North America
ကမ္ဘာ့ရွှေဈေး ကန်ဒေါ်လာ ၅,၀၀၀ ကျော်သို့ ရောက်ရှိ
နယူးယောက်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ အရောင်းအဝယ်အသွက်လက်ဆုံးဖြစ်သော ဖေဖော်ဝါရီလ Gold Futures ဈေးနှုန်းသည် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်း၌ အီလက်ထရွန်းနစ်ကုန်သွယ်မှုတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅၀၀၀ ကျော် သမိုင်းစံချိန်ချိုးခဲ့သည်။ လန်ဒန်လက်ရှိရွှေဈေးနှုန်းသည်လည်း ယင်းနေ့တွင်ပင် ယင်းအရေးကြီးသည့်အဆင့်ကို ကျော်လွန်ခဲ့သည်။
သုံးသပ်သူများက ဂရင်းလန်းကျွန်းအပေါ် အမေရိကန်၏ လောဘနှင့် အမေရိကန် ဗဟိုဘဏ်အပေါ် အမေရိကန်အစိုးရ၏ ဖိအားပေးမှုများက ဈေးကွက်ကို ဆက်တိုက်ကမောက်ကမ ဖြစ်စေပြီး ရင်းနှီးမြှုပ်နှံသူများက အန္တရာယ်အလားအလာကို ရှောင်ရှားလိုမှုများ မြင့်မားလာစေရာ လတ်တလော ရွှေဈေးတက်ရန်အတွက် တွန်းကန်အား ဖြစ်ခဲ့ကြောင်း ထောက်ပြကြသည်။ လွန်ခဲ့သည့် ၂ နှစ်တာကာလ၌ ကန်ဒေါ်လာလျော့ရဲလာမှု၊ နိုင်ငံအသီးသီး၏ဗဟိုဘဏ်များက ရွှေလိုအပ်ချက်မြင့်မားမှု၊ ကမ္ဘာ့ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း စသည့် အကြောင်းရင်းများစွာကြောင့် ရွှေဈေးမှာ ကြိမ်ဖန်များစွာ စံချိန်ချိုးမြင့်တက်ခဲ့သည်။ ၎င်းတို့အနက် ဈေးကွက်က အမေရိကန်ဘဏ္ဍာငွေချေးစာချုပ် တဖြည်းဖြည်းရောင်းချမှုကြောင့် ကန်ဒေါ်လာ အင်အားချိနဲ့မှုကို ပို၍ ဆိုးရွားသွားစေပြီး ရင်းနှီးမြှုပ်နှံမှုအချို့ ရွှေဈေးကွက်သို့ စီးဝင်လာစေကာ ယင်းသည် ရွှေဈေးမြင့်တက်သည့် အဓိကအကြောင်းရင်း ဖြစ်လာခဲ့သည်။
အဆုံးစွန် ဈေးတက်သည့်အခြေအနေကို ဖြတ်သန်းပြီးနောက် ရွှေဈေးသည် အရှိန်ဖြင့် ပြန်လည်ကျဆင်းနိုင်ခြေမှာ တိုးပွားလျက်ရှိကြောင်း သုံးသပ်သူများက သတိပေးထားသည်။
Wall Street အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများက ရွှေ၏ လတ်တလောအလားအလာကို ပို၍ အကောင်းမြင်နေစေကာမူ လက်လီရင်းနှီးမြှုပ်နှံသူများ၏ ဈေးတက်ရန် မျှော်မှန်းမှု လျော့နည်းလာပြီဖြစ်ကြောင်း သတ္တုလုပ်ငန်းမီဒီယာ Kitco သတင်းဝက်ဘ်ဆိုက် ရွှေဈေးကွက်စစ်တမ်းတွင် ဖော်ပြထားသည်။
အန္တရာယ်အလားအလာကို ရှောင်ရှားလိုသော ဝယ်ယူအားနှင့် နည်းပညာအရဝယ်ယူအားများ၏ တွန်းအားကြောင့် NYMEX ၏ Silver Futures ဈေးနှုန်း၊ လန်ဒန် လက်ရှိ ငွေဈေး (Silver Prices) နှစ်ခုလုံးသည် ဇန်နဝါရီ ၂၃ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ပင်ကျိုးမြို့ ပင်းချိန်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက မြင်းနှစ်အထိမ်းအမှတ် ရွှေထည်ပစ္စည်းအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ပင်ကျိုးမြို့ ပင်းချိန်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက မြင်းနှစ်အထိမ်းအမှတ် ရွှေထည်ပစ္စည်းအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
国际金价突破5000美元关口
新华社纽约1月25日电(记者徐静)美国纽约商品交易所交投最活跃的2月黄金期货价格25日傍晚在电子盘交易中突破每盎司5000美元的历史性关口。伦敦现货黄金价格当天也突破了这一重要关口。
分析人士指出,美国对格陵兰岛的野心,以及美国政府向美联储施压引发市场持续动荡,导致投资者避险情绪高涨,为黄金近期价格上涨提供支撑。过去两年,美元疲软、各国央行对黄金需求旺盛、全球通胀水平走高等多重因素使金价屡创新高。其中,市场逐渐抛售美国国债加剧美元走弱趋势,导致部分资金流入黄金市场,成为金价上涨的重要因素。
分析人士警告,经历极端上涨行情后,黄金市场急剧回调的可能性正在增加。金属行业媒体金拓新闻网站近期开展的黄金市场调查显示,尽管华尔街机构投资者对黄金近期前景较为乐观,但散户投资者的看涨倾向已经减弱。
受持续避险需求及技术性买盘推动,纽约商品交易所白银期货价格、伦敦白银现货价格23日双双突破每盎司100美元关口。(完)
1. 1月16日,在贵州省黔东南苗族侗族自治州从江县一家黄金店,店员在展示生肖马主题的黄金饰品。 新华社发(罗京来摄)
2. 1月16日,在山东省滨州市滨城区一家金店,工作人员展示马年主题的黄金饰品。 新华社发(初宝瑞摄)
