ” ပါက အမေရိကန်သို့တင်သွင်းမည့် ကနေဒါထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
卡尼号召加拿大人“购买国货”以回应美国关税威胁
新华社渥太华1月24日电(记者林威)在美国总统特朗普对加拿大发出新一轮关税威胁后,加拿大总理卡尼24日号召该国民众“购买国货”,以应对外部威胁。
卡尼在其个人社交媒体上发布一段事先录制好的视频。卡尼在视频里说:“鉴于我们的经济正在经受来自国外的威胁,加拿大人做出了选择:专注于我们能够掌控的事情。”
尽管没有直接提及美国,但卡尼重申将推动实施“购买国货”政策。他指出:“我们无法控制其他国家的行为。但我们可以成为自己最好的客户。我们将购买加拿大产品,我们将用加拿大产品来建设国家。”
同一天,卡尼在其官方社交媒体账号上展示了一段40多秒的视频,回顾了他近期访问中国、卡塔尔以及出席世界经济论坛年会相关活动的情况,并表示他正在加强伙伴关系、实现贸易多元化并吸引投资,为加拿大争取更大的经济和战略利益。
特朗普当天在社交媒体发文威胁称,如果加拿大与有关国家“达成协议”,将对进入美国的加拿大商品征收100%的关税。(完)
图说:1月14日,加拿大总理卡尼抵达北京,开始对中国进行为期四天的正式访问。 新华社记者 才扬 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.