Connect with us

Asia

အိန္ဒိယနိုင်ငံတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွား

နယူးဒေလီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘန်ဂေါပြည်နယ်၌ လတ်တလောကာလအတွင်း နီပါးဗိုင်းရပ် (Nipah virus) ကူးစက်မှုပေါ်ထွက်လာခဲ့ကြောင်း၊ လက်ရှိတွင် အတည်ပြုလူနာ ၅ ဦး ရှိလာပြီဖြစ်ကာ ၎င်းအနက် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်ကြောင်း ပြည်ပမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

လူ ၁၀၀ နီးပါးသည် နေအိမ်၌ ကွာရန်တင်းနေထိုင်ရန် တောင်းဆိုခံရပြီး ကူးစက်ခံရသူလူနာများသည် အဆိုပါပြည်နယ် မြို့တော်ကာလကတ္တားနှင့် အနီးတစ်ဝိုက်ဆေးရုံများ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၎င်းအနက် လူနာတစ်ဦးသည် ရောဂါအခြေအနေပြင်းထန်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နီပါးဗိုင်းရပ်စ်သည် လူ၏အဆုတ်နှင့် ဦးနှောက်ကိုတိုက်ခိုက်နိုင်ပြီး ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ အသိဉာဏ်ရှုပ်ထွေးခြင်းနှင့် မေ့မြောခြင်းတို့ ပါဝင်ကြောင်း၊ ကူးစက်ခံရသူ၏ သေဆုံးနှုန်းသည် ၄၀ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း၊ အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်ထွက်လာသော ရောဂါပျိုးချိန်သည် ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေဖြင့် ၄၅ ရက်အထိ ရှိနိုင်ကြောင်း၊ လက်ရှိတွင် နီပါးဗိုင်းရပ်စ်အား သီးသန့်ရည်ရွယ်သည့် ကာကွယ်ဆေးနှင့် ထိရောက်သောကုထုံးများ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စသည့် အဖွဲ့အစည်းများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)

——————
(Chinese Version)
印度出现尼帕病毒疫情
新华社新德里1月26日电 据外媒报道,印度东部的西孟加拉邦近期出现尼帕病毒感染病例,目前已有5例确诊病例,其中包括医护人员。
报道说,近100人被要求居家隔离,感染者正在该邦首府加尔各答及周边医院接受治疗,其中一名患者病情危重。
据世界卫生组织等机构介绍,尼帕病毒能攻击人的肺部和大脑,症状包括发烧、头疼、嗜睡、意识模糊和昏迷,感染者的死亡率可达40%以上。这种病毒从感染到出现症状的潜伏期一般为4天至14天,最长可达45天。目前尚无专门针对尼帕病毒的疫苗和有效疗法。(完)