North America
တောင်ကိုရီးယားအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ထရမ့် ကြေညာ
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား လွှတ်တော်က အမေရိကန်-တောင်ကိုရီးယား ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုထိတိုင် အတည်မပြုရသေးခြင်းကို အကြောင်းပြု၍ အမေရိကန်သို့ တင်သွင်းလာသော တောင်ကိုရီးယား မော်တော်ကား၊ သစ်သား၊ ဆေးဝါးစည်းကြပ်ခွန်များနှင့် အခြားသော “အလားတူစည်းကြပ်ခွန်” များဟု ဆိုသည့်အပေါ် အခွန်နှုန်းထားများကို ၁၅ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဟု ကြေညာခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ထရမ့်က ၎င်းနှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် လွန်ခဲ့သည့်နှစ် ဇူလိုင် ၃၀ ရက်က ကုန်သွယ်ရေးသဘောတူညီချက်မူဘောင် ရရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်တွင် တောင်ကိုရီးယားသို့ ၎င်း နိုင်ငံတော်ခရီးစဉ်သွားရောက်ချိန်တွင် ကုန်သွယ်ရေးသဘောတူညီချက်အကြောင်းအရာများကို ထမ်မံအတည်ပြုခဲ့ကြောင်း၊ အမေရိကန်သည် သဘောတူညီချက်နှင့်အညီ စည်းကြပ်ခွန်များကို လျင်မြန်စွာ လျှော့ချခဲ့ပြီး ၎င်း၏ကုန်သွယ်ရေးမိတ်ဖက်များလည်း အလားတူလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ သို့သော် တောင်ကိုရီးယားလွှတ်တော်သည် ယနေ့ထိတိုင် ဤကုန်သွယ်ရေးသဘောတူညီချက်ကို အတည်မပြုရသေးကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သို့ တင်ပို့သော တောင်ကိုရီးယားကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်တိုးမြှင့်မည်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပိုမိုများပြားသော အချက်အလက်များကို ထရမ့်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ သတင်းဖော်ပြသည့် အချိန်ထိတိုင် အိမ်ဖြူတော်ဘက်က သတင်းတရားဝင် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
အမေရိကန်နှင့် တောင်ကိုရီးယားတို့ ကုန်သွယ်ရေးသဘောတူညီချက်မူဘောင် ရရှိခဲ့ပြီးနောက် တောင်ကိုရီးယားပြည်တွင်းတွင် သံသယများနှင့် ကန့်ကွက်အသံများ ထွက်ပေါ်လာပြီး တောင်ကိုရီးယား-အမေရိကန် နှစ်ဖက်က အသေးစိတ် ဖော်ဆောင်မည့်အစီအစဉ်တွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
သဘောတူညီချက်မူဘောင်အပေါ် အမေရိကန်၏ မိတ်ဆက်ပြောကြားမှုအရ အမေရိကန်သို့ တင်ပို့သော တောင်ကိုရီးယားကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း အသုံးပြုရန် သင့်လျော်ပြီး တောင်ကိုရီးယားရှိ အမေရိကန်ကုန်ပစ္စည်းများမှာမူ စည်းကြပ်ခွန်ကောက်ခံခြင်း ခံရမည်မဟုတ်ကြောင်း သိရသည်။ တောင်ကိုရီးယားက အမေရိကန်ထံတွင် ကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် အမေရိကန်ထံမှ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ တန်ဖိုးရှိသည့် သဘာဝဓာတ်ငွေ့ရည် (LNG) သို့မဟုတ် အခြားစွမ်းအင်ထုတ်ကုန်များကို ဝယ်ယူသွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားက အမေရိကန်အပေါ် ကုန်သွယ်ရေးကို အပြည့်အဝတံခါးဖွင့်ပေး၍ အမေရိကန် မော်တော်ယာဉ်နှင့် စိုက်ပျိုးရေးထုတ်ကုန် စသည်တို့ကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပထမ ၁၀ လတွင် အမေရိကန်သို့ တောင်ကိုရီးယားကုန်ပစ္စည်းတန်ဖိုး ကန်ဒေါ်လာ ၁၀၄.၆၅၇ ဘီလီယံတင်သွင်းခဲ့ပြီး တောင်ကိုရီးယားသို့ တင်ပို့သော ကုန်ပစ္စည်းတန်ဖိုးမှာ ကန်ဒေါ်လာ ၅၇.၄၆၇ ဘီလီယံရှိကြောင်း အမေရိကန် တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)
……………………….
(Chinese Version)
特朗普宣布对韩国加征关税
新华社纽约1月26日电(记者刘亚南)美国总统特朗普26日下午在社交媒体发文,以韩国国会仍未批准美韩贸易协议为由,宣布将韩国输美汽车、木材、药品关税以及其他所谓“对等关税”的税率从15%提高至25%。
特朗普说,他与韩国总统李在明去年7月30日达成贸易协议框架,并在他10月29日访问韩国时再次确认贸易协议的条款。美方已按照协议迅速下调关税,并预期贸易伙伴也这样做。但韩国国会迄今未批准这一贸易协议。
特朗普没有披露提高韩国输美产品关税的更多信息。截至记者发稿时,白宫尚未发布正式消息。
美国与韩国达成贸易协议框架后,韩国国内出现质疑和反对声,韩美双方在具体执行方案上一度陷入分歧。
按照美方对协议框架的介绍,韩国输美产品将适用15%的关税税率,美国产品在韩国则不会被征收关税。韩国将向美国投资3500亿美元,同时还将从美国采购价值1000亿美元的液化天然气或其他能源产品。韩国将对美国全面开放贸易并接受美国汽车和农产品等。
美国官方数据显示,美国2025年前10个月从韩国进口1046.57亿美元商品,对韩国出口商品价值为574.67亿美元。(完)
图说:8月25日,美国总统特朗普(左二)在华盛顿白宫欢迎韩国总统李在明(左三)。新华社记者 胡友松 摄
