Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၈ ဦးအထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းခရိုင်၌ ကယ်ဆယ်ရေးဝန်ထမ်းများက မြေပြိုမှုဖြစ်ပွားရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သော သတင်းကြေညာချက်အရ အနောက်ဂျာဗားပြည်နယ် အနောက်ဘန်ဒေါင်းခရိုင်၌ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၈ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အထိ ပူးတွဲကယ်ဆယ်ရေးအဖွဲ့သည် ကပ်ဘေးကြောင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုမှုအဖွဲ့ငယ်ထံသို့ သေဆုံးသူ ရုပ်အလောင်း ၃၈ လောင်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအနက် လူ ၂၀ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီး၍ မိသားစုဝင်များထံ လွှဲပြောင်းပေးပြီးဖြစ်ကာ ကျန်ရှိသူ ၁၈ ဦးကိုမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနေဆဲဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က ရှာဖွေကယ်ဆယ်မှု အတိုင်းအတာတိုးချဲ့ရန်အတွက် ကယ်ဆယ်ရေးအင်အားများက ကပ်ဘေးသင့်ဒေသများသို့ အကြီးစားစက်ပစ္စည်းများကို လုပ်ငန်းဆောင်ရွက်မှုအတွင်းပါဝင်ရန် ထပ်တိုးစေလွှတ်ခဲ့ကြောင်း၊ အချင်းဖြစ်ပွားရာနေရာ၌ ပူးတွဲရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်သော ဝန်ထမ်းဦးရေ ၈၀၀ ခန့်ရှိပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ကပ်ဘေးသင့်ဒေသ နေရာချထားရေးလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ကပ်ဘေးသင့်ပြည်သူများ၏ အခြေခံလူနေမှုဘဝလိုအပ်ချက်ကို အာမခံထားဖြည့်ဆည်းပေးနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (BNPB) က နေရာချထားရေးနေရာတွင် အသင့်စား အစားအစာ၊ ခေါက်ကုတင်၊ ခြုံစောင်၊ အိပ်ရာအခင်းပြားနှင့် သန့်ရှင်းရေးပစ္စည်း စသည်တို့ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ ပေးဝေထားပြီးဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ မိုးရာသီမှာ ပုံမှန်အားဖြင့် နိုဝင်ဘာလမှ နောက်တစ်နှစ် ဧပြီလအထိဖြစ်သည်။ ထိုကာလအတွင်း ရေကြီးရေလျှံမှု၊ မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အလွန် ကပ်ရောဂါများ ဖြစ်ပွားလေ့ရှိသည်။ ရာသီဥတုပြောင်းလဲမှု သက်ရောက်ခြင်းကြောင့် လတ်တလောနှစ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ မိုးရာသီကာလသည် ပိုမိုကြာရှည်လာသလို မိုးသည်းထန်စွာ ရွာသွန်းမှု ပိုမိုပြင်းထန်လာသည့်အပြင် ယင်းကြောင့်ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်သည်လည်း ပိုမိုပြင်းထန်လာပေသည်။ (Xinhua)

——————-
(Chinese Version)
印尼山体滑坡遇难人数升至38人
新华社雅加达1月27日电(记者陶方伟)印度尼西亚国家抗灾署27日上午发布公告说,西爪哇省西万隆县24日凌晨发生的山体滑坡已造成38人遇难。
公告称,截至当地时间26日18时30分,联合搜救队已向灾难遇难者身份鉴定小组转送38具遇难者遗体,其中20人完成身份鉴定并移交家属,剩余18人仍在进行身份确认。
印尼国家抗灾署表示,为扩大搜寻范围,救援力量在灾区增派重型设备参与作业。投入现场的联合搜救人员约800人,正协同开展搜寻和救援行动。
与此同时,灾区安置工作仍在持续推进。为保障受灾群众基本生活需要,印尼国家抗灾署已向安置点发放救援物资,包括即食食品、折叠床、毛毯、睡垫以及清洁用品等。
印尼雨季通常为11月至次年4月,在此期间洪水、山体滑坡等灾害及灾后疾病高发。受气候变化影响,近年来印尼雨季持续时间更长,暴雨更强,引发的灾害也更严重。(完)
图说1:1月24日,在印度尼西亚西爪哇省西万隆县,救援人员在山体滑坡现场搜救。新华社发(塞提安贾尔摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.