Connect with us

Asia

အိန္ဒိယနိုင်ငံ နီပါးဗိုင်းရပ်စ်ကူးစက်မှုက ဆေးရုံမှ စတင်ခြင်းဖြစ်နိုင်

နယူးဒေလီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘင်္ဂလားပြည်နယ်၌ လတ်တလောကာလအတွင်း နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်မှုပေါ်ထွက်လာခဲ့ပြီး အတည်ပြုလူနာ ၅ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ ကူးစက်ခံရသူ လူနာများသည် အဆိုပါပြည်နယ် မြို့တော်ကာလကတ္တားနှင့် အနီးတစ်ဝိုက်ဆေးရုံများ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ၎င်းအနက် လူနာတစ်ဦးသည် ရောဂါအခြေအနေပြင်းထန်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

ကာလကတ္တားမြို့ အနီးတစ်ဝိုက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၂ ဦးသည် ယခုအကြိမ် ကူးစက်မှုအတွင်း အစောဆုံး အတည်ပြုလူနာများဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုမတိုင်မီက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာပြသည့် လူနာတစ်ဦးထံမှ ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဖြစ်နိုင်ခြေ မြင့်မားကြောင်း၊ အဆိုပါလူနာသည် နီပါးဗိုင်းရပ်စ် မစစ်ဆေးခံရခင်ကပင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု အနောက်ဘင်္ဂလားပြည်နယ် ကျန်းမာရေးအရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ဒေသခံအစိုးရက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရန် အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် လူဦးရေ ၁၀၀ နီးပါး နေအိမ်၌ ကွာရန်တင်းနေထိုင်နေရကြောင်း၊ အဆိုပါဗိုင်းရပ်စ်သည် သာမန်အားဖြင့် လင်းနို့မှတစ်ဆင့် လူထံသို့ ကူးစက်ခြင်းဖြစ်သဖြင့် အနောက်ဘန်ဂေါပြည်နယ်က အဆိုပါပြည်နယ်အတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များစွာကို ၎င်းတို့မွေးမြူထားသော လင်းနို့များအား နမူနာယူ စမ်းသပ်စစ်ဆေးရန် တောင်းဆိုထားကြောင်း သတင်းအရ သိရသည်။

နီပါးဗိုင်းရပ်စ်သည် လူနှင့် တိရစ္ဆာန်တွင်ပါ ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ပြီး ကူးစက်ခံရသော တိရစ္ဆာန် (ဥပမာအားဖြင့် လင်းနို့ သို့မဟုတ် ဝက်) သို့မဟုတ် အဆိုပါ ကူးစက်ခံရသော တိရစ္ဆာန်များ၏ တံထွေးရည်၊ ကျင်ငယ်ရည်နှင့် မစင်များကြောင့် ညစ်ညမ်းသွားသော အစားအစာမှတစ်ဆင့် လူထံ ကူးစက်နိုင်ကြောင်း၊ အခြေအနေအနည်းငယ်တွင် လူအချင်းချင်းလည်း ကူးစက်နိုင်ကြောင်း၊ လူက ကူးစက်ခံရပြီးနောက် ပေါ်ထွက်လာသည့် ရောဂါလက္ခဏာများမှာ အရေးပေါ် အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းနှင့် သေစေနိုင်သည့် ဦးနှောက်ရောင်ရမ်းခြင်းတို့ ပါဝင်ကာ ရောဂါကြောင့်သေဆုံးနှုန်းသည် ၄၀ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း၊ လက်ရှိတွင် ခွင့်ပြုချက်ရရှိထားသည့် ကာကွယ်ဆေး သို့မဟုတ် အထူးကုသဆေး မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မိတ်ဆက်မှုအရ သိရသည်။
WHO က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၁၉၉၈ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့တွင် နီပါးဗိုင်းရပ်စ် ကူးစက်ခံရမှုများ သတင်းပို့မှုရှိကြောင်း သိရသည်။ အိန္ဒိယတွင် ၂၀၀၁ ခုနှစ်ကတည်းက နီပါးဗိုင်းရပ်စ် ကူးစက်မှု အကြိမ်များစွာ ပေါ်ထွက်ခဲ့သည်။ ၂၀၂၅ ခုနှစ် မေ ၁၇ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ် အတည်ပြုလူနာ ၄ ဦးရှိကြောင်း တင်ပြခဲ့ပြီး ၎င်းအနက် သေဆုံးလူနာ ၂ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
印度尼帕病毒疫情或来自医院
新华社新德里1月26日电 据印度媒体报道,印度东部的西孟加拉邦近期出现尼帕病毒疫情,确诊病例已升至5例。感染者正在该邦首府加尔各答及周边医院接受治疗,其中一名患者病情危重。
报道援引西孟加拉邦一名卫生官员的话说,加尔各答附近一家私立医院的2名医护人员是本次疫情中最早被确诊的患者,他们极有可能是从此前一名出现严重呼吸道症状的患者那里感染病毒。该患者在接受尼帕病毒检测前就已经去世。
报道说,当地政府正采取措施遏制病毒传播,目前已有近百人被要求居家隔离。由于该病毒通常由蝙蝠传染给人类,西孟加拉邦已要求该邦多个动物园对圈养的蝙蝠进行采样检测。
据世界卫生组织介绍,尼帕病毒是一种人畜共患病毒,可通过受感染的动物(如蝙蝠或猪)或受这些被感染动物唾液、尿液和排泄物污染的食物传染给人类,少数情况下也可人际传播。人类感染后的症状包括急性呼吸道感染和致命性脑炎,病死率通常在40%以上。目前尚无获得许可的疫苗或特效药。
世卫组织公布的信息显示,自1998年以来,孟加拉国、印度、马来西亚、菲律宾和新加坡均报告过尼帕病毒疫情。印度自2001年以来多次出现尼帕病毒疫情。2025年5月17日至7月12日期间,印度喀拉拉邦报告了4例尼帕病毒感染病例,其中包括2例死亡病例。(完)