Connect with us

Asia

ထိုင်းနိုင်ငံတွင် နီပါးဗိုင်းရပ်စ်အန္တရာယ်ရှိသည့် ဒေသများမှ လာသော လေယာဉ်ခရီးစဉ်များကို ဘက်စုံ စစ်ဆေးစိစစ်မှုများ ပြုလုပ်

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ၂၀၂၅ ခုနှစ် ဗြိတိန် ကမ္ဘာ့ခရီးသွားလုပ်ငန်းဖလှယ်ရေးအခမ်းအနား၌ ထိုင်းနိုင်ငံ ပြသခန်း၏ စေ့စပ်ဆွေးနွေးရာနေရာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

နီပါးဗိုင်းရပ်စ် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခြင်းအား ကာကွယ်တားဆီးရန် ဇန်နဝါရီ ၂၆ ရက်မှစ၍ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှ လာသော လေယာဉ်ခရီးစဉ်များအပေါ် ဘက်စုံ စစ်ဆေးစိစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) က ကြေညာခဲ့သည်။
စစ်ဆေးစိစစ်မှုကို ဇန်နဝါရီ ၂၆ ရက် ၀၀ နာရီမှစ၍ လုပ်ဆောင်မည်ဖြစ်သလို အခြေအနေတိုးတက်မှုအရ အချိန်မရွေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ကြောင်း CAAT က ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ လက်ရှိတွင် စစ်ဆေးစိစစ်မှု၌ လေကြောင်းလိုင်းကုမ္ပဏီများသည် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်ရှိ ထွက်ခွာရာနေရာများတွင် ကနဦးစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ခရီးသည်များတွင် စစ်ဆေးရန် လိုအပ်သော ရောဂါလက္ခဏာများ ပြသပါက ခရီးသည်အား ထွက်ခွာခြင်းမပြုမီ သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ ပေးအပ်ရန်၊ လေယာဉ်ခရီးစဉ်အတွင်း အများပြည်သူကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန် တောင်းဆိုရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်နှင့် ထိုဒေသတွင်းမှ ခရီးသည်အားလုံးသည် ကိုယ်အပူချိန်စစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာအစီရင်ခံလျှောက်လွှာကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း၊ လေယာဉ်ခရီးစဉ် ရောက်ရှိသည်နှင့် လေဆိပ်ရှိ စင်္ကြံဧရိယာတွင် စစ်ဆေးစိစစ်ရေးနေရာများ ထားရှိမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများ ပါဝင်သည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကာလကတ္တားမှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနှင့် ဖူးခက် လေဆိပ် ၃ ခုလုံးသို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်များရှိပြီး လက်ရှိတွင် စစ်ဆေးစိစစ်မှုများကို ဤလေဆိပ် ၃ ခု၌ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် နီပါးဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခြင်း တစ်စုံတစ်ရာ အစီရင်ခံထားခြင်းမရှိသေးကြောင်း၊ အစိုးရအနေဖြင့် လူထုကျန်းမာရေးစနစ် စောင့်ကြည့်ခြင်းနှင့် စစ်ဆေးစိစစ်ခြင်းအတွက် အသင့်ပြင်ဆင်ထားပြီး အန္တရာယ်များသော နိုင်ငံများနှင့် ဒေသများမှ ခရီးသည်များကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူးလ်က ဇန်နဝါရီ ၂၅ ရက်တွင် အင်တာဗျူးလက်ခံဖြေကြားရာ၌ ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ပူပူနွေးနွေး အစားအစာများ စားသုံးခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ကိုယ်ရေသုံး ဇွန်းခွက်ပန်းကန်များကို အသုံးပြုခြင်းနှင့် လက်ဆွဲနှုတ်ဆက်မှုကို ရှောင်ကြဉ်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို ထိန်းသိမ်းရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်၌ လတ်တလောတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုများ ထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် အတည်ပြုကူးစက်သူ ၅ ဦးရှိပြီဖြစ်သလို လူအယောက် ၁၀၀ နီးပါးကိုလည်း အိမ်တွင် သီးခြားခွဲနေထိုင်စေခဲ့သည်။ နီပါးဗိုင်းရပ်စ်သည် လူ၏ အဆုတ်နှင့် ဦးနှောက်ကို ထိခိုက်နိုင်စွမ်းရှိပြီး ရောဂါလက္ခဏများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ အသိဉာဏ်ရှုပ်ထွေးခြင်းနှင့် မေ့မြောခြင်းတို့ ပါဝင်ပြီး ကူးစက်ခံရသူ၏ သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းအထက်အထိ ရှိနိုင်ကြောင်း WHO အဖွဲ့စသည့် အဖွဲ့အစည်းများ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ (Xinhua)

…………………..
(Chinese Version)
泰国全面筛查来自尼帕病毒风险地区航班
新华社曼谷1月26日电(记者常天童)泰国民航局宣布,26日起对来自印度西孟加拉邦的航班进行全面筛查,以防止尼帕病毒输入泰国。
泰国民航局25日发表声明说,筛查从26日0时起开始实施,同时将根据形势发展随时调整。目前筛查内容包括:航空公司在印度西孟加拉邦出发地进行初步筛查,如发现旅客出现需要检测的症状,将要求旅客在出发前提供相关证明文件,并在飞行过程中遵循公共卫生指引;抵达泰国后,所有来自该地区的旅客须接受体温检测并填写健康申报表,航班抵达机场在廊桥区域设立筛查点。
据泰国媒体报道,印度西孟加拉邦加尔各答到泰国素万那普、廊曼和普吉三个机场均有直飞航班,目前筛查措施已在这三个机场展开。
泰国看守总理兼内政部长阿努廷25日接受采访时表示,目前泰国尚未报告任何尼帕病毒感染病例,政府已做好公共卫生系统监测和筛查的准备,对来自风险较高国家和地区的旅客进行密切监控。他还敦促公众遵守卫生指南,保持卫生习惯,如食用热食、勤洗手、使用个人餐具、尽量避免握手等。
印度西孟加拉邦近期出现尼帕病毒感染病例,目前已有5例确诊病例,近100人被要求居家隔离。据世界卫生组织等机构介绍,尼帕病毒能攻击人的肺部和大脑,症状包括发烧、头疼、嗜睡、意识模糊和昏迷,感染者的死亡率可达40%以上。(完)
图说:11月4日,在英国首都伦敦,人们在2025年英国伦敦世界旅游交易会泰国展区洽谈。新华社记者李颖摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.