Connect with us

Africa & Middle East

ဂါဇာတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး ဖော်ဆောင်မှု မပြီးမြောက်မီ ပြန်လည်တည်ဆောက်ရေးကို ခွင့်ပြုမည်မဟုတ်ဟု နေတန်ယာဟု ဆို

ကြေညာချက် ထုတ်ပြန်ပြောကြားနေသည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအား ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ကြောင်း အမေရိကန်၏ ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇန်နဝါရီ ၂၇ ရက်တွင် ရုပ်သံဗီဒီယိုဖြင့် ကြေညာချက် ထုတ်ပြန်၍ အစ္စရေးက ဂါဇာဒေသတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး ဖော်ဆောင်မှု ပြီးမြောက်ရန် အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းမတိုင်မီ ဂါဇာကို ပြန်လည်တည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ၏ လက်နက်နှင့် မြေအောက်လမ်းကြောင်းကို ရှင်းလင်းရန် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်အင်အား ဖယ်ရှားရေး တစိုက်မတ်မတ် လုပ်ဆောင်လျက် ဂါဇာတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
ဂါဇာတွင် စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး ဖော်ဆောင်မှု မပြီးမြောက်မီ ပြန်လည်တည်ဆောက်ရေးကို မြှင့်တင်ဆောင်ရွက်မည်နှင့် ပတ်သက်၍ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် နေတန်ယာဟုက ဤသို့သောအခြေအနေ “ဖြစ်လာမှာမဟုတ်ပါဘူး” ဟုဆိုခဲ့သည်။ အစ္စရေးက တူကီယဲနှင့် ကာတာတို့အား ဂါဇာနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွင် ပါဝင်ခွင့်ပြုခဲ့သည်ဟူသော ကောလာဟလများကိုလည်း ၎င်းက “အဲဒါလည်း ဖြစ်လာမှာမဟုတ်ဘူး” ဟု တစ်ချိန်တည်း ငြင်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတွင် “ပါလက်စတိုင်းနိုင်ငံ” ထူထောင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဆိုခဲ့သည်။ အစ္စရေးအနေဖြင့် ပါလက်စတိုင်းက နိုင်ငံထူထောင်မည်ကို ကန့်ကွက်ကြောင်း၊ အစ္စရေးအနေဖြင့် “ဂျော်ဒန်မြစ်ကနေ မြေထဲပင်လယ်အထိ ကြားမှာရှိတဲ့ ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးထိန်းချုပ်မှုကို” ဆက်လက်ထိန်းသိမ်းထားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် အီရန်အခြေအနေနှင့် စပ်လျဉ်း၍ နေတန်ယာဟုက ၎င်း၏ ယခင်က အီရန်အပေါ် သတိပေးချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ အကယ်၍ အီရန်က အစ္စရေးကို တိုက်ခိုက်ပါက အစ္စရေးအနေဖြင့် “ပြင်းထန်စွာ တုံ့ပြန်” သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခ အဆုံးသတ်ရေး “အချက် ၂၀ ပါ အစီအစဉ်” ဒုတိယအဆင့်ကို စတင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးမှ စစ်ရေးလှုပ်ရှားမှု ကင်းစင်ရေး၊ နည်းပညာဆိုင်ရာ ဗျူရိုကရေစီ စီမံခန့်ခွဲရေးနှင့် ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေးသို့ ပြောင်းလဲကြောင်း အမေရိကန်သမ္မတ ထရမ့်၏ အထူးသံတမန် Steve Witkoff က ထရမ့် ကိုယ်စား ကြေညာသည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

ဂါဇာစီးတီးတစ်နေရာရှိ ဈေးတွင် လူသွားလူလာများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
内塔尼亚胡:加沙非军事化前 不会允许重建
新华社耶路撒冷1月27日电(记者王卓伦 庞昕熠)以色列总理内塔尼亚胡27日晚间发表视频声明,就美国宣布启动加沙地带停火第二阶段相关议题作回应,强调以色列将致力于完成加沙非军事化,在此之前,不会允许加沙重建。
内塔尼亚胡表示,现阶段,以方专注于解除巴勒斯坦伊斯兰抵抗运动(哈马斯)武装,以及清除加沙地带的武器和地道,实现加沙非军事化。
针对有关在加沙地带实现非军事化之前推进重建的说法,内塔尼亚胡明确表示,这种情况“不会发生”。他同时否认关于以方允许土耳其和卡塔尔参与加沙国际稳定部队的传言,称“这同样不会发生”。
内塔尼亚胡同时声称,“不会允许”在加沙地带建立巴勒斯坦国。他表示,以方反对巴勒斯坦建国,以色列将继续对“从约旦河到地中海之间的整个地区保持安全控制”。
此外,针对伊朗局势,内塔尼亚胡重申此前对伊朗的警告。他表示,如果伊朗攻击以色列,以色列将“予以严厉回应”。
美国总统特朗普的特使威特科夫14日在社交媒体发文,代表特朗普宣布启动结束加沙冲突“20点计划”第二阶段,从停火转向加沙地带非军事化、技术官僚治理和重建。威特科夫说,第二阶段将建立一个过渡性的巴勒斯坦技术官僚委员会管理加沙,并开始在加沙展开“全面非军事化”和重建,主要是解除“所有未经授权人员”的武装。(完)
图说 1:这张视频截图显示,2025年6月13日,以色列总理内塔尼亚胡发表声明。新华社发
图说2:这是1月15日在加沙城一处集市拍摄的往来人群。新华社发(里泽克·阿卜杜勒贾瓦德摄)