Connect with us

Asia

ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက် ထုတ်ပြန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများတရားဝင် စတင်

ဂျပန်နိုင်ငံ တိုကျိုမြို့ Akihabara ဘူတာအနီး လမ်းပေါ်ဟောပြောပွဲလှုပ်ရှားမှု၌ ပါဝင်ပြောကြားနေသော ဂျပန်ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိ (ရှေ့တန်း၊ ယာဘက်)၊ ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) အကြီးအကဲ Hirofumi Yoshimura (ရှေ့တန်း၊ ဝဲဘက်) တို့အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ၅၁ ကြိမ်မြောက် အောက်လွှတ်တော်ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဆန္ဒမဲထည့်ခြင်းနှင့် မဲရေတွက်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ၁၂ ရက်ကြာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများတရားဝင် စတင်ခဲ့သည်။ ယခုအကြိမ် ရွေးကောက်ပွဲသည် လွှတ်တော်အမတ်နေရာ ၄၆၅ ခုအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းအနက် အသေးစားမဲဆန္ဒနယ်များမှ အမတ်နေရာ ၂၈၉ ခု၊ အချိုးကျ ကိုယ်စားပြုမှု မဲဆန္ဒနယ်မှ အမတ်နေရာ ၁၇၆ ခု ပါဝင်သည်။ ဇန်နဝါရီ ၂၆ ရက်အထိ ပါဝင်ယှဉ်ပြိုင်ရွေးကောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည့် ကိုယ်စားလှယ်လောင်း ၁,၂၀၀ ကျော်ရှိသည်ဟု ဂျပန်နိုင်ငံအသံလွှင့်ဌာန NHK က ဆိုခဲ့သည်။(Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ Akihabara ဘူတာအနီးတွင် ဂျပန်ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိ၊ ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) အကြီးအကဲ Hirofumi Yoshimura တို့၏ လမ်းပေါ် ဟောပြောပွဲလှုပ်ရှားမှုအား မီဒီယာများရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
日本众议院选举公告发布 选战正式拉开序幕
新华社照片,东京,2026年1月27日
日本第51届众议院选举27日发布公告,投票和计票将于2月8日举行,为期12天的选战正式拉开帷幕。此次选举将围绕465个议席展开角逐,其中包括289个小选举区议席和176个比例代表选区议席。日本广播协会说,截至26日,已有1200余人表达参选意向。
图说1:1月27日,日本首相、自民党总裁高市早苗(前右)、维新会党首吉村洋文(前左)在东京秋叶原车站附近出席街头演讲活动。新华社记者 贾浩成 摄
图说2:1月27日,在日本东京秋叶原车站附近,媒体拍摄日本首相、自民党总裁高市早苗的街头演讲活动。 新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.