Connect with us

Latin America

ထရမ့်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အစပြုကာ ကုလသမဂ္ဂအား အစားထိုးရန် ကြံရွယ်နေခြင်းကို လူလာ ဝေဖန်

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ဘယ်လမ်မြို့တွင် ကျင်းပသော “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၀ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP30) ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားနေသော ဘရာဇီးနိုင်ငံ လူလာအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်ကို အစပြုခဲ့ပြီး ကုလသမဂ္ဂကို အစားထိုး၍ ဤအဖွဲ့အစည်းအသစ်၏ “တစ်ဦးတည်းသောပိုင်ရှင်” ဖြစ်လာရန် ကြိုးစားနေကြောင်း ဘရာဇီးသမ္မတ လူလာက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ထရမ့်က ကုလသမဂ္ဂကို တိုးတက်အောင် ပြုပြင်ပေးတာမဟုတ်ဘဲ ’ကုလသမဂ္ဂအသစ်’ အစီအစဉ်တစ်ခုကို အဆိုပြုခဲ့တယ်”၊ “သူကသာ ’ ကုလသမဂ္ဂအသစ်’ ရဲ့ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်လာလိမ့်မယ်” ဟု လူလာက အဆိုပါနေ့တွင် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Bahia ပြည်နယ်၌ အခမ်းအနားတစ်ခု တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံရေးသည် အဓိကကျသော အခိုက်အတန့်နှင့် ကြုံတွေ့နေရသလို နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် အစွန့်ပစ်ခံရလျက်ရှိပြီး တစ်ဖတ်သတ်ဝါဒမှာ အရှိန်မြှင့်ထွန်းကားလာကြောင်း၊ အင်အားအပေါ်အခြေခံထားသည့် ဥပဒေမှာ လွှမ်းမိုးလျက်ရှိပြီး “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” မှာ စုတ်ဖြဲခံရလျက်ရှိကြောင်း လူလာက ပြောကြားခဲ့သည်။

ဘရာဇီးအနေဖြင့် ကိုလိုနီနယ်မြေ ထပ်မံဖြစ်လာမည်ကို လုံးဝလက်ခံမည်မဟုတ်သလို မည်သူ၏ ထိန်းချုပ်မှုကိုမျှ ထပ်၍ လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်တွင် ၎င်းအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး စည်းလုံးညီညွတ်၍ တစ်သားတည်းကျသည့် လမ်းကြောင်းကို ဖော်ဆောင်ရန် ကြိုးစားရှာဖွေခဲ့ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ ကာကွယ်သည့် ကြိုးပမ်းမှုများကို အချည်းနှီးမဖြစ်စေရ ဟုလည်း လူလာက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ဘရာဇီးအစိုးရသည် အမေရိကန်၏ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” သို့ ဝင်ရောက်ရန် ဖိတ်ကြားမှုနှင့် စပ်လျဉ်း၍ တရားဝင် တုံ့ပြန်ခြင်းမရှိသေးပေ။ (Xinhua)

……………………
(Chinese Version)
卢拉批评特朗普发起“和平委员会”欲取代联合国
新华社巴西利亚1月23日电(记者吴昊 周永穗)巴西总统卢拉23日说,美国总统特朗普发起的所谓“和平委员会”,试图以“和平委员会”取代联合国并成为这一新组织的“唯一主人”。
卢拉当天在巴西东北部巴伊亚州参加一场活动时发表讲话说,“特朗普不是在改进联合国,而是提出了一个‘新联合国’方案”,“他将成为‘新联合国’的唯一主人”。
卢拉说,世界政治正在经历关键时刻,多边主义正在被抛弃,单边主义正在兴起,强权法则正在盛行,《联合国宪章》正在被撕毁。他表示,巴西绝不接受重新沦为殖民地,绝不允许再被任何人控制。
卢拉还说,过去一周,他与世界各国领导人通话,努力找到一条实现团结一致的道路,不能让坚持维护多边主义的努力付诸东流。
截至目前,巴西政府尚未正式回复美方关于加入“和平委员会”的邀请。(完)
图说:11月10日,巴西总统卢拉在巴西北部城市贝伦举行的《联合国气候变化框架公约》第三十次缔约方大会(COP30)开幕式上发表讲话。新华社发(卢西奥·塔沃拉 摄)