Connect with us

International Organizations

ဂျပန်အနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ကာ အမှားများကို ပြင်ဆင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့အလယ်) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇန်နဝါရီ ၂၆ ရက် လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးရာတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသောပြောဆိုချက်များအပေါ် ဂျပန်နိုင်ငံအနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ကာ အမှားများကို ပြင်ဆင်ရန် တိုက်တွန်းခဲ့သည်။
ဖုချုံးက ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းသည် လူသားမျိုးနွယ် ယဉ်ကျေးမှု အခြေခံမျဉ်းကို ကာကွယ်ခဲ့သလို လက်ရှိနိုင်ငံတကာဥပဒေစနစ်ကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀ တွင် အရှေ့ဖျား နိုင်ငံတကာ စစ်ရေးခုံရုံးက ဂျပန်စစ်ရာဇဝတ်သားများကို စစ်ဆေးစီရင်ခဲ့ပြီး နစ်နာခံရသော နိုင်ငံများမှ ပြည်သူများ၏ သွေးများ လက်တွင် စွန်းထင်းနေသော ရာဇဝတ်သားအုပ်စုတစ်စုကို ပြင်းထန်စွာ အပြစ်ပေးကာ နိုင်ငံတကာတရားမျှတမှုကို ထိန်းသိမ်းခဲ့သလို လူသားမျိုးနွယ်ဂုဏ်သိက္ခာကို ကာကွယ်ခဲ့ကြောင်း၊ ထို့အပြင် စစ်ဝါဒကို ပြန်လည်ရှင်သန်စေရန်၊ ကျူးကျော်မှုနှင့် နယ်မြေချဲ့ထွင် ထပ်မံပြုလုပ်ရန် မည်သည့်တရားမဝင်ကြိုးပမ်းမှုများအပေါ်မဆို ပြင်းထန်စွာ သတိပေးခဲ့ကြောင်းပြောကြားခဲ့သည်။ သို့သော် မကြာသေးမီက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် သမိုင်းရေစီးကြောင်းကို ဆန့်ကျင်ကာ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် ဂျပန်၏ “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ကို ပြောင်ပြောင်တင်းတင်း ဆက်စပ်ခဲ့ပြီး ထိုင်ဝမ်အရေးတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ခြေရှိသည်ဟု မှားယွင်းသော သတင်းစကားကို ပါးခဲ့သည့်အပြင် ၎င်း၏မှားယွင်းသော မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆိုခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ထိုင်ဝမ်ပြန်လည်ရောက်ရှိခြင်းက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်မြင်ခြင်း ရလဒ်ဖြစ်သလို ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ စည်းစနစ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ရာ ဤသံမဏိပမာခိုင်မာသော အမှန်တရားသည် သမိုင်း၊ နိုင်ငံရေး၊ ဥပဒေအထောက်အထားများတွင် မြဲမြံစွာ ခတ်နှိပ်ထားကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ တာကာအိချိ၏ မှားယွင်းသော အယူအဆများသည် တရုတ်နိုင်ငံ ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ခဲ့ပြီး စစ်ရှုံးနိုင်ငံအနေဖြင့် ဂျပန်သည် မဖြစ်မနေ လိုက်နာထမ်းဆောင်ရမည့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို စွန့်လွှတ်ခဲ့ရာ ယင်းက နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူများကို အရင်းခံသော နိုင်ငံတကာဆက်ဆံရေး အခြေခံလမ်းညွှန်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်ဘက်က သမိုင်းကို မှန်ကန်စွာ ရှုမြင်ရန်၊ ပြန်လည်ဆင်ခြင်သုံးသပ်ကာ အမှားများကို ပြင်ဆင်ရန်၊ လက်တွေ့လုပ်ဆောင်မှုများဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား တာဝန်ယူမှုရှိသော ရှင်းလင်းချက်တစ်ခုပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
中国代表在联合国安理会敦促日方反思纠错
新华社联合国1月26日电 中国常驻联合国代表傅聪26日在安理会国际法治公开辩论会上发言,敦促日方就日本首相高市早苗涉台谬论反思纠错。
傅聪说,第二次世界大战胜利捍卫了人类文明底线,也催生了现行国际法体系。80年前,远东国际军事法庭对日本战犯进行审判,严惩了一批双手沾满受害国人民鲜血的罪魁祸首,伸张了国际正义,维护了人类尊严,也对任何复辟军国主义、再行侵略扩张的不法企图作出强力警示。然而,近来日本首相高市早苗逆历史潮流而动,公然将中国台湾与日本“存亡危机事态”相关联,发出了可能武力介入台湾问题的错误信号,并拒不撤回自身错误言论。
傅聪表示,台湾回归中国是世界反法西斯战争的胜利成果,是二战后国际秩序的重要组成部分,这一铁的事实已从历史上、政治上、法理上得到牢牢锁定。高市谬论粗暴干涉中国内政,背弃日本作为战败国必须履行的国际义务,公然挑战以国际法为基础的国际秩序,严重违反以《联合国宪章》宗旨和原则为基础的国际关系基本准则。中方敦促日方正视历史,反思纠错,以实际行动给国际社会一个负责任的交代。(完)
图说:10月23日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在联合国安理会中东问题公开辩论会上发言。新华社记者 张凤国 摄