Connect with us

Asia

အိန္ဒိယနှင့် ဥရောပသမဂ္ဂ (EU) တို့ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့ကြောင်း မိုဒီ ဆို

၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်က ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်းကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ဧည့်ခံပွဲ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက မေကျန်းကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာသို့ ရောက်လာစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက အိန္ဒိယနှင့် ဥရောပသမဂ္ဂ (EU) တို့သည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာခဲ့သည်။ မိုဒီက ထိုနေ့တွင် ကျင်းပသော ၁၆ ကြိမ်မြောက် အိန္ဒိယ- EU ထိပ်သီးအစည်းအဝေးတွင် ဤသတင်းကို ကြေညာခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အိန္ဒိယ- EU လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ဇန်နဝါရီ ၂၆ ရက်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဤလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်သည် ဈေးကွက်ဝင်ရောက်ခွင့် တိုးတက်ကောင်းမွန်စေရန်၊ ကုန်သွယ်ရေးအတားအဆီးများကို လျှော့ချရန်နှင့် နှစ်ဖက်မှ ကုမ္ပဏီလုပ်ငန်းများအား ပိုမိုတည်ငြိမ်သော ရေရှည်စီမံကိန်းနှင့် စည်းမျဉ်းများ ပေးအပ်ရန် ရည်ရွယ်သည်။ သဘောတူညီချက်မူဘောင်အောက်တွင် နှစ်ဖက်သည် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် သန့်စင်သောစွမ်းအင်အသွင်ကူးပြောင်းရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ အိန္ဒိယ- EU လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်သည် အမေရိကန်က အိန္ဒိယနှင့် ဥရောပသမဂ္ဂစသည့် စီးပွားရေးအုပ်စုများအပေါ် မြင့်မားသောစည်းကြပ်ခွန်များ ကောက်ခံနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

EU သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဖက်ကုန်စည်ကုန်သွယ်ရေးတန်ဖိုးမှာ ယူရို ၁၂၀ ဘီလီယံအထိရှိပြီး အိန္ဒိယနိုင်ငံ ကုန်သွယ်မှုစုစုပေါင်းတန်ဖိုး၏ ၁၁.၅ ရာခိုင်နှုန်းရှိကြောင်း ဥရောပကော်မရှင်၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
မိုဒီက ဇန်နဝါရီ ၂၇ ရက်နှောင်းပိုင်းတွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်နှင့် သက်ဆိုင်သည့် အသေးစိတ်ကို အတူတကွ ကြေညာခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
莫迪:印度与欧盟达成自贸协定
新华社新德里1月27日电 印度总理莫迪27日说,印度与欧盟达成自由贸易协定。
据印度媒体报道,莫迪在当天举行的第16届印度-欧盟峰会上宣布了这一消息。他说,双方已于26日签署了印度-欧盟自由贸易协定。
这项自贸协定旨在改善市场准入,减少贸易壁垒,并为双方企业提供更稳定的长期规划和规则。在协定框架下,双方将在贸易、安全和清洁能源转型等领域开展合作。美联社报道,印欧自贸协定的达成正值美国对印度、欧盟等经济体征收高关税之际。
据欧盟委员会数据,欧盟是印度最大贸易伙伴,2024年双边货物贸易额达1200亿欧元,占印度贸易总额的11.5%。
路透社报道,莫迪定于27日晚些时候同欧盟委员会主席冯德莱恩举行会晤,共同宣布协定相关细节。(完)
图说:8月31日晚,国家主席习近平和夫人彭丽媛在天津梅江会展中心举行宴会,欢迎来华出席2025年上海合作组织峰会的国际贵宾。这是印度总理莫迪步入梅江会展中心。 新华社记者 丁海涛 摄