Connect with us

International Organizations

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုအား ကာကွယ်ထိန်းသိမ်းရန် ဂူတာရက်စ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ယခုနှစ်အဓိကလုပ်ငန်းအကြောင်းအရာများ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Manuel Elías/UN Photo//Handout via Xinhua)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး တံခါးဖွင့်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအား ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။

ဂူတာရက်စ်က နှစ်ပေါင်း ၈၀ အတွင်း နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကြောင့် တတိယကမ္ဘာစစ်အား ရှောင်တိမ်းနိုင်ခဲ့ပြီး အသေးစားပဋိပက္ခကြောင့် သေဆုံးသူဦးရေကို လျှော့ချနိုင်ခဲ့ကြောင်း၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” နှင့် အခြားသော နိုင်ငံတကာဥပဒေကိရိယာများသည် အားကောင်းသော၊ ကြံ့ကြံ့ခံနိုင်ရည်ရှိသော အစုအဖွဲ့လိုက် လုံခြုံရေးစနစ်ကို တည်ဆောက်ခဲ့ကြောင်း၊ သေးငယ်သောနိုင်ငံနှင့် အားနည်းသောနိုင်ငံများအတွက် နိုင်ငံတကာဥပဒေသည် တန်းတူညီမျှသော ဆက်ဆံမှု၊ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် မှန်ကန်မှု၏ ရှင်သန်မှုလမ်းကြောင်း ပံ့ပိုးပေးကြောင်း၊ အင်အားကြီးနိုင်ငံများအတွက်မူ နိုင်ငံတကာဥပဒေက အငြင်းပွားမှုနှင့် ပဋိပက္ခဖြစ်ပွားချိန်တွင် “အကာအကွယ် အတားအဆီး” ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ “တောရိုင်းသဘာဝစည်းမျဉ်း” သည် တရားဥပဒေစိုးမိုးမှုကို အစားထိုးနေကြောင်း၊ နိုင်ငံတကာဥပဒေသည် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံရပြီး “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” သည် မထီမဲ့မြင် လျစ်လျူရှုခြင်းခံရကြောင်း ဂူတာရက်စ်က သတိပေးပြောကြားခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား ကာကွယ်ရန်၊ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသော ပဋိပက္ခဖြေရှင်းရေးယန္တရားအား အပြည့်အဝ အသုံးချရန်၊ တရားမျှတသော၊ လွတ်လပ်သော နိုင်ငံတကာ တရားစီရင်ရေးလုပ်ငန်းစဉ် အသုံးပြုမှုကို တွန်းအားပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရာတွင် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” က အပ်နှင်းထားသော တစ်မူထူးခြားသည့် ဩဇာလွှမ်းမိုးမှုရှိကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတကာဥပဒေအား ဦးဆောင်လိုက်နာသင့်ကြောင်း ဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
古特雷斯敦促联合国会员国维护国际法治
新华社联合国1月26日电 联合国安理会26日举行国际法治公开辩论会。联合国秘书长古特雷斯在会上强调国际法治的重要性,敦促联合国会员国维护国际法治。
古特雷斯说,80年来,国际法治避免了第三次世界大战、减少了小型冲突造成的死亡人数。《联合国宪章》及其他国际法工具构建了一个强劲、有韧性的集体安全体系。对于小国和弱国,国际法提供了公平对待、主权、尊严和正义的生命线;对于强国,国际法在争端和冲突发生时提供了“护栏”。
古特雷斯警告说,在全球范围,“丛林法则”正在取代法治。国际法被公然侵犯,《联合国宪章》遭无耻漠视。他敦促联合国会员国捍卫《联合国宪章》的宗旨和原则,充分利用宪章载明的冲突解决机制,推进利用公平、独立的国际司法程序。
古特雷斯强调,联合国安理会在维护和平与安全方面具有《联合国宪章》赋予的独特权威,安理会成员应该带头遵守国际法。(完)
图说:1月15日,在位于纽约的联合国总部,联合国秘书长古特雷斯在联大全体会议上通报今年工作重点。新华社发(联合国供图/曼努埃尔·埃利亚斯摄)