Connect with us

Europe

နေတိုးမဟာမိတ်များ “ရှေ့တန်းမှ ကင်းကွာနေတယ်” ဟူသော ထရမ့်၏ပြောဆိုချက်က “လက်ခံနိုင်ဖွယ်မရှိ” ဟု အီတလီ ဝန်ကြီးချုပ် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် က ခရီးစဉ်လာရောက်နေသော အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ အား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ၎င်းအနေဖြင့် နေတိုးအဖွဲ့ မဟာမိတ်နိုင်ငံ စစ်သည်များက အာဖဂန်နစ္စတန်နိုင်ငံတွင် “ရှေ့တန်းမှ ကင်းကွာနေတယ်” ဟူသော အမေရိကန် သမ္မတ ထရမ့်၏ ပြောဆိုချက်အပေါ် “တုန်လှုပ်မိ” ကြောင်း ဇန်နဝါရီ ၂၄ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့ပြီး ထိုကဲ့သို့သော ပြောဆိုချက်သည် “လက်ခံနိုင်ဖွယ်မရှိ” ကြောင်း အလေးထား ပြောကြားခဲ့သည်။
ထရမ့်က လတ်တလောရက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ အမေရိကန် Fox News Channel ၏ မေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန်သည် နေတိုးကို “ဘယ်တုန်းကမှ မလိုအပ်ခဲ့ဖူးပါဘူး” ၊ နေတိုးမဟာမိတ်များသည် “သူတို့က အာဖဂန်နစ္စတန်ကို စစ်သည်စေလွှတ်လိုက်တယ်လို့ ပြောလိမ့်မယ် … သူတို့တကယ်လည်း လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ နေရာကနည်းနည်း နောက်ကျမှရောက်တယ်၊ ရှေ့တန်းကနေ နည်းနည်းကင်းကွာနေတယ်” ဟု ပြောကြားခဲ့သည်။
အီတလီအနေဖြင့် အာဖဂန်နစ္စတန်သို့ စစ်ရေးဝန်ထမ်းပေါင်း ထောင်ချီစေလွှတ်ခဲ့ပြီး အနောက်ပိုင်းဒေသ စစ်ဌာနချုပ်၏ လုပ်ငန်းများကို ဘက်စုံတာဝန်ယူခဲ့ကြောင်း၊ ယင်းသည်စစ်ရေးလှုပ်ရှားမှုအတွင်း အရေးကြီးဆုံး စစ်ဆင်ရေးဒေသများအနက် တစ်ခုဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၀ နီးပါးအတွင်း အီတလီသည် “သံသယဝင်ဖွယ်မရှိသော ပေးဆပ်မှု” လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ဆင်ရေးလှုပ်ရှားမှု၊ လုံခြုံရေးစစ်ရှင် သို့မဟုတ် အာဖဂန်နစ္စတန်တပ်ဖွဲ့ လေ့ကျင့်ရေး အစီအစဉ်များကို လုပ်ဆောင်သည့်ကာလအတွင်း စုစုပေါင်း စစ်သည် ၅၃ ဦး သေဆုံးကာ စစ်သည် ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မယ်လိုနီက ကြေညာချက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ နေတိုးအဖွဲ့ဝင်နိုင်ငံများ လုပ်ဆောင်ခဲ့သော အကျိုးထမ်းဆောင်မှုများကို နှိမ့်ချသည့် မည်သည့်ပြောဆိုချက်မဆို “လက်ခံနိုင်ဖွယ်မရှိ” ကြောင်း၊ အထူးသဖြင့် ထိုကဲ့သို့ ပြောဆိုချက်သည် မဟာမိတ်များက ပြောကြားလာချိန်တွင် ဖြစ်ကြောင်း၊ အီတလီနှင့် အမေရိကန်၏ “ခိုင်မြဲသောချစ်ကြည်ရေး” သည် ဘုံတန်ဖိုးအမြင်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သို့သော် “ချစ်ကြည်ရေးသည် လေးစားမှု လိုအပ်” ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
意总理:特朗普有关北约盟友“脱离前线”言论“不可接受”
新华社罗马1月25日电(记者高婧妍)意大利总理梅洛尼24日晚发表声明说,她对美国总统特朗普有关北约盟国士兵在阿富汗“脱离前线”的言论“感到震惊”,并强调此类言论“不可接受”。
特朗普近日在瑞士达沃斯接受美国福克斯新闻频道采访时称,美国“从来没有需要过”北约,北约盟友“会说他们向阿富汗派了兵……他们确实派了,但位置略微靠后,有点脱离前线”。
梅洛尼在声明中说,意大利向阿富汗派遣了数千名军事人员,并全面负责西部地区司令部工作,这是军事行动中最重要的作战区域之一。在近20年里,意大利付出了“毋庸置疑的代价”,在执行作战行动、安全任务或阿富汗部队培训计划中,共有53名士兵丧生、700多名士兵受伤。
她还表示,任何贬低北约国家在阿富汗所作贡献的言论都“不可接受”,尤其当此类言论出自盟友之口时。意大利与美国的“牢固友谊”建立在共同价值观和长期合作基础之上,但“友谊需要尊重”。(完)
图说:2025年4月17日,美国总统特朗普(中左)在首都华盛顿的白宫迎接到访的意大利总理梅洛尼(中右)。 新华社记者 胡友松 摄